ကမ္ဘာကြီးပေါ်က သဘာဝအလှအပတွေနဲ့ ထူးခြားဆန်းကြယ်လွန်းတဲ့ နေရာတွေကို သွားရောက်လည်ပတ်ဆိုရင် မကုန်ခမ်းနိုင်လောက်အောင် များပြားလွန်းလှပါတယ်။ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ လှပတဲ့ တောင်တန်းတွေ၊ ရေတံခွန်တွေ၊ သဲကန္တာရများနဲ့ သဘာဝအံ့ဖွယ်များအပြင် လူတို့ဖန်တီးထားတဲ့ အရာတွေကလည်း တကယ်ကို ရင်သပ်ရှုမောဖွယ်အတိပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက် တစ်ခေါက်လောက် ရောက်ဖူးရုံနဲ့ တင် အသက်ရှင်ရတာ တန်တယ်လို့ ခံစားရစေမယ့် ကမ္ဘာပေါ်က အလှပဆုံးသော နေရာတွေ ကို အလည်အပတ်ခေါ်သွားပါရစေ။
Torres del Paine National Park

Photo : Lindblad Expeditions
သဘာဝတရားရဲ့ အလှအပတွေကို ခံစားချင်ရင် တောင်အမေရိကတိုက်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းတစ်လျောက် ပစိဖိတ်သမုဒ္ဒရာနှင့် အင်န်ဒီးစ် တောင်တန်းတို့အကြား တည်ရှိတဲ့ ချီလီနိုင်ငံက Torres del Paine National Park ကို လည်ပတ်သင့်ပါတယ်။ ဒီအမျိုးသားဥယျာဉ်မှာ လှပတဲ့ ရှုခင်းတွေအပြင် လူသိများ ကျော်ကြားလှတဲ့ Grey၊ Pehoé၊ Nordenskiöld နှင့် Sarmiento တို့ကိုလည်း ရှုစားနိုင်ပါတယ်။ ဒါ့အပြင် ထူးခြားပြီး လှပနေတဲ့ Torres d’Agostini၊ Torres Central နှင့် Torres Monzino ဆိုတဲ့ ကျောက်တုံးကြီး ၃ တုံး တစ်နည်းအားဖြင့် တောင် ၃ ခုကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
Lake Atitlán

Photo : Abercrombie & Kent
နောက်ထပ်ဖော်ပြပေးချင်တာကတော့ လှပပြီး ဂန္တဝင်ဆန်တဲ့ Atitlán ရေကန်ပဲ ဖြစ်ပါတယ်။ ဒီရေကန်က ဂွာတီမာလာနိုင်ငံရဲ့ အနောက်တောင်ဘက် ကုန်းမြင့်တွင်တည်ရှိပြီး စိမ်းစိုသော တောင်ကုန်းများဖြင့် ဝန်းရံထားကာ မာယာရွာများ၊ မီးတောင်ချွန်ချွန်များနဲ့ လှပပြည့်စုံနေသော မြင်ကွင်းကြောင့် ခရီးသွားများကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုပါပဲ။ ချစ်ရသူလေးနဲ့အတူ ရေကန်ဘောင်ပေါ်ထိုင်ပြီး နေထွက်တာကို ရှုစားရတာဟာ ကွီးတို့ဘဝအတွက် အလှပဆုံးသော မနက်ခင်းထဲက တစ်ခု ဖြစ်လာမှာပါ။
Grand Canyon

Photo : The Best Travel Places
ကမ္ဘာပေါ်ရှိ အံ့မခန်းအခမ်းနားဆုံး ရှုခင်းအချို့ကို ပေးဆောင်နိုင်တဲ့ Grand Canyon က “ရင်သပ်ရှုမောဖွယ်ရာ” ဟူသော အသုံးအနှုန်းကို အမှန်တကယ် ထိုက်တန်ပါတယ်။ ကျယ်ပြောလှသော ဘူမိဗေဒဆိုင်ရာ အံ့သြဖွယ်နယ်မြေ၊ အနက်တစ်မိုင်နှင့် ၁၈ မိုင်အထိ ဖြတ်ကျော်ကာ ရောင်စုံကျောက်တုံးများဖြင့် မရေမတွက်နိုင်သော အလွှာများက ခရီးသွားများကို ညှို့ယူဖမ်းနေပါတယ်။ ဒီ Grand Canyon ကတော့ Arizona ရဲ့ မြောက်ပိုင်း Lake Powell နှင့် Lake Mead အကြားမှာ တည်ရှိပါတယ်။
Acropolis

Photo : Art & Object
ကွီးတို့က ရှေးဟောင်းနေရာတွေကို စိတ်ဝင်စားတယ်ဆိုရင် တစ်သတ်မှာတစ်ခါလောက်တော့ ရောက်ဖူးသင့်တဲ့နေရာက အေသင်မြို့ရှိ Acropolis ပဲ ဖြစ်ပါတယ်။ ဒီတောင်ကုန်းဟာ ဘီစီ ၅ ရာစုလောက်က တည်ရှိခဲ့တဲ့ ရှေးဟောင်းနေရာများစွာရဲ့ တည်နေရာလည်း ဖြစ်ပါတယ်။ Acropolis ရဲ့ ဆွဲဆောင်မှုအချို့မှာ Athena Nike ဘုရားကျောင်း၊ Erechtheion နှင့် Parthenon တို့ ပါဝင်ပါတယ်။ ဘီစီ ၄၄၇ တွင် အေသင်အင်ပါယာရဲ့ အထွတ်အထိပ်တွင် တည်ဆောက်ခဲ့သော Parthenon က ဂရိနိုင်ငံရဲ့ သင်္ကေတဖြစ်ပြီး ၎င်းရဲ့ တိုင်များက အခုထက်ထိတိုင် အထင်ကြီးလောက်စရာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ပေးစွမ်းနိုင်ပါတယ်။
Whitehaven Beach

Photo : Travel Blog
နာမည်နဲ့လိုက်အောင်လှပတဲ့ ဒီကမ်းခြေက သြစတေးလျရှိ Whitsundays ကျွန်းမှာ တည်ရှိပါတယ်။ ဒီကမ်းခြေလေးကတော့ လှပတဲ့ ဆားဖြူ သဲများ၊ တောက်ပသောရေပြာများနဲ့ အမှန်တကယ်ကို တင့်တယ်လှပ ပါတယ်။ ဒါ့အပြင် မဖြစ်မနေလည်ပတ်သင့်တဲ့ သြစတေးလျရှိ နေရာများထဲမှာ Sydney Opera House နှင့် Noosa National Park တို့အပြင် ဒီ Whitehaven ကမ်းခြေလေးလည်း ပါဝင်ပါတယ်။
Blue Lagoon

Photo : Unreal Travel Deals
Blue Lagoon ကတော့ Iceland အနောက်တောင်ပိုင်းရှိ ဘူမိ ရေပူစမ်းတစ်ခုဖြစ်ပါတယ်။ ဒီရေပူစမ်းက အပန်းဖြေ အနားယူချင်သူများအတွက် ရွေးချယ်လို့ကောင်းတဲ့နေရာတစ်ခု ဖြစ်ပြီး တစ်ခါလောက်တော့ အရောက်သွားသင့်တဲ့ ကမ္ဘာပေါ်ကနေရာထဲမှာ အပါအဝင်ဖြစ်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ တစ်ခါလောက် ရောက်ဖူးရုံနဲ့ တင် အသက်ရှင်ရတာ တန်တယ်လို့ ခံစားရစေမယ့် ကမ္ဘာပေါ်က အလှပဆုံးသော နေရာများပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း ကမ္ဘာပေါ်က အလှအပတွေကို ရှုစားချင်တဲ့ ကွီးတို့အတွက် ဆက်လက်ဖော်ပြပေးပါဦးမယ်။ ကွီးတို့ သွားရောက်လည်ပတ်ဖူးတဲ့ နေရာများထဲမှာ ကွီးတို့ရင်ထဲထိရောက်ပြီး တစ်သတ်တာ မမေ့နိုင်လောက်အောင် အာရုံမှာ စွဲထင်နေတဲ့ နေရာရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။
Source : Travel + Leisure
Featured Photo : Sugar
