ငယ်ရွယ်နုပျို ခြင်းတွေကို ကျွန်တော်တို့ အားလုံးနှစ်သက်ကြမယ် ထင်ပါတယ်။ တကယ်တော့ မိန်းကလေးတွေမှ မဟုတ်ပါဘူး ယောကျာ်းလေးတွေတောင်မှ အရွယ်တင်တယ် ၊ နုတယ်ပြောခံရတာကို ကောင်းကောင်းကြီး သဘောတွေ့ကြတာပါ။ အသက်အရွယ်တစ်ခု ရောက်လာချိန်မှာ အိုမင်းရင့်ရော်မှု လက္ခဏာတွေကို အထိုက်အလျောက် ကြုံတွေ့လာရတာ ဓမ္မတာဆိုပေမယ့်လည်း ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို တက်နိုင်သမျှ နုပျိုအောင် ထိန်းသိမ်းလို့ ရနိုင်ပါတယ်။ ကွီးတို့က ကိုယ့်ထက်ငယ်တဲ့ ကောင်မလေးတွေကို သဘောကျတဲ့ ညီမလေး Team က ကွီးတွေဆိုရင်တော့ ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်ကို ပိုလိုတောင် ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အသက်ထက် ရုပ်ပိုနုဖို့ ကွီးတို့သိထားရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဆံပင်စတိုင်ကို သေချာဂရုစိုက်ပါ

handsome young bearded guy sitting in an armchair in a beauty salon and the girl near him cuts his hair

Photo : Changing Room Salons

အမျိုးသား တစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို အကြီးမားဆုံး ပြောင်းလဲစေတာ ဆံပင်စတိုင်ပါ။ ကွီးတို့အနေနဲ့ ရှိရင်းစွဲအသက်ထက် ပိုပြီးငယ်ရွယ်နုပျို တဲ့ပုံပေါက်ချင်တယ်ဆိုရင် ဆံပင်စတိုင်ကို အမြဲတမ်း သပ်သပ်ရပ်ရပ် ပုံသွင်းထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို သေချာလေး ရွေးချယ်ထားပြီး သပ်ရပ်စွာ ပုံသွင်းဖြီးလိမ်းထားဖို့ အကြံပေးချင်ပါတယ်။

(၂) အမွှေးအမျှင်တွေ ရိတ်ပါ/တိပါ

man Beard Styling
Photo : Cremo Company

မုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေးတွေက ကွီးတို့ကို ရုပ်ရင့်စေပါတယ်။ အမျိုးသားတစ်ယောက်က မုတ်ဆိတ် ၊ နှုတ်မွှေးနဲ့မှ တည်ကြည်ခန့်ညား ယောကျာ်းပီသတဲ့ ပုံပေါက်စေတာလို့ ထင်ကြပေမယ့် လိုက်ဖက်တဲ့သူရှိသလို မလိုက်တဲ့သူတွေလည်း ရှိပါတယ်။ အကယ်၍ ထားချင်သပဆိုရင်တောင် သေချာပုံသွင်းတာ ၊ အမွှေးအမျှင်တွေကို တိတာ ၊ ညှပ်တာမျိုး လုပ်ပေးဖို့ လိုပါတယ်။

(၃) မျက်နှာအသားအရေ ထိန်းသိမ်းပါ

man skincare
Photo : Sparrow MD

အဆင့်ဆင့် ရှုပ်ထွေးလှတဲ့ စကင်းကဲနည်းတွေ မလုပ်နိုင်ရင်တောင် အခြေခံအကျဆုံး အချက်လေးတွေဖြစ်တဲ့ ကိုယ့်အသားအရေနဲ့ မှန်ကန်တဲ့ မျက်နှာသစ်ဆေးသုံးပေးတာ ၊ အပြင်သွားတိုင်း နေရောင်ကာခရင်မ် လိမ်းတာနဲ့ မျက်နှာသစ် ရေချိုးပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရင်မ် လိမ်းတာ စတာတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ ကွီးတို့ရဲ့ မျက်နှာအသားအရေကို သေချာလေး ထိန်းသိမ်းမှသာ ငယ်ရွယ်နုပျို ခြင်းတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၄) ကျန်းမာတဲ့ အလေ့အထတွေ လိုက်နာပါ

Fit Man

Photo : Best Life

ဒါကလည်း ငယ်ရွယ်နုပျို ဖို့အတွက် တစ်စိတ်တစ်ပိုင်း အရေးပါပါတယ်။ ကျွန်တော်တို့ အားလုံး အသက် ၂၀ နောက်ပိုင်းမှာ သေချာပေါက် လိုက်နာရမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အထတွေ ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာနေမှသာ စိတ်ပျိုကိုယ်နု ဖြစ်မှာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ အညီစားတာ ၊ ကောင်းကောင်းအနားယူတာ ၊ ရေများများသောက်တာ ၊ ဆေးလိပ်နဲ့အရက် ဖြတ်တာ သို့မဟုတ် ချင့်ချိန်သောက်သုံးတာ ၊ ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်တာ ၊ အိပ်ချိန်ပြည့်ပြည့်ဝဝ အိပ်စက်အနားယူတာ စသည်ဖြင့် ကျန်းမာတဲ့ အလေ့အထတွေကို မွေးမြူဖို့က အရေးကြီးပါတယ်။

(၅) သွားတွေကို ဂရုစိုက်ပါ

Photo : Family Dental Center of East Texas

ပုလဲလုံးလေးတွေလို ဖြူဝင်းတဲ့ သွားတွေနဲ့ အပြုံးချိုချိုတွေဟာလည်း နှစ်လိုဖွယ်ကောင်းပြီး ငယ်ရွယ်နုပျို တဲ့ပုံပေါက်စေတဲ့ လျို့ဝှက်ချက်တစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ ဒါ့ကြောင့် ကွီးတို့ရဲ့ သွားလေးတွေကို ဖြူဝင်းပြီး ရှင်းသန့်နေစေဖို့ ဂရုစိုက်ရပါမယ်။ အနည်းဆုံး နေ့စဉ်ပုံမှန် မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ၂ ကြိမ် သွားတိုက်တာပေးပါ။ ၆ လ တစ်ကြိမ်လောက်လည်း သွားကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဆရာဝန်နဲ့ သွားရောက်ပြသကာ ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါတယ်။

Featured Photo : He Spoke Style