ဖီးနစ် ငှက်ပုံ တက်တူးတွေဟာ တက်တူး ချစ်သူ ကွီး တို့ အကြား ရေပန်းစားတဲ့ တက်တူး အမျိုးအစား တစ်ခု ပဲ ဖြစ်ပါတယ်။ ဖီးနစ် ငှက်ပုံတက်တူး များသည် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ အသစ်တစ်ဖန် ပြန်လည် မွေးဖွားခြင်းကို ကိုယ်စားပြုသလို ပြောင်းလဲခြင်း၊ ခွန်အားကြီးမားခြင်းနှင့် ရှင်သန်ကြီးထွားခြင်းကို ကိုယ်စားပြုနိုင် ပါသေးတယ်။
ဖီးနပ် ငှက်ပုံ တက်တူးဒီဇိုင်း အမျိုးမျိုးရှိတဲ့အနက် လူအများကြိုက်နှစ်သက်ကြတဲ့ ဖီးနစ် ငှက်ပုံ တက်တူး ဒီဇိုင်း အချို့ကို တက်တူး ချစ်သူ ကွီး တို့ အတွက် ဝေမျှပေးလိုက်ရပါတယ်။
ဖီးနစ်ငှက်အသေးစား
ဒီလိုတက်တူးအသေးစားလေးကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ရေးထိုးနိုင်တဲ့တက်တူးတစ်ခုပဲ ဖြစ်ပါတယ်။
လွတ်လပ်ပေါ့ပါးစွာ ပျံသန်းနေသော ဖီးနစ်ငှက်
ဒီတက်တူးဒီဇိုင်းကတော့ ပေါင်မှာရေးထိုးထားနိုင်တဲ့တက်တူးဒီဇိုင်းတစ်ခုပါပဲ။ ပေါင်မှာကြွက်သားနှင့် အဆီများတဲ့အတွက်ကြောင့် တက်တူးထိုးတဲ့အခါ နာကျင်မှုဒဏ်ကို နည်းနည်းလေးပဲခံရမှာပါ။
ပြာပုံကြားမှ ရုန်းထလာသော ဖီးနစ်ငှက်
ဒီတက်တူးကတော့ မျှော်လင့်ခြင်းရောင်ခြည်ကို ကိုယ်စားပြုတာပဲဖြစ်ပါတယ်။ ဘဝမှာ အရှုံးပေးချင်စိတ်တွေ ပေါ်လာတဲ့အခါ ကိုယ်ထိုးထားတဲ့ တက်တူးလေးနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ခွန်အားရရှိအောင် ကြိုးစားလိုက်ပါ။
ရိုးရှင်းသော ဖီးနစ်ငှက်
ရိုးရှင်းမှုကို နှစ်သက်တဲ့ တက်တူးချစ်သူကွီးတို့အတွက်တော့ ဒီလိုရိုးရှင်းလှပတဲ့ဒီဇိုင်းက အမြင်တင့်တယ်စေမှာပါ။
အရောင်အသွေးစုံလင်သော ဖီးနစ်ငှက်တက်တူး
အရောင်အသွေးစုံလင်ပြီး တီထွင်ဆန်းသစ်မှုကို နှစ်သက်တဲ့ ကွီးတို့အတွက်တော့ ဒီတက်တူးကတော့ စိတ်တိုင်းကျစေမှာဖြစ်ပါတယ်။ မိမိလက်မောင်းပေါ်မှာ ရေးထိုးနိုင်တဲ့တက်တူးတစ်ခုပဲဖြစ်ပါတယ်။
တရုတ်ရိုးရာ ဖီးနစ်ငှက်တက်တူး
ဒီရိုးရာတက်တူးဒီဇိုင်းကတော့ တရုတ်လူမျိုးများအကြား နာမည်ကြီးပါတယ်။ အချို့ကလည်း နဂါးပုံတက်တူးနဲ့ ရေ၊ လေ၊ မီး၊ မြေဓာတ် စသည် ဓာတ်လေးပါးစလုံး ညီမျှနေအောင် ရေးထိုးလေ့ရှိကြပါတယ်။
နဂါးနှင့် ဖီးနစ်ငှက်ပုံတက်တူး
ကွီးတို့အနေနဲ့ မိမိကျောပြင်ပေါ်မှာ တက်တူးအကြီးစား ရေးထိုးချင်တယ်ဆိုရင်တော့ ဒီတက်တူးနှစ်ခုပေါင်း ဒီဇိုင်းလေးကို ရေးထိုးနိုင်ပါတယ်။
ဟယ်ရီပေါ်တာ ပရိသတ်များအတွက်
ဒီဒီဇိုင်းလေးကတော့ ဟယ်ရီပေါ်တာ ပရိသတ်များအတွက် ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်းတစ်မျိုးပဲဖြစ်ပါတယ်။ စွမ်းအားကြီးခြင်း၊ စိတ်ပြတ်သားခြင်း၊ သစ္စာရှိခြင်း၊ မြင့်မြတ်ခြင်းတို့ကို ကိုယ်စားပြုတဲ့တက်တူးတစ်ခုပါ။
Source: Thetrendspotter.net
Featured Image: Thetrendspotter.net