လိင်မှုဖျော်ဖြေရေး ညစ်ညမ်းရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေရဲ့ လိင်မှုဘဝနဲ့ Real Life ဟာ အများကြီး ကွဲပြားပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေမှာ အကာအကွယ်မပါပဲ လိင်ဆက်ဆံခြင်းကို သာမန်ကိစ္စတစ်ခုလို ပြုမူဆောင်ရွက်နေကြပေမယ့် ကွီးတို့ တကယ့်လက်တွေ့ဘဝမှာ ဒါမျိုးသွားလုပ်ရင် နားကားသွားနိုင်ပါတယ်။ အကာ အကွယ်မဲ့ လိင်ဆက်ဆံမယ်ဆိုရင် ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်သလို လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါတွေရဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေ အထူးသတိထားသင့်တဲ့ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ STDs ရောဂါတွေ အကြောင်း ပြောပြပေးပါမယ်။

(၁) ကလက်မိုင်ဒီးယား (Chlamydia)

chlamydia

Photo : Klinik Near Me

ကလက်မိုင်ဒီးယား (Chlamydia) ရောဂါဟာ မိန်းမကိုယ် ၊ စအို ၊ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းတို့ကနေ ကူးစက်တက်တဲ့ ရောဂါပိုးတစ်ခုပါ။ အထူးသဖြင့် အကာအကွယ်မဲ့ ဆက်ဆံရင် ရောဂါပိုး ကူးစက်နိုင်တဲ့ ရာခိုင်နှုန်းများပါတယ်။ လက်ရှိလူငယ်တွေ ကြားမှာလည်း ကူးစက်ပြန့်ပွားမှုအများဆုံး လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ STDs ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆီးသွားချိန်မှာ နာကျင်ခြင်း ၊ လိင်တံကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေထွက်ခြင်း ၊ ဝှေးစေ့ရောင်ရမ်းခြင်း စတာတွေဟာ ကလက်မိုင်ဒီးယား (Chlamydia) ရဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပြီး အချို့အခြေအနေမှာတော့ လက္ခဏာမပြပဲ ရောဂါပိုးကူးစက် ခံရနိုင်ပါတယ်။

(၂) ဆီးပူညောင်းကျရောဂါ (Gonorrhoea)

gonorrhoea

Photo : New York Post

ဆီးပူညောင်းကျရောဂါ (Gonorrhoea) ဟာ လက္ခဏာမပြပဲ လူတစ်ဦးကနေ တစ်ဦးဆီသို့ ကူးစက်ပြန့်ပွားတက်တဲ့ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတစ်ခု ဖြစ်ပါတယ်။ ကွီးတို့ အမျိုးသားတွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရပါတယ်။ ဒါကြောင့် အထူးသတိထားသင့်တဲ့ STDs တစ်ခုပါ။ ဆီးပူညောင်းကျရောဂါ (Gonorrhoea) ရဲ့ လက္ခဏာတွေကတော့ ဆီးသွားစဉ်မှာ ပူစပ်ပူလောင် ခံစားရခြင်း ၊ လိင်တံကနေ အဝါရောင် သို့မဟုတ် မီးခိုးရောင် အရည်တွေ ထွက်ခြင်း ၊ ဝှေးစေ့ ရောင်ရမ်းခြင်း / နာကျင်ခြင်း ၊ လိင်အင်္ဂါတဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အဖုအထစ်တွေ ထွက်ပေါ်ခြင်း စတာတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

(၃) ရေယုန် (Herpes)

herpes

Photo : Medical Independent

ပါးစပ်နဲ့ လိင်အင်္ဂါ ၂ ခုလုံးမှာ ဖြစ်ပွားတက်တဲ့ ရေယုန်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေ တိုက်ရိုက်ကူးစက် ပြန့်ပွားနိုင်တဲ့ STDs ရောဂါ တစ်ခုပါ။ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကနေတဆင့် ကူးစက်တဲ့ ရေယုန်ရောဂါဟာ များသောအားဖြင့်တော့ ရောဂါလက္ခဏာ မပြပါဘူး။ သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ နှုတ်ခမ်းနဲ့ လိင်အင်္ဂါတဝိုက်မှာ အရည်ကြည်ဖု ပုံသဏ္ဌာန်အကွက်အကွက်တွေကိုတော့ မြင်ရတက်ပါတယ်။ ဒါကို တော်တော်များများက ဝက်ခြံမဟုတ်တဲ့ အခြားသော အရေပြားပြဿနာ တစ်စုံတစ်ခုနဲ့ မှားတက်ကြပါတယ်။ အမျိုးသားတွေမှာတော့ စအို ၊ တင်ပါး ၊ ဆီးလမ်းကြောင်း အတွင်းပိုင်း ၊ ပေါင်အတွင်းပိုင်း ၊ ကပ်ပယ်အိတ် ၊ လိင်တံ ၊ ပါးစပ်နဲ့ နှုတ်ခမ်းတဝိုက်တို့မှာ အများဆုံး ရေယုန်ပေါက်ပွားလေ့ ရှိပါတယ်။

(၄) ဆစ်ဖလစ်ရောဂါ (Syphilis)

Syphilis
Photo : Cancer Therapy Advisor

ဆစ်ဖလစ်ရောဂါ (Syphilis) ကို ကာလသားရောဂါလို့လည်း ခေါ်ကြပါတယ်။ လိင်မှတစ်ဆင့် အများဆုံး ကူးစက်ပြန့်ပွားတက်တဲ့ ရောဂါတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းကနေတဆင့် ဖြစ်တည်တဲ့ ရောဂါပါ။ ဆစ်ဖလစ်ရောဂါ (Syphilis) မှာ ရောဂါဖွံ့ဖြိုးမှုအဆင့် ၄ ဆင့် ရှိပါတယ်။ လက္ခဏာတွေအနေနဲ့ ရောဂါပထမအဆင့်မှာ နာကျင်မှုမရှိတဲ့ အနာတွေ ဖြစ်ပေါ်တက်ပြီး ဒုတိယအဆင့်မှာတော့ အနာတွေပိုပြီး ပွားလာတက်ပါတယ်။ ရောဂါဒုတိယအဆင့်မှာပဲ ခန္ဓာကိုယ်အနှံ့ ယားယံခြင်းမရှိတဲ့ အဖုအပိန့်တွေ ထွက်တာ ၊ လည်ချောင်းနာတာ ၊ ခေါင်းကိုက်တာနဲ့ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ စတာတွေကို ခံစားရနိုင်ပါတယ်။ ကွီးတို့ ကနဦးရောဂါအဆင့်တွေမှာ မကုသပဲထားပါက ရောဂါတတိယအဆင့်နဲ့ စတုတ္ထအဆင့်တွေမှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာအချို့ကို ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ နှလုံးပျက်စီးခြင်း ၊ အာရုံကြောစနစ် သို့မဟုတ် ဦးနှောက်ပျက်စီးခြင်းနဲ့ အဆစ်အမြစ်တွေ နာကျင်ခြင်းတို့လို ပြင်းထန်တဲ့ ရောဂါဝေဒနာတွေ ခံစားရတက်ပါတယ်။

Source : Elyon Clinic

Featured Photo : Addiction Recovery Institute of America