ကွီးတို့ရေ…အနေအထိုင် မတတ်ရင် ညစာငတ်မယ်ဆိုတာ တကယ်နော်။ မယုံမရှိနဲ့။ ကိုယ့်ရဲ့ ညစာ မငတ်ဖို့အရေး အခြေအနေ အချိန်အခါကို ကြည့်ပြီး လှုပ်ရှားတတ်ဖို့ လိုအပ်ပါတယ်။ ခြေလှမ်းတစ်ချက် မှားသွားတာနဲ့ ကွီးတို့ရဲ့ ညစာကတော့ ကွီးတို့ကို နှုတ်ဆက်သွားပါလိမ့်မယ်။

ဒါ့ကြောင့် ညစာ မငတ်ဖို့အရေး အခုဖော်ပြမယ့် အချက်များနဲ့ အခြေအနေ အချိန်အခါကို ကြည့်ပြီး လှုပ်ရှားဖို့ လိုအပ်ပါတယ်။

သူ(မ) ပုံက ပင်ပန်းနွမ်းနယ်ပုံ ပေါက်နေပါသလား

ပင်ပန်း

သူ(မ) ပုံစံကို အကဲခတ် လေ့လာကြည့်ပါ။ သူ့ပုံစံက ပင်ပန်းနွမ်းနယ်ပြီး အလုပ်ကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေရပါသလား။ ဒါဆိုရင်တော့ သူ(မ)ကို အတင်းကြီး ဖိအားမပေးဘဲနဲ့ သူ(မ) စိတ်သက်သာရာရအောင် နှစ်သိမ့်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်က အတင်းကြီး ဖိအားပေးတဲ့အခါ သူ(မ)အတွက် စိတ်ပိုညစ်ရမှာဖြစ်ပြီး ကြာလာရင် နှစ်ပါးသွားကဖို့ကို သူ(မ)ဘက်က တာဝန်ကြီးတစ်ခုလို ခံစားရလာပါလိမ့်မယ်။

စကားပြောရင် ဘုနဲ့ဘောက် ပြောနေပါသလား

ညစာ အခြေအနေ

သူ(မ)ဘက်က စိတ်ပါလား၊ မပါဘူးလားဆိုတာကို ကိုယ့်ဘက်က စကားစကြည့်လိုက်ပါ။ သူ(မ)ဘက်က ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက် ပြောနေရင်တော့ သေချာပါတယ်။ စလုံးရေ မစလိုက်ပါနဲ့။ သူ့ဘက်က ညစာ စားဖို့ ဝေးလာဝေး၊ ကိုယ့်ကိုတောင် အလိုက်မသိရ ကောင်းလားဆိုပြီး ဖုသွားပါလိမ့်မယ်။

ကွီးတို့နဲ့ ခပ်ဝေးဝေးမှာ နေနေတာလား

ညစာ အခြေအနေ

ကွီးတို့က သူ(မ)နားကို ကပ်သွားလိုက်၊ သူ(မ)က ကွီးတို့ အနားကနေ ခွာသွားလိုက်ဖြင့် ခပ်ဝေးဝေး နေနေတာလား။ ဒါကတော့ ရာသီဥတု ပူတာကြောင့် ပူးပူးကပ်ကပ် မနေချင်တာလည်း ဖြစ်နိုင်သလို၊ သူ(မ)ဘက်က စိတ်မပါလို့လည်း ဖြစ်နိုင်ပါတယ်။ ရာသီဥတု ပူအိုက်ချိန်မှာတော့ ကွီးတို့ရဲ့ ပါတနာ မပြောနဲ့ ကွီးတို့ ကိုယ်တိုင်လည်း စိတ်ပါမှာ မဟုတ်ပါဘူး။ ချွေးတလုံးလုံးနဲ့ နှစ်ပါးသွားကပြီး ကြည်နူးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးမဟုတ်လား။

သူ(မ)က ကွီးတို့ရင်ခွင်ထဲဝင်ပြီး ကြောင်လေးတစ်ကောင်လို ပွတ်သီးပွတ်သပ်နဲ့ ချွဲနွဲ့နေပါသလား

ညစာ အခြေအနေ

သူ(မ)ဘက်က ကွီးဘေးနားကို အရင်ကပ်လာပြီး ကြောင်လေး တစ်ကောင်လို ပွတ်သီးပွတ်သပ်နဲ့ ချွဲနွဲ့နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဂရုစိုက်မှု၊ ယုယထွေးပွေ့မှုကို လိုချင်နေလို့ပဲ ဖြစ်ပါတယ်။ သူ(မ)ရဲ့ အပြုအမူတွေကို ကြည့်ပြီး စိတ်ပါနေတယ်ဆိုရင်တော့ ကွီးအတွက် အခြေအနေကောင်းနေပါပြီ။ ဆက်လက် ရှေ့ဆက်ဖို့ကတော့ ကွီးတို့ တာဝန် ဖြစ်သွားပါပြီ။

သူ(မ)ရဲ့ စကား အသွားအလာကို လေ့လာပါ

ညစာ အခြေအနေ

သူ(မ)က ဘယ်လိုစကားတွေကို ပြောနေသလဲဆိုတာ လေ့လာ အကဲခတ်ကြည့်ပါ။ ပုံမှန်လိုပဲ စကားပြောဆိုနေသလား။ ဒါမှမဟုတ် ဆင်ဆာဖြတ်ရမယ့် ၁၈ နှစ်အထက် စကားတွေကို ပြောနေသလား။ ဒီလိုမျိုး ဆင်ဆာဖြတ်ရမယ့် ၁၈ နှစ်အထက် စကားတွေကို ပြောနေရင်တော့ သေချာပါတယ်။ သူ(မ)ဘက်က စိတ်ပါနေပြီး ကွီးတို့ကို ဇာတ်လမ်းစဖို့ အချက်ပြနေတာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့က သူ(မ) လမ်းခင်းပေးတဲ့အတိုင်းပဲ အလိုက်သင့်လေး လိုက်လုပ်ဆောင်နိုင်ပါပြီ။

ဒါဆိုရင်တော့ ကွီးတို့လည်း ညစာ မငတ်ဖို့အရေး အခြေအနေ အချိန်အခါ ဘယ်လိုကြည့်ရမလဲဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ ကွီးတို့ဆီမှာရော အခြား နည်းလမ်းကောင်းတွေ ရှိနိုင်ဦးမလား။ ရှိရင်လည်း ဘဝတူ ဘော်ဒါတွေအတွက် ဝေမျှခဲ့ပါဦး။

Source: Wikihow

Featuerd Image: Freepik