ချစ်တင်းနှော တဲ့အချိန်မှာ ကွီးတို့ ညီလေး က ကြာကြာ မလန်းနိုင်လို့ ကွီးတို့ စကီလေးရဲ့ ငြိုငြင်တာကို ခံနေရပြီလား။ ဒီလိုမျိုး ချစ်တင်းနှော နေစဥ်မှာ ညီလေး ကြာကြာ မလန်းမှာကို စိတ်ပူနေခြင်းက အမျိုးသားထုကြီး အားလုံး စိုးရိမ်ပူပန်နေကြရတာပဲ ဖြစ်ပါတယ်။
အမျိုးသားတွေက ဖဲမွေ့ရာထက်မှာ ချစ်တင်းနှောတဲ့အခါ အချိန်ဘယ်လောက်ကြာလေ့ရှိသလဲ
၂၀၀၈ ခုနှစ်က ပြုလုပ်ထားတဲ့ သုတေသနလေ့လာချက်အရ အမျိုးသားများသည် ချစ်တင်းနှော တဲ့အခါ ပျမ်းမျှအားဖြင့် ၃ မိနစ်မှ ၁၃ မိနစ်အထိ ကြာတတ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ လိင်ကျန်းမာရေး ကုထုံး ပညာရှင်များကဆိုရင် စိတ်အားထက်သန်နေတဲ့ အမျိုးသားတစ်ယောက်သည် ပုံမှန်ဆိုလျှင် ၃ မိနစ်မှ ၇ မိနစ်အထိ ကြာတတ်ပြီး ထိုမှတဆင့် ၁၀ မိနစ်မှ မိနစ် ၃၀ အထိ ကြာတတ်ကြောင်း ဆွေးနွေးထားပါတယ်။ အတိုဆုံးအချိန်က ၂ မိနစ်ဖြစ်တယ်လို့လည်း ထိုစစ်တမ်းအရ သိရှိရပါတယ်။
ကွီးတို့အနေနဲ့ ကွီးတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ဖို့အတွက်ဆိုရင်တော့ လျှို့ဝှက်နည်းလမ်းကောင်းများ ရှိပါတယ်။ ဒီနည်းလမ်းကောင်းများကိုသာ အသုံးပြုကြည့်လိုက်ပါ။ ကွီးတို့ စကီလေးက ကွီးတို့မှ ကွီးတို့ဆိုပြီး တန်းတန်းစွဲဖြစ်သွားမှာပါ။
ဘီးကျဲတိုင်း အသုံးပြုကြတဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု
ဒီနည်းလမ်းကတော့ Start-Stop နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ရိုးရှင်းပြီး ကွီးတို့ရဲ့ ပြီးမြောက်မှု ကြာချိန်ကို ကြန့်ကြာအောင် ဆွဲဆန့်ပေးထားနိုင်ပါတယ်။ ဒီနည်းလမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိနေတာဖြစ်ပြီး ဘီးကျဲတိုင်း အသုံးပြုကြတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ သူ့နည်းလမ်းကတော့ ကွီးတို့ရဲ့ ခံစားချက်က အထွတ်အထိပ် ရောက်တော့မယ်ဆိုတာကို သိလိုက်ရတာနဲ့ တစ်ပြိုင်နက် ချစ်တင်းနှောခြင်းကို စက္ကန့်ပိုင်းလောက် ရပ်ထားလိုက်ရမှာဖြစ်ပါတယ်။ အဲ့ဒီလို ရပ်လိုက်ခြင်းအားဖြင့် ပြီးမြောက်မှုက ရပ်တန့်သွားပြီး ထိုပြီးမြောက်မှု ဆက်လက်ဖြစ်ပေါ်ဖို့ရန်အတွက် ကွီးတို့က ထပ်မံလုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ချစ်တင်းနှော ခြင်းကို ကြန့်ကြာအောင် ဆွဲဆန့်ထားနိုင်ပါတယ်။
Pelvic Floor လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
Pelvic Floor လေ့ကျင့်ခန်းများကတော့ အမျိုးသားတိုင်း ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများးကို ပုံမှန် ပြုလုပ်ခြင်းအားဖြင့် ပန်းသေ ပန်းညှိုးရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်သလို ဆီးမထိန်းနိုင်ခြင်း ရောဂါမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ချစ်တင်းနှောတဲ့အခါ ကွီးတို့ ညီလေးရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါသေးတယ်။
ကွန်ဒုံး စွပ်ခြင်း
ကွီးတို့ ယုံချင်ယုံ မယုံချင်နေပါ။ ကွန်ဒုံး စွပ်ခြင်းကလည်း ကွီးတို့ သုံးမိနစ် ယမ်ယမ်ခေါက်ဆွဲ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ကွီးတို့ အရေပြားချင်း ထိတွေ့မှု မရှိဘဲ ကြားထဲမှာ ကွန်ဒုံး ခံနေတဲ့အတွက်ကြောင့် ကွီးတို့ရဲ့ အာရုံ ခံစားမှုက အရေပြားချင်း ထိတွေ့တာလောက် မြန်ဆန်တော့မှာ မဟုတ်ဘဲ ချစ်တင်းနှောတဲ့အခါမှာလည်း အချိန်ကြာကြာ ချစ်တင်းနှောနိုင်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ နည်းလမ်းတွေထဲက ဘယ်နည်းလမ်းကို အသုံးပြုနေပါသလဲ။
Source : Hims
Featured Photo : Psychologytoday