ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးသည် ကွီးတို့ရဲ့ နေ့စဥ်ဘဝအပေါ်မှာ များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ညီလေး ကို ရေချိုး ပေးဖို့ မေ့နေမယ်ဆိုရင်တော့ ညီလေးဆီမှာ အနံ့ဆိုးတွေ စွဲကပ်နေမှာဖြစ်ပြီး လူကြားထဲ သွားရလာရတာ မဝံ့မရဲဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ချက် ကျဆင်းလာတတ်ပါတယ်။
ညီလေး ကို ရေချိုး ပေးဖို့ မေ့နေတဲ့အခါ ရရှိမယ့် ဆိုးကျိုးက တစ်ခု နှစ်ခုတည်း မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဆိုးကျိုးများလည်း ခံစားရတတ်ပါတယ်။ ဥပမာ ကွီးတို့ရဲ့ ညီလေးက မခံမရပ်နိုင်အောင် ယားယံလာပြီး ပြင်ပမှ ဘက်တီးရီးယားများ ကပ်ညှိလာတတ်ပါတယ်။ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေကလည်း မနည်းမနောပါပဲ။ ဒါ့ကြောင့် ထိုဆိုးကျိုးများကို မခံစားချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို နေ့စဥ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။
(၁) ကွီးတို့ရဲ့ ညီလေးကို သန့်ရှင်း ခြောက်သွေ့နေအောင် ထားပါ
အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများလိုပဲ ကွီးတို့ရဲ့ ညီလေးသည်လည်း သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တစ်ရက်လျှင် တစ်ကြိမ်ခန့် ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။
တကယ်လို့ ကွီးတို့ရဲ့ ညီလေးကို နေ့စက် သန့်ရှင်းရေး မလုပ်ပေးတဲ့အခါ ညီလေးက ထွက်တဲ့ သဘာဝချောဆီက ထိပ်မှာ စုပုံသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေချိုး သန့်စင်ပြီးတဲ့အခါမှာလည်း ညီလေးကို စိုစွတ်နေအောင် မထားဘဲ ခြောက်ခြောက်သွေ့သွေ့လေး ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် မှိုရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနီုင်မှာပဲဖြစ်ပါတယ်။
(၂) ဆပ်ပြာ အလွန်အကျွံ အသုံးပြုခြင်းနှင့် ရေနွေးပူပူ အသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ
ကွီးတို့ ညီလေးကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်တဲ့အခါ ဆပ်ပြာနဲ့ သန့်စင်ပေးလို့လည်း ရပါတယ်။ သို့သော် ထိုဆပ်ပြာက ဆပ်ပြာ အပြင်းစား မဟုတ်ဘဲ ဆပ်ပြာ အပျော့စား ဖြစ်ဖို့ လိုအပ်ပါတယ်။ အမွှေးရနံ့များ လွန်ကဲစွာ ပါဝင်တဲ့ ဆပ်ပြာများက ကွီးတို့ရဲ့ ညီလေးကို ဓာတ်မတည့် ဖြစ်စေပြီး ယားယံစေတတ်ပါတယ်။
ဒါတင်မကသေးပါဘူး။ ရေနွေးပူပူနဲ့ ဆေးကြောသန့်စင်မယ်ဆိုရင်လည်း ကွီးတို့ရဲ့ ညီလေးကို ယားယံစေပြီး သုတ်ပိုး ကွာလတီကိုလည်း ကျဆင်းစေနိုင်ပါတယ်။
(၃) ကျန်းမာရေး အသိ ရှိပါစေ
ကွီးတို့ရဲ့ ညီလေးကို ရောဂါဘယ အန္တရာယ်များကြားမှ ကာကွယ်ဖို့ဆိုရင် ကွန်ဒုံး အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ သက်ဆုံးတိုင် ကိုယ့်ရဲ့ ပါတနာက တစ်ယောက်တည်း၊ ကိုယ့်ရဲ့ ပါတနာကလည်း ကိုယ့်တစ်ယောက်တည်းပဲ ဆိုရင်တော့ ကိစ္စမရှိပေမယ့် တစ်ယောက်ထက်ပိုတဲ့ ပါတနာတွေ ရှိမယ်ဆိုရင်တော့ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ကိုယ့်ဆီမှာ စွဲကပ်မနေဖို့အတွက် ကျန်းမာရေး စစ်ဆေးခြင်းကိုလည်း ပုံမှန်အတိုင်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ရောဂါလက္ခပြတဲ့အခါမှာလည်း သွားပြရမှာ ရှက်လို့ဆိုပြီး တစ်ယောက်တည်း ကြိတ်ကုမေနဘဲနဲ့ ဆရာဝန်ထံ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ တစ်ဦးတည်းသော ညီလေးကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ဂရုစိုက်လေ့ရှိပါသလဲ။
Source: Onlinedoctor
Featured Image: Freepik