ကွီးတို့ရေ… ဘယ်လို အကျင့်ဆိုး တွေက ကွီးတို့ ညီလေး ကို ချစ်တင်းမနှော နိုင်အောင် နာကျင် နေစေတယ်ဆိုတာကို သိထားပြီးပါပြီလား။ မသိရသေးဘူး ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။ ကွီးတို့ရော ဘယ်လို အကျင့်ဆိုးတွေ ပြုလုပ်နေမိပြီလဲဆိုတာ သိသွားပါလိမ့်မယ်။
အိပ်ရေး ဝဝ မအိပ်စက်ခြင်း
အိပ်ရေး ဝဝ မအိပ်စက်ခြင်းက ကွီးတို့ရဲ့ ချစ်တင်းနှော ချင်စိတ်ကို လျော့ကျစေပါတယ်။ အိပ်ရေး မဝခြင်းကြောင့် အလွယ်တကူ ပင်ပန်းနွမ်းနယ်လာပြီး ကြွက်သားထုထည်နှင့် အရိုး သိပ်သည်းဆများကလည်း လျော့ကျလာပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ညလျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်ချိန်ရအောင် အိပ်စက် အနားယူသင့်ပါတယ်.
ဖရဲသီး မစားခြင်း
ဖရဲသီးထဲမှာ ပါဝင်တဲ့ Citrulline-arginine ပါဝင်ပစ္စည်းတစ်မျိုးသည် ကွီးတို့ရဲ့ သွေးကြောများကို သွေးလှည့်ပတ် စီးဆင်းမှု ကောင်းမွန်စေပြီး ပန်းသေ ပန်းညှိုးခြင်း အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း ကိုယ့် ညီလေး ကို ချစ်တင်းမနှော နိုင်ဘဲ နာကျင် နေတဲ့ အန္တရာယ်မှ ကယ်တင်ချင်တယ်ဆိုရင် ဖရဲသီးများများ စားဖို့ လိုအပ်ပါတယ်။
တီဗွီ ကြည့်လွန်းခြင်း
တစ်ပတ်လျှင် နာရီ ၂၀ လောက် တီဗွီကြည့်တဲ့ အမျိုးသားများသည် တီဗွီ လုံးဝ မကြည့်တဲ့ အမျိုးသားများထက် သုတ်ပိုးအရေအတွက် နည်းပါးတယ်လို့ ၂၀၁၀ ခုနှစ်တုန်းက လေ့လာချက်အရ သိရှိရပါတယ်။ ကွီးတို့ရော တစ်နေကုန် အထိုင်များပြီး ဘာလေ့ကျင့်ခန်းမှ မလုပ်တဲ့ နေထိုင်မှု ဘဝမျိုးကို ပျော်မွေ့နေတာလား။
နေလောင်ကာခရင်မ်များကို သေချာ မဆေးကြောပဲ ထားထားခြင်း
အပြင်ထွက်တဲ့အခါ နေလောင်ကာခရင်မ် လိမ်းကျံခြင်းက အရေပြား ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်လာလို့ ညဘက် အိပ်ခါနီးမှာ သေချာ ကုန်စင်အောင် မဖျက်ဘူးဆိုရင်တော့ နေလောင်ကာခရင်မ်ထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများက ကွီးတို့ရဲ့ ညီလေး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သုတ်ပိုးကျန်းမာရေးကို ထိခိုက်စေပြီး မျိုးမအောင်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။
ကော်ဖီ မသောက်ခြင်း
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်မှ ၃ ခွက်အထိ သောက်တဲ့ အမျိုးသားများသည် ကော်ဖီ လုံးဝ မသောက်တဲ့ အမျိုးသားများထက် ပန်းသေ ပန်းညှိုးနိုင်ခြေ နည်းပါးတယ်လို့ သိရှိရပါတယ်။ ကွီးတို့ရော ကော်ဖီ သောက်တတ်တဲ့ အကျင့်မျိုး မရှိဘူးလား။
ကောင်းကောင်း အသုံးမချရင် ဆုံးရှုံးသွားရမယ်
ကွီးတို့ရဲ့ ညီလေးသည် သဘာဝက ပေးအပ်ထားတဲ့ လက်ဆောင်မွန်တစ်ခုပဲ ဖြစ်ပါတယ်။ သေချာ အသုံးမချဘူး ဆိုရင်တော့ တစ်သက်လုံးစာ ဆုံးရှုံးသွားရလိမ့်မယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။
၂၀၀၈ တုန်းက ၅၅ နှစ်နှင့် ၇၅ နှစ်ကြား အများသား ၉၈၉ ယောက်ကို လေ့လာချက်အရ တစ်ပတ်လျှင် တစ်ကြိမ်တောင် ချစ်တင်းမနှော ဖြစ်ကြတဲ့သူတွေသည် တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် ချစ်တင်းနှောတဲ့ အမျိုးသားများနဲ့ ယှဥ်တဲ့အခါ ပန်းသန် ပန်းညှိုးနိုင်ခြေ ၂ ဆခန့် မြင့်မားနေတယ်လို့ သိရှိရပါတယ်။ ကွီးတို့သာ ကျန်းမာချင်တယ် ဆိုရင်တော့ တစ်ပတ်လျှင် ၃ ကြိမ်လောက် ချစ်တင်းနှော ဖို့ လိုအပ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ အကျင့်ဆိုး များထဲက ကွီးတို့ ညီလေး ကို ချစ်တင်းမနှော နိုင်အောင် နာကျင် နေအောင် ပြုလုပ်နေမိတာမျိုး ရှိလား။
Source: Mensjournal
Featured Image: Handytelsexnummer