ကျွန်တော်တို့ အများစုဟာ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ မျှဝေသုံးစွဲတဲ့ အလေ့အထကို ပြဿနာ တစ်ခုလို့ သိပ်ပြီး တွေးလေ့ မရှိပါဘူး။ မိသားစု ဝင်တွေ ၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို ပေါ့ပေါ့ပါးပါးပဲ အတူတူ မျှသုံးလေ့ ရှိကြပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရည်သုံး ပစ္စည်း တွေဆိုတာ ဘယ်လောက်ပဲ ရင်းနှီးတဲ့ မိသားစုဝင် ၊ သူငယ်ချင်း အပေါင်းအသင်းတွေ ဖြစ်နေပါစေ မျှဝေမသုံးသင့်တဲ့ အထဲမှာ ပါပါတယ်။ ဘယ်လို တစ်ကိုယ်ရည်သုံး ပစ္စည်း တွေက ကွီး တို့ တခြားသူတွေနဲ့ လုံးဝ မျှဝေမသုံးသင့်ဘူးလဲ ဆိုတာ ဒီဆောင်းပါးလေးမှာ လေ့လာကြည့် ရအောင်ပါ။
(၁) ကိုယ်တိုက် ဆပ်ပြာခဲ

Photo : Daily Mail
များသော အားဖြင့် ကိုယ်တိုက် ဆပ်ပြာခဲ တစ်တုံးကို တစ်အိမ်လုံး မျှသုံးလေ့ ရှိကြပါတယ်။ တကယ်တော့ ဒါဟာ လုံးဝမှားယွင်းနေတဲ့ အလေ့ အထ တစ်ခုပါ။ ဘာလို့ဆို ကိုယ်တိုက် ဆပ်ပြာခဲ တွေမှာ တစ်စုံ တစ်ယောက်ရဲ့ အရေပြား ပေါ်က ဘက်တီးရီးယား ပိုးမွှားနဲ့ ရောဂါပိုးတွေ ကပ်ညှိတွယ် နေနိုင်တာကြောင့် ဒီဆပ်ပြာခဲ ကိုပဲ တခြားသူ တစ်ယောက်က ထပ်သုံး မယ်ဆိုရင် ပိုးမွှားတွေ အလွယ်တကူ ကူးစက်နိုင်ခြေ များပါတယ်။ ဒါကြောင့် ကိုယ်တိုက် ဆပ်ပြာခဲ တွေဟာ မျှဝေ မသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်း တစ်ခုပါ။
(၂) မျက်နှာသုတ် ပဝါ
Photo : British GQ
မျက်နှာသုတ် ပဝါတွေဟာ များသော အားဖြင့် အသုံးပြုပြီးတဲ့ နောက်မှာ စိုစွတ်နေလေ့ ရှိတာကြောင့် ဘက်တီးရီးယား ပိုးမွှားတွေ ခိုအောင်းလို့အကောင်းဆုံး နေရာတစ်ခု ဖြစ်နေ တက်ပါတယ်။ ဒါကြောင့် မျက်နှာသုတ် ပဝါတွေဟာ တခြားသူတွေနဲ့ မျှဝေသုံးလို့ မသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်သလို ကိုယ်တိုင် အသုံးပြုတဲ့ ပဝါတွေ ကိုလည်း ၂ ပတ် တစ်ကြိမ်လောက် အနည်းဆုံး လျှော်ဖွတ်ပြီး သန့်စင်အောင် ထားသင့်ပါတယ်။
(၃) ချွေးနံ့ ပျောက်ဆေး

Photo : The Manual
Roll-on (သို့) ချွေးနံ့ ပျောက်ဆေး တွေဟာ ချိုင်းကြား အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ ရတာကြောင့် ဘက်တီးရီးယား ပိုးမွှားတွေ စုဝေး နေလေ့ရှိတဲ့အတွက် တခြားသူတွေနဲ့ လုံးဝ မျှဝေ မသုံးသင့်တဲ့ ပစ္စည်း တစ်ခုပဲ ဖြစ်ပါတယ်။ Spray ပုလင်းတွေလို အရေပြားကို တိုက်ရိုက် မထိပဲ သုံးရတဲ့ ပစ္စည်း တွေကို မျှသုံးတာ ပြဿနာ မရှိပေမယ့် Roll-on လို အရေပြားနဲ့ ထိတွေ့ရတဲ့ ပစ္စည်းတွေ ကိုတော့ တစ်ယောက်တည်း တသီး တသန့် အသုံးပြုတာ ပို ကောင်းပါတယ်။
(၄) လက်သည်းညှပ်

Photo : Tools of Men
လက်သည်းညှပ် ဟာ တခြားသူတွေနဲ့ မျှဝေ မသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်း တွေထဲမှာ ပါဝင်နေတဲ့ အတွက် အံ့ဩကောင်း အံ့ဩနေပါလိမ့်မယ်။ ဘာလို့ဆို မိသားစု တစ်စုမှာ အိမ်သား တစ်ယောက်ဆီတိုင်း လက်သည်းညှပ် တစ်ယောက်တစ်ခုစီ ထားလေ့မရှိပဲ ပုံမှန်အားဖြင့် လက်သည်းညှပ် တစ်ခုကိုပဲ အတူတူ မျှဝေသုံးလေ့ ရှိကြတာကြောင့်ပါ။ တစ်ခုသိထားရမှာက လက်ချောင်းထိပ်နဲ့ လက်သည်းတွေ ကြားမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ၊ မှို နဲ့ ဗိုင်းရပ်စ်ပိုးတွေ အများအပြား ရှိနေနိုင်ပါတယ်။ ဒီပိုးမွှားတွေဟာ လက်သည်းညှပ်မှာ ကပ်ညှိနေနိုင်ပြီး နောက်ထပ် အသုံးပြုတဲ့ သူတစ်ယောက်ဆီကို ကူးစက်ပြန့်ပွား နိုင်ပါတယ်။ လက်သည်းညှပ်တွေကို မျှသုံးတာဟာ မှို နဲ့ ကြွက်နို့လို အရေပြားရောဂါတွေ ကူးစက်ပြန့်ပွား နိုင်တာကြောင့် တစ်ကိုယ်ရည် သီးသန့် လက်သည်းညှပ်တစ်ခု ဆောင်ထားဖို့ အကြံပြု ချင်ပါတယ်။
(၅) ချေးတွန်း ရေမြုပ်

Photo : Facty Health
ရေချိုးတဲ့အခါ အသုံးပြုတဲ့ ချေးတွန်း ရေမြုပ်တွေ ဟာလည်း အလားတူပါပဲ။ ချေးတွန်းတဲ့ ရေမြုပ်တွေဟာ အချိန်တိုင်းလိုလို စိုစွတ်နေတက်ပြီး မှိုနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အများအပြား ခိုအောင်းနေလေ့ရှိပါတယ်။ ဘယ်လောက်ပဲ ရေးဆေးသန့်စင်တယ် ပြောပြော ရောဂါပိုးကူးစက်မှု အန္တရာယ်ကနေ ကင်းဝေစေဖို့ ချေးတွန်း ရေမြုပ်တွေကို တခြားသူတွေနဲ့ မျှမသုံးတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ဒီ ပစ္စည်း တွေကတော့ ကွီး တို့ တခြားသူတွေနဲ့ လုံးဝ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်း ၅ ခုပဲ ဖြစ်ပါတယ်။
Featured Photo : Health Digest

