လိင်အင်္ဂါက ခန္ဓာကိုယ်ရဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခုပါ။ အမျိုးသား အများစုက လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုမှာ လိင်အင်္ဂါ အရွယ်အစားက အရေးပါတယ်လို့ ထင်မှတ်ထားကြပါတယ်။ ဒါ့အပြင် အရွယ်အစားနဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ အမှန်တကယ်တော့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတစ်ခုမှာ အမျိုးသားတို့ရဲ့ လိင်တံ အရွယ်အစားက ဆက်ဆံဖော် နှစ်ဦးနှစ်ဖက်လုံးရဲ့ လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို မထိခိုက်စေဘူးလို့ သိပ္ပံနည်းကျ ဖော်ပြချက်များအရ သိရှိရပါတယ်။ အဓိကကတော့ ကျန်းမာသန်စွမ်းနေဖို့ပဲ လိုပါတာပါ။ ဒါ့အပြင် လိင်တံအရွယ်အစား ထွားကျိုင်းချင်တဲ့ ကွီးတို့အတွက်လည်း သဘာဝနည်းလမ်းတွေနဲ့ ကြီးထွားစေနိုင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ ညီလေး သန်မာထွားကျိုင်း ကျန်းမာနေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
ပုံမှန် လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ
Photo : Verywell Fit
လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုသည်သာမက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစားကို သိသိသာသက်ရောက်စေပြီး လိင်တံကိုရှည်စေကာ ကျန်းမာစေပါတယ်။ အိပ်ရာထဲမှာလည်း ကြာကြာစွမ်းဆောင်နိုင်ဖို့ သက်လုံကိုလည်း အားကောင်းစေပါတယ်။ ဒါကြောင့် အလုံးစုံ ကျန်းမာရေးအတွက် ကွီးတို့အနေနဲ့ တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပါ။
ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာတွေကို စားပါ
Photo : Fatherly
အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစား သဘာဝအတိုင်း ကျန်းမာပြီး သန်မာထွားကျိုင်း ရှည်လျားစေရန်အတွက် Antioxidants ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များများ စားသုံးရန်လိုပါတယ်။ Antioxidants က သွေးကြောများတွင် ဖြစ်ပေါ်လာသော ဖရီးရယ်ဒီကယ်များ (ခန္ဓာကိုယ်ကို ပျက်စီးစေသော ဒြပ်စင်များ) ကို တိုက်ဖျက်ရာတွင် အလွန်အသုံးဝင်ပါတယ်။ ထို့အပြင် Antioxidants များက သွေးကြောများကို သန်မာစေရန် ကူညီပေးနိုင်တာကြောင့် အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစားကို သဘာဝအတိုင်း ကြီးထွားစေသည်သာမက ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် ကွီးတို့စားသုံးတဲ့ အစားအစာထဲမှာ ဟင်းသီးဟင်းရွက်များကို များများထည့်ပြီး စားသုံးပါ။ ကျွမ်းကျင်သူတွေ အဆိုပြုထားတဲ့ လိင်တံကို ကျန်းမာသန်စွမ်းပြီး ကြီးထွားစေမဲ့ အစားအစာ အချို့ကတော့ ဟင်းနုနွယ်ရွက်၊ ပန်းသီး ၊ မုန်လာဥနီ ၊ ထောပတ်သီး ၊ Oak ခရမ်းချဉ်သီး စတာတွေပဲ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံး လျှော့ချပါ
Photo : KSE Academy
စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကများက ကွီးတိုရဲ့ လိင်မှုရေးရာမှာ ထိခိုက်စေသည်သာမက လိင်တံ အရွယ်အစားကိုပါ လျော့ကျနိုင်တယ်ဆိုတာ သိပါသလား။ ဒါကြောင့် ကွီးတို့အနေနဲ့ အတတ်နိုင်ဆုံး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချပါ။ စိတ်ပိုင်းဆိုင်ရာကို အထူးအလေးပေးပြီး ပြုမူနေထိုင်ပါ။ တရားထိုင်ခြင်း ၊ ယောဂကျင့်ခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာလေးတွေကို အချိန်ပေးပြီး ပြုလုပ်ပါ။ ဒီနည်းလေးတွေကို အသုံးပြုခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်သည်သာမက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး လိင်တံကို ကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။
လိင်အင်္ဂါတစ်ဝိုက် သန့်ရှင်းရေးကို အလေးထားပါ
Photo : Phoenix
ကွီးတို့ရဲ့ ညီလေး ကျန်းမာနေစေဖို့ သန့်ရှင်းရေးကိုလည်း အထူးအလေးပေးဖို့ လိုပါတယ်။ ပထမဦးစွာ လိင်အင်္ဂါတစ်ဝိုက် အမွှေးအမျှင်များကို သပ်ရပ်သန့်ရှင်းစွာ ညှပ်ထားသင့်ပါတယ်။ ရှည်လျားသော အမွှေးအမျှင်များက စိတ်မသက်မသာ ဖြစ်စေနိုင်ရုံသာမက အနံ့အသက်လည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် အမွှေးအမျှင်များ ရှည်လျားခြင်းက ကျန်းမာရေးနဲ့ မညီညွတ်သလို ကူးစက်ရောဂါဖြစ်စေတဲ့ ချွေးထွက်များတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါတိုင်း ကန့်သတ်ဧရိယာတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။
ဆရာဝန်နဲ့ ပြသပါ
Photo : Mayo Clinic
များသောအားဖြင့် ကန့်သတ်ဧရိယာ တစ်ဝိုက် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး လူတော်တော်များများက ဆရာဝန်နဲ့ ပြသဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ ကြာလာရင် ပိုပြီးပြင်းထန်တဲ့ အကျိုးဆက်တွေ ခံစားရနိုင်တာကြောင့် ကွီးတို့ ညီလေး မူမမှန်တာ ခံစားရရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ လိင်တံနဲ့ လိင်အင်္ဂါတစ်လျှောက် လိင်အင်္ဂါလုပ်ဆောင်မှု ၊ သုတ်လွှတ်တာ မူမမှန်ခြင်း ၊ ဆီးသွားတဲ့အခါ နာကျင်ခြင်း ၊ ပုံမှန်မဟုတ်သော လိင်တံကွေးကောက်ခြင်း ၊ လိင်တံ သို့မဟုတ် လိင်အင်္ဂါတွင် အဖုအထစ်များ ပေါ်ပေါက်လာခြင်း ၊ သုက်လွှတ်စဉ်အတွင်း နာကျင်မှု ခံစားရခြင်း ၊ ပြင်ပမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းစတာတွေ ခံစားနေရပြီဆိုလျှင်လည်း လုံးဝ မပေါ့ဆပါနဲ့။
အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ညီလေး ကျန်းမာဖို့နဲ့ သန်မာထွားကျိုင်းစေဖို့ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည်မှာ လိင်ပိုင်းဆိုင်ရာ အတွက်သာမက အလုံးစုံသော ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
Source : Maple
Featured Photo : Men’s Health