ယနေ့ခေတ်မှာ တချို့ဘီးကျဲတွေက သူတို့ရဲ့ ညီလေး ကို အရွယ်အစား ကြီး မားလာအောင်လို့ နည်းလမ်းမျိုးစုံ အသုံးပြုကာ အမျိုးမျိုး ပြောင်း လဲ လုပ်ဆောင်ကြပါတယ်။ တချို့ကလည်း ဆေးဝါးတွေ မှီဝဲကြသလို တချို့ကျတော့လည်း ခွဲစိတ်ကုသတာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။ ဆေးဝါးတွေဆိုတာကလည်း တကယ်တော့ ကွီးတို့ ညီလေး ကြီးမားလာစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်များ၊ သတ္တုဓာတ်များ အားလုံးကို ရောသမမွှေကာ ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။

ဆေးဝါးများ မှီဝဲခြင်း၊ ခွဲစိတ်ကုသမှုများ၊ ဆေးထိုးခြင်းများ ပြုလုပ်တဲ့အခါ ကွီးတို့ ညီလေးကို ကြီးမားလာစေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် ထိုနည်းလမ်းများကို အရဲစွန့်ကာ အသုံးပြုမယ့် အစား အခု ဖော်ပြမယ့် အချက်များကို အသုံးပြုကြည့်လိုက်ပါ။

ဝိတ်ချကြည့်ပါ

weight loss

တချို့ အမျိုးသားတွေက ဝဝ ဖိုင့်ဖိုင့် ဖြစ်နေတဲ့အပြင် ဗိုက်ကလည်း ပူနေတဲ့အတွက်ကြောင့် သူတို့ရဲ့ ညီလေးက သေးသယောင် ပေါက်နေတာပါ။ တချို့တွေဆိုရင် ဗိုက်က အဆီတွေကြောင့် ညီလေးတောင် ဖုံးသွားပြီး မမြင်ရတော့ပါဘူး။ ဒီလို အခြေအနေမျိုးမှာ ခွဲစိတ်တာတွေ ပြုလုပ်မယ်ဆိုရင် ကွီးတို့ရဲ့ ကျန်းမာရေးကို ပိုလို့တောင် ဆိုးရွားလာစေမှာပဲဖြစ်ပါတယ်။ အဲ့ဒီလို လုပ်မယ့်အစား ဝိတ်ချကြည့်လိုက်ပါ။ ဝိတ်ချလိုက်မယ်ဆိုရင် ကွီးတို့ရဲ့ ညီလေးက ပိုမိုပေါ်လွင်လာမှာဖြစ်ပါတယ်။

အမွှေးအမျှင်များ ဖယ်ရှား ရှင်းလင်းကြည့်ပါ

ညီလေး ကြီး ပြောင်း

ကွီးတို့ရဲ့ ညီလေးရဲ့ ဆံပင်တွေ ရှည်နေတယ်ဆိုရင် သန့်ရှင်းရေး ပြုလုပ်ကာ ညှပ်ပစ်လိုက်ပါ။ အမျိုးသမီးတွေက ဒီလိုမျိုး သန့်သန့်ရှင်းရှင်းလေး ဖြစ်နေတာကို ပိုပြီး သဘောကျ ကြပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ စကီလေးနဲ့ ချစ်တင်းမနှောခင်မှာ ကိုယ့် ညီလေးရဲ့ အမွှေးအမျှင်များကို သေချာ ပြောင်ရှင်းထားဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲလိုက်ပါ

ညီလေး ကြီး ပြောင်း

တချို့အမျိုးသားများက သူတို့ညီလေးရဲ့ အရွယ်အစားကိုသာ စွဲလန်းနေကြတာဖြစ်ပြီး သူ့ရဲ ကျန်းမာရေးကိုတော့ မေ့လျော့ထားတတ်ကြပါတယ်။ ဆိုဒ် အရွယ်အစားအပေါ်မှာသာ အရူးအမူး စွဲလန်းနေမယ့်အစား ကွီးတို့ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲကြည့်ပြီး ကိုယ့်ဆိုဒ်နဲ့ကိုယ် ယုံကြည်ချက် အပြည့်ရှိနေအောင် ကြိုးစားကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်တာမျိုးတွေ ရှိတော့မှာ မဟုတ်ဘဲ ဖဲမွေ့ရာထက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိရှိနဲ့ ချစ်တင်းနှောနိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ ညီလေးက ဘယ်လောက်ကြီးကြီး သူ(မ) စိတ်မဝင်စားဘူးဆိုတာ သတိရပါ

ညီလေး ကြီး ပြောင်း

ကွီးတို့ ညီလေးက ပုံမှန်အချိန်မှာဆိုရင် ပျမ်းမျှအားဖြင့် ၃.၅၈ လက်မ ရှိပါတယ်။ နိုးနိုး ကြားကြားဖြစ်လာပြီး ထောင်မတ်လာချိန်မှာတော့ သူ့ရဲ့ အရွယ်အစားက ပျမ်းမျှအားဖြင့် ၅.၁၆ လက်မ ရှိပါတယ်။ ကွီးတို့ ရှော်တီလေးက ကွီးတို့ရဲ့ ဆိုဒ် အရွယ်အစား ဘယ်လောက်ရှိရှိ စိတ်မဝင်စားပါဘူး။ ဟိုစိတ် ဒီစိတ်တွေ ကြွလာပြီး ချစ်တင်းနှောချင်တဲ့အခါမှာလည်း ကွီးတို့ရဲ့ ညီလေးကို ပေတံနဲ့ တိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့လည်း ကိုယ့်ပစ္စည်းနဲ့ ကိုယ်သာ ယုံကြည်ချက်ရှိဖို့သာ အဓိကဖြစ်ကြောင်း အကြံပေးလိုက်ရပါတယ်။

ကွီးတို့ရော ကိုယ့်ပစ္စည်းနဲ့ကိုယ် ယုံကြည်ချက် ရှိရဲ့လား။

ကွီးတို့ ညီလေး ကြီး လာအောင် အသည်းအသန် ကြိုးစားနေမယ့်အစား ဒီနည်းလမ်းများကို ပြောင်း လဲ အသုံးမချကြည့်ချင်ဘူးလား။

Source: Mensjournal.com

Featured Image: Freepik