တစ်ကိုယ်ရည် သန့်ရှင်းမှုဟာ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆွဲဆောင်မှုရှိခြင်းမရှိခြင်း အပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ ယောကျာ်ပီသပြီး ဆွဲဆောင်မှုအားကောင်းတဲ့ အမျိုးသားတိုင်းဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ် အထူးအလေးနက်ထား ဂရုစိုက်လေ့ ရှိကြပါတယ်။ သို့ပေမယ့်လို့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ အမျိုးသား အများစုဟာ တစ်ကိုယ်ရည် သန့်ရှင်းမှု နဲ့ ပတ်သတ်ပြီး အမှားတွေကို သတိလက်လွတ် လုပ်မိတာမျိုးလည်း ရှိပါတယ်။ ဒီထဲက အဖြစ်အများဆုံး တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အလေ့အထ အမှား ၄ ခုကို ပြောပြပေးချင်ပါတယ်။

(၁) ရေပူချိုးခြင်း

Photo : Healthline

ရေပူချိုးတာဟာ အညောင်းအညာပြေစေပြီး ပေါ့ပါးလန်းဆန်းစေတယ်လို့ လူသိများပါတယ်။ ဒါပေမယ့် ရေပူချိုးလွန်းရင်တော့ အသားအရေ ခြောက်သွေ့အက်ကွဲစေပြီး ယားယံတာ ၊ အသားနီလန်တာအထိ ဖြစ်စေနိုင်ပါတယ်။ ကိုယ်အပူချိန်နဲ့ သိပ်မကွာတဲ့ ရေသန့်သန့်ကို ချိုးတာဟာ အရေပြားကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

(၁) တစ်ခါသုံး မုတ်ဆိတ်ရိတ်ဓားဟောင်းကို ဆက်သုံးခြင်း

Photo : MensXP

ပုံမှန်ဆို မုတ်ဆိတ်ဟာ တစ်ခါ ရိတ်ပြီး ၃-၄ ရက်ဆို နောက်တစ်ခါ ရိတ်ဖို့ ဖြစ်လာတတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ဟာ မုတ်ဆိတ်ရိတ်ဖို့အတွက် ပိုက်ဆံသိပ်အကုန်မခံပါဘူး။ တစ်ခါသုံးဓားဝယ်ပြီး တစ်ပတ်လောက် သုံးလေ့ရှိပါတယ်။ မုတ်ဆိတ်ရိတ်ဓားအများစုဟာ ပထမဆုံးအကြိမ်ပဲသုံးလို့ အကောင်းဆုံးပါ။ နောက်တစ်ကြိမ် နောက်တစ်ကြိမ် ဆက်ပြီး သုံးမယ်ဆိုရင် အရေပြားယားယံတာ ၊ အနီကွက်ထတာ ၊ ဓါးရှတာတွေ ပိုဖြစ်နိုင်ပါတယ်။ ဒီတော့ မုတ်ဆိတ်ရိတ်ဓားတစ်ချောင်းတည်းကို ထပ်တလဲလဲသုံးတာ ရှောင်သင့်ပါတယ်။

(၃) အသားအရေအစိုဓာတ် မထိန်းသိမ်းခြင်း

Photo : SkinSpirit

အသားအရေမှာ အစိုဓာတ်ခန်းခြောက်လာရင် အရေပြား ခြောက်သွေ့ကြမ်းတမ်းလာပြီး မွဲခြောက်ခြောက် ဖြစ်လာပါလိမ့်မယ်။ အစိုဓာတ်ပုံမှန်ထိန်းသိမ်းခြင်းဟာ အရေပြားပေါ်က အညစ်အကြေးတွေ  ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေ ကြည်လင်စေပါတယ်။ မျက်နှာပုံမှန်သစ်တာ  Moisturizers သုံးတာလုပ်သင့်သလို တစ်ပတ်တစ်ခါဖြစ်စေ Face Scrub လုပ်ပေးသင့်ပါတယ်။

(၄) အရည်အသွေးညံ့တဲ့ အလှကုန်ပစ္စည်းတွေ သုံးခြင်း

Photo : Hype Hair

ပုံမှန်အားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် အလှကုန်ပစ္စည်းသုံးစရာ မရှိပါဘူး။ မျက်နှာသစ်ဆေးတစ်ဗူး ၊ ခေါင်းလျှော်ရည်နဲ့ မုတ်ဆိတ်ရိတ်ပစ္စည်းလောက် ရှိရင် လုံလောက်ပါတယ်။ ဒီတော့ အလှကုန်ပစ္စည်းတစ်ခုခု ဝယ်သုံးတော့မယ်ဆိုရင် တကယ်အရည်အသွေးမြင့်တာကိုပဲ ဆောင်သင့်ပါတယ်။ ဈေးပေါပြီး အရည်အသွေးမကောင်းတဲ့ အလှကုန်တွေဟာ အသားအရေပျက်စီးစေနိုင်တာကို သတိပြုသင့်ပါတယ်။

Featured Photo : Aesthetica Medical Spa