အရွယ်ရောက်ပြီးသူတိုင်း လိင်မှုကိစ္စနဲ့ မစိမ်းကြပါဘူး။ လိပိုင်းဆိုင်ရာ လှုပ်ရှားမှုဆိုတာ တစ်ယောက်နဲ့ တစ်ယောက် စိတ်လှုပ်ရှားသာယာမှုကို ပေးစွမ်းနိုင်တဲ့ လူ့သဘာဝပဲ ဖြစ်ပါတယ်။ သို့သော်လည်း သဘာဝဆိုပြီး ထင်တိုင်းကျဲလို့တော့ မရပါဘူး။ လိင်ဆက်ဆံမှုမှာလည်း သိထားရမဲ့ အချက်တွေ၊ လိုက်နာပြီး ဂရုပြုရမယ့် အချက်‌လေးတွေရှိပါတယ်။ ထိုအထဲမှာ အရေးကြီးတာတော့ ကွီးတို့အနေနဲ့ လိင်ဆက်ဆံတိုင်း အကာအကွယ် ကွန်ဒုံးသုံးဖို့ပါပဲ။ ကွန်ဒုံးအသုံးပြုခြင်း ဖြင့် မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတဆင့် ကူးစက်နိုင်တဲ့ (STDs) ရောဂါများကို ကာကွယ်နိုင်ပါတယ်။ ညိုကီတို့ က အကာအကွယ်လည်း သေချာသုံးတယ် လိင်မှုဆိုင်ရာ ကျန်းမာရေး အထိုက်‌အလျောက် သိထားသော်လည်းပဲ ကိုယ် ထင်ထားသလို မဟုတ်ပဲ မမျှော်လင့်တဲ့ အခြေအနေတွေ ကြုံတွေ့ရနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကတော့ လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲခြင်းပါပဲ။

ညိုကီတို့ ထင်ထားသလို

Photo :  Health

ဒီလို လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲခြင်း လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ဆက်စပ်သော အန္တရာယ် အနည်းငယ် ရှိပါတယ်။ သို့သော်လည်း အရမ်းကြီးထိတ်လန့်မနေဘဲ ထိုအန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာနေစေဖို့ လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီနေ့မှာတော့ ထိုအချက်လေးတွေ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကွန်ဒုံးပေါက်ပြဲပြီလို့ သတိပြုမိမိချင်း လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှန်သမျှကို ရပ်လိုက်ပါ။ ပြီးလျှင် မိန်းမကိုယ်၊ လိင်တံ သို့မဟုတ် စအိုမှ အရည်များကို ဖယ်ရှားရန်အတွက် ဆီးသွားလိုက်ပါ။ ဆီးသွားလိုက်ခြင်းက သက်တောင့်သက်သာ ဖြစ်စေပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) ကိုဖြစ်စေနိုင်သော ဘက်တီးရီးယားများကို ဖယ်ရှားရာတွင် ကူညီပေးနိုင်ပါတယ်။

၇၂ နာရီအတွင်း အရေးပေါ်သန္ဓေတားဆေးသောက်ပါ။ လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲရင် ကိုယ်ဝန်ရနိုင်ခြေ မြင့်မားပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံပြီး ၇၂ နာရီကြာတဲ့အတွင်း The ECP (emergency contraceptive pill) လို့ခေါ်တဲ့ အရေးပေါ် သန္ဓေတားဆေးကို သောက်သုံးသင့်ပါတယ်။

လိင်ကတဆင့်ကူးစက်ရောဂါများ (STIs) အတွက် စမ်းသပ်ပါ

ညိုကီတို့ ထင်ထားသလို

Photo : HearthKart

ညိုကီတို့ရေ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားရင် အကာအကွယ်မဲ့ လိင်ဆက်ဆံသလိုပဲ အန္တရာယ်များပါတယ်။ အထူးသဖြင့် လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေများပါတယ်။ ဒါ့ကြောင့် ထိုရောဂါများ ရှိမရှိကို စမ်းသပ်ကြည့်တာ ကွီးတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးပါပဲ။ စောစီးစွာ စစ်ဆေးခြင်းဖြင့် HIV ကဲ့သို့သော လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါအန္တရာယ် လျှော့ချပြီးသား ဖြစ်စေပါတယ်။

ကွန်ဒုံးကို သေချာစစ်ဆေးပါ

Photo : Times of India

လိင်ဆက်ဆံစဉ်အတွင်း ကွန်ဒုံးပေါက်ပြဲတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွန်ဒုံးအသုံးပြုတဲ့ နေရာမှာ သတ်တမ်းကုန်ဆုံးနေခြင်း၊ ကွန်ဒုံးများ ပေါက်ပြဲနေခြင်း ရှိမရှိ သေချာ စစ်ဆေးပါ။ အကယ်၍ စေးကပ်နေသော သို့မဟုတ် အ‌ရောင်ပြယ်နေသော အထုပ်ထဲမှ ကွန်ဒုံးကို လုံးဝအသုံးမပြုပါနဲ့။ အရည်အသွေးပြည့်မှီသော ကွန်ဒုံးများကို အသုံးပြုပါ။ ကွန်ဒုံးနှစ်ထပ် စွပ်ခြင်းကိုလည်း ရှောင်ပါ။ မှန်ကန်သော Size ကို အသုံးပြုပါ။ ထို့နောက် ကွန်ဒုံးကို ဖောက်တဲ့နေရာမှာ၊ ကိုင်တွယ်တဲ့နေရာမှာ ချွန်ထက်သောအရာများ လက်သည်းများနဲ့ မထိမိစေရန် သတိပြုပါ။

တစ်ခါတစ်ရံမှာ ညိုကီတို့ ထင်ထားသလို ဖြစ်မလာတာမျိုး ရှိနိုင်ပေမယ့် ကြိုတင်ကာကွယ်မှုများနဲ့ ပြုလုပ်သင့်သည်များကို စနစ်တကျ ပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများကို အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

Source : University of Colorado, Healthline

Featured Photo : Bustle