နေ့စဥ်ဘဝမှာ လှုပ်ရှုားမှု မရှိပါက ကွီးတို့ရဲ့ ညီလေး က ပိစိ လေးပဲ ကျန်တော့မယ်ဆိုတာကို သိပြီးပါပြီလား။ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းက ကွီးတို့ရဲ့ ယေဘုယျ ကျန်းမာရေးအတွက်သာမက ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

အလုပ်စားပွဲမှာပဲ တစ်နေကုန် ထိုင်ပြီး လှုပ်ရှားမှု နည်းနေမယ်ဆိုရင် သွေးလှည့်ပတ် စီးဆင်းမှု နည်းပြီး ရွှေပန်းလေး ညှိုးသွားတတ်ပါတယ်။ ဒီလိုမျိုး ရွှေပန်းညှိုးသွားရတဲ့ အဖြစ်မှ ကာကွယ်နိုင်ဖို့အတွက် ကွီးတို့ရဲ့ နေ့စဥ်ဘဝထဲတွင် အခုဖော်ပြမယ့် အချက်များကို ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကွီးတို့ ညီလေး က ပိစိ လေး ကျန်မနေတော့မှာပါ။

(၁) ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပါ

လေ့ကျင့်ခန်း ပြုလုပ်ပါ

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပေးခြင်းသည် ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအတွက် အင်မတန်မှကို အရေးကြီးပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာထားတဲ့ သုတေသန လေ့လာချက်အရ လေ့ကျင့်ခန်း ပုံမှန် မလုပ်တဲ့ သူတွေက နှလုံးရောဂါ ခံစားရနိုင်ခြေ မြင့်မားပြီး ရွှေပန်းညိုးတဲ့အဖြစ်မျိုးလည်း ခံစားရတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် တစ်ပတ်လျှင် အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက်တော့ လေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင်မှ ထိုင်မနေဘဲ လမ်းလျှောက်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း မပြုလုပ်တဲ့ အမျိုးသားများထံတွင် လိင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာများ တစ်ခုမဟုတ် တစ်ခု တွေ့ရတတ်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် အမောခံနိုင်လာပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုတိုးလာပါလိမ့်မယ်။

(၂) ဖွားဖက်တော်ကို ကြီးထွားစေမယ့် အစားအစာများ စားသုံးပါ

ညီလေး ပိစိ

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများကို နေ့တိုင်း စားသုံးပေးပါက ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ကိုယ့်ရဲ့ ဖွားဖက်တော်က ညှိုးနွမ်း မသွားရလေအောင် ကျန်းကျန်းမာမာနဲ့ အရည်အသွေးပြည့်မှီတဲ့ သုတ်ပိုးများကို ထုတ်လွှတ်ဖို့ရန်အတွက်ဆိုရင် ဟင်းနုနွယ်၊ ကာဖိန်းဓာတ် ကြွယ်ဝသော အစားအစာများ၊ ပန်းသီး၊ ထောပတ်သီး၊ မုန်လာဥနီ၊ ခရမ်းချဥ်သီး အစရှိတဲ့ အစားအစာများကို များများ စား သုံးသင့်ပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားမှုရှိမှ စိတ်ဖိစီးမှုတွေ ပြေပျောက်ပြီး ညီလေးလည်း ကျန်းမာမှာ

ညီလေး ပိစိ

စိတ်ဖိစီးမှုများသည်လည်း ကွီးတို့ရဲ့ လိင်ကျန်းမာရေးကို အားနည်းသွားစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟိုစိတ် ဒီစိတ်တွေ လျော့နည်းသွားပြီး ကွီးတို့ရဲ့ ရွှေပန်းကလည်း ပြန်လည် လန်းဆန်းနိုင်မှာ မဟုတ်တော့ပါဘူး။ ထိုကဲ့သို့ မဖြစ်ဖို့ဆိုရင် စိတ်ဖိစီးမှုများကို လျော့ချပစ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများကို လျော့ချဖို့အတွက် အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တရားထိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ထိုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်လာမှာဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ညီလေး ပိစိလေးပဲ မကျန်ရစ်စေဖို့ ဘယ်လိုမျိုး ကြိုးစားကြပါသလဲ။

Source: Menshealth

Featured Image: Freepik