ခန္ဓာကိုယ်ပေါ်မှာ အမိုက်စား တက်တူး တွေ ရေးထိုးပြီး အဖိုင်းစား ဘီးကျဲကြီးအဖြစ် ပြောင်းလဲချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးဒီဇိုင်းတွေကို ရွေးချယ်ကာ ရေးထိုးနိုင်ပါတယ်။ ဒီဇိုင်းတွေက မိမိုက်လွန်းလို့ ကွီးတို့က Peaky Binders ထဲက Thomas Shelby လားလို့တောင် မေးယူရပါလိမ့်မယ်။

တိရစ္ဆာန်ပုံ တက်တူးများ

တက်တူး အဖိုင်းစား

တိရစ္ဆာန်ပုံ တက်တူးများထဲမှာတော့ ခြင်္သေ့၊ ဝက်ဝံ၊ သိမ်းငှက်၊ နဂါး စတဲ့ တိရစ္ဆာန်များက အထိုးများပြီး ခွန်အား ကြီးမားကြောင်းကို ဖော်ပြပါတယ်။ ဒါ့အပြင် အတားအဆီးများကို ကျော်ဖြတ်နိုင်ဖို့အတွက်ဆိုရင်တော့ ဖီးနစ်ငှက်ကို ရေးထိုးနိုင်ပါတယ်။ ဒါ့အပြင် အချို့ကလည်း ထူးထူးဆန်းဆန်း ပင့်ကူပုံ တက်တူးများကို ရေးထိုးတတ်ကြပါတယ်။

ပန်းပုံတက်တူးများ

တက်တူး အဖိုင်းစား

ပန်းပုံတက်တူးများအနက် နှင်းဆီပုံ တက်တူးများ၊ ဒေစီပန်းပွင့်ပုံ တက်တူးများက အထိုးများပြီး ချယ်ရီပန်းများ ပန်းလန်းနေတဲ့ တက်တူးသည်လည်း အထိုးများပါတယ်။ ကွီးတို့လည်း ပန်းပွင့်ပုံ တက်တူးများ ရေးထိုးမယ်ဆိုရင် ကိုယ့်အတွက် အဓိပ္ပါယ်နဲ့ ပြည့်စုံတဲ့ တက်တူးများကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။

မိသားစုပုံ တက်တူးများ

တက်တူး အဖိုင်းစား

အမျိုးသားများသည် သူတို့ရဲ့ မိသားစုကို တန်ဖိုးထားတဲ့ အားလျော်စွာ ကိုယ့်ရဲ့ မိသားစုကို ကိုယ်စားပြုတဲ့ တက်တူးများကို ရွေးထိုးတတ်ကြပါတယ်။ ကိုယ့်ရဲ့ မိဘ၊ ဇနီးမယားနှင့် သားသမီးပုံတူများကို ရေးထိုးကာ ချစ်ခြင်းတရားကို ဖော်ကျူးခြင်းသည်လည်း တက်တူး ချစ်သူများကို အဖိုင်းစား ဘီးကျဲကြီးအဖြစ် မြင်တွေ့ရဖို့ ကူညီပေးနိုင်ပါတယ်။

ရိုးရာပုံတက်တူးများ

တက်တူး အဖိုင်းစား

လူမျိုးတစ်မျိုးစီတွင် ရိုးရာတစ်မျိုးစီ ရှိကြတဲ့အားလျော်စွာ ထိုရိုးရာကို အမြတ်တနိုးထားသည့်အနေဖြင့် တက်တူးများ ရေးထိုးခြင်းသည်လည်း ယနေ့ခေတ်မှာ ခေတ်စားပါတယ်။ ကွီးတို့ရဲ့ မိရိုးဖလာ ဆွေစဥ်မျိုးဆက် လက်ဆင့်ကမ်းလာတဲ့ ရိုးရာကရော ဘာရိုးရာဖြစ်မလဲ။ ဘယ်လိုရိုးရာတက်တူးကရော ကွီးတို့နဲ့ လိုက်ဖက်မယ်လို့ ထင်ပါသလဲ။

တက်တူး အသေးစားများ

တက်တူး အဖိုင်းစား

အခုမှ တက်တူး စထိုးမယ့် ကွီးတို့က တက်တူးအသေးစားများနဲ့ အစပြုလေ့ရှိပါတယ်။ တက်တူးအသေးစားလေးဆိုတော့ နာတယ်ဆိုရင်လည်း တက်တူးအကြီးတွေလိုမျိုး အချိန်အကြာကြီး နာကျင်နေမှာမဟုတ်ပါဘူး။ တက်တူးတွေက သေးသေး ကွေးကွေးလေးနဲ့ ဆိုတော့ တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေစေမှာ အမှန်ပါပဲ။

ရင်အုပ် တက်တူးများ

ရင်အုပ်

တက်တူးအကြီးကြီးတွေ ရေးထိုးချင်သူများအတွက်တော့ ရင်အုပ်နေရာသည် တက်တူးထိုးလို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရင်အုပ်ကြွက်သားများနှင့် ပြည့်နေတာဆိုတော့ တက်တူး ထိုးနေစဥ်မှာ ကွီးတို့ကို နာကျင်မှု အနည်းဆုံးဖြစ်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဖက်ရှင်ကျပြီး မိမိုက်နေတဲ့ ဘီးကျဲတစ်ဗွေဖြစ်အောင် ဘယ်လို တက်တူးမျိုးနဲ့ ခန္ဓာကိုယ်ပေါ်မှာ အနုပညာရေးထိုးချင်ပါသလဲ။

Source: Tattoostylist

Featured Image: Freepik