တက်တူး ထိုးဖို့ စိတ်ပိုင်းဖြတ်ထားရင် နောင်တမရမယ့် တက်တူးမျိုး ကြိုစဉ်းစားဖို့ လိုပါတယ်။ ဘယ်လိုတက်တူးပဲ ထိုးထိုး တက်တူးထိုးတယ်ဆိုတာ ကိုယ့်ရဲ့ Expression တစ်ခုပါပဲ။ ယောကျာ်းတစ်ယောက်ရဲ့ ဗီဇကို ဖော်ပြဖို့ အကောင်းဆုံး တက်တူး တွေ ထိုးမယ်ဆိုရင် အခုပြောမယ့် အိုင်ဒီယာ လေးတွေ စဉ်းစားနိုင်ပါတယ်။

(၁) Lion Tattoo

Lion-Tattoo

Photo : saved tattoo

ခြင်္သေ့ပုံ တက်တူးတွေက ဂုဏ်မာန ၊ ရဲရင့်ခြင်းနဲ့ အကာအကွယ်ပေးနိုင်မှုကို ကိုယ်စားပြုပါတယ်။ ခြင်္သေ့ဆိုတာ ‌တောဘုရင်လို့ အဓိပ္ပါယ်ရသလို ခြင်္သေ့ခေါင်းတက်တူးတွေကလည်း ယောကျ်ားတစ်ယောက်အတွက် ပြည့်စုံတဲ့ လိုက်ဖက်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

(၂) Tribal Tattoo

Tribal-Tattoo

Photo : saved tattoo

တိုင်းရင်းသား မျိုးနွယ်စုဆိုင်ရာ တက်တူးတွေက အရေပြားအလှအပဆိုတာထက် ပိုမို နက်ရှိုင်းတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ Tribal တက်တူးတွေရဲ့ နောက်ကွယ်မှာ စိတ်ဝိညာဉ်ဆိုင်ရာ အဓိပ္ပါယ်တွေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်အသားဆန်မှုတွေ ပါဝင်နေပါတယ်။

(၃) Quote Tattoo

Quote-Tattoo

Photo : saved tattoo

စကားတစ်ခွန်း ၊ ဆိုရိုးတစ်ခုကို အရေပြားပေါ် တက်တူးအဖြစ် ထိုးနှံထားတာဟာ ကိုယ့်ရဲ့ ခံယူချက်ကို ဖွင့်လှစ်ပြတာပါ။ Quote တက်တူးကို ကြည့်ပြီး ဒီလူရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူမှုကို မှန်းဆကြည့်လို့ ရနိုင်ပါတယ်။

(၄) Portrait Tattoo

Portrait-Tattoo

Photo : saved tattoo

ကိုယ်ချစ်ရတဲ့သူရဲ့ မျက်နှာ ဒါမှမဟုတ် လေးစားသူရဲ့ ပုံရိပ်ကို အသားပေါ် ထိုးထားတာဟာ အမြင့်ဆုံး ချီးကျူးလေးစားမှုပြခြင်းတစ်ခုပါပဲ။ ဒီနေ့ခေတ်မှာ Portrait Tattoo တွေဟာ အထင်ကရအမှတ်လက္ခဏာဆန်တဲ့ တက်တူးတွေအဖြစ် သတ်မှတ်လာကြပါတယ်။

Photo : top trends guide