တစ်နှစ် တာ ကုန်ဆုံးတော့မယ့် အချိန် ရောက်ရှိလာပြီမို့လို့ ဒီတစ်နှစ်တာလုံးမှာ ဘာ အောင်မြင် မှုတွေကို ရရှိခဲ့သလဲဆိုတာကို ပြန်လည်ဆန်းစစ်ဖို့အချိန် ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ကွီးတို့အနေနဲ့ ဒီ တစ်နှစ် တာအတွင်းမှာ ဘာ အောင်မြင် မှုတွေကို ရရှိပြီးပြီလဲဆိုတာကို အခုဖော်ပြပေးမယ့် မေးခွန်းများနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရင်း တစ်နှစ်တာအတွင်း အောင်မြင်မှုကို ပြန်လည်ဆန်းစစ်ကြည့်နိုင်ပါတယ်။

(၁) ဘယ်နေရာမှာ အောင်မြင်ခဲ့သလဲ

အောင်မြင်ခဲ့သလဲ

ကွီးတို့သည် တစ်နှစ်တာအတွင်း အောင်မြင်မှု မျိုးစုံကို ကြုံတွေ့ခဲ့ရမှာပဲ ဖြစ်ပါတယ်။ ဘယ်အောင်မြင်မှုက ကွီးတို့ကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်သလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့က ဘယ်နေရာမှာ အောင်မြင်ခဲ့သလဲဆိုတာကို သိရှိသွားပါလိမ့်မယ်။

(၂) ဘယ်အရာက ကွီးတို့ကို အပျော်ရွှင်ဆုံး ဖြစ်စေသလဲ

အပျော်ရွှင်ဆုံး

ကွီးက အလုပ်လုပ်နေရရင် ပျော်ရွှင်နေပါသလား။ ဒါမှမဟုတ် ကွီးတို့ရဲ့ ချစ်သူ (သို့) အိမ်သူ သက်ထား တို့က ပျော်ရွှင်စေသလား။ ကွီးတို့ကို အပျော်ရွှင်ဆုံး ဖြစ်စေတဲ့အရာက ဘယ်အရာလဲဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ တစ်ခုချင်းစီ၊ ရက် တစ်ရက်ချင်းစီက ကွီးတို့ကို ပျော်ရွှင်မှု ဆောင်ကျဥ်းပေးဖို့ လိုအပ်ပါတယ်။​ နို့မဟုတ်ရင်တော့ ကိုယ့်ကို မပျော်ရွှင်စေတဲ့အရာက ဘာကြီးပဲဖြစ်နေပါစေ၊ အလုပ်ပဲဖြစ်ဖြစ်၊ Relationship ကိစ္စပဲဖြစ်ဖြစ်၊ မပျော်ရွှင်စေရင် ပြောင်းလဲပစ်ဖို့ လိုအပ်နေပါပြီ။

(၃) ကျရှုံးတဲ့အချိန်တွေရော ရှိခဲ့သလား

တစ်နှစ် အောင်မြင်

ကိုယ့်ရဲ့ ကျရှုံးရတဲ့ အချိန်တွေကို တစ်ကျော့ပြန် ကြည့်နေရတာက လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အလေ့အကျင့်တစ်ခုဖြစ်အောင်တော့ ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ပါမယ်။ ဒါမှသာလျှင် ဘာ့ကြောင့် ကျရှုံးခဲ့ရသလဲ၊ ဘယ်လို မတူညီတဲ့ နည်းလမ်းအသစ်တစ်ခုနဲ့ ဆန်းစစ်ကြည့်ရင် ကောင်းနိုင်မလဲဆိုတာတွေကို သိရှိသွားမှာဖြစ်ပါတယ်။ ဒါမှသာလျှင် တူညီတဲ့ အမှားမျိုးကို ထပ်မလုပ်မိမှာ မဟုတ်လား။

(၄) ဒီ့ထက် ပိုပြီး လုပ်ဆောင်ဖို့ ဘာတွေ လိုအပ်မလဲ

တစ်နှစ် အောင်မြင်

ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ကျေနပ်ရဲ့လား။ ဒီအောင်မြင်မှုနဲ့တင် ရပ်တန့်လိုက်တော့မှာလား။ ထပ်ပြီး အသစ် အသစ် လုပ်ဆောင်ဖို့အတွက် ဘာတွေ ထပ်လုပ်ဖို့ လိုဦးမလဲ စတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမြန်းကြည့်လိုက်ပါ။ ကိုယ့်ဘက်က များများ လုပ်ဆောင်နိုင်လေ၊ ကိုယ့်အတွက် အောင်မြင်မှုတွေ များများ ဆွတ်ခူးနိုင်လေပါပဲ။

(၅) ဖျောက်ဖျက်ပစ်ရမယ့် အကျင့်ဆိုးတွေရော ရှိမလား

တစ်နှစ် အောင်မြင်

ကိုယ့်မှာ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးတွေ ရှိနေသလား၊ ပျင်းရိတတ်တဲ့ အကျင့်ဆိုးတွေ ရှိနေသလား၊ ရှိတယ်ဆိုရင် ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ပြီးတဲ့အခါမှာ နောက်လာမယ့် နှစ်သစ် တစ်နှစ်အတွက် ရည်မှန်းချက်အသစ်တွေကို ချရေးထားလိုက်ပါ။ ဒါမှသာလျှင် ကွီးတို့အတွက် တစ်နှစ်ပြီး တစ်နှစ် အောင်မြင်မှုအသစ်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

ဒီမေးခွန်းလေးတွေကတော့ ဒီ တစ်နှစ် တာအတွင်း ကွီးတို့ ဘာ အောင်မြင် မှုတွေကို ရရှိခဲ့သလဲ၊ ဘယ်လောက်ထိ အောင်မြင်ခဲ့သလဲဆိုတာတွေကို ဖြေပေးမယ့် မေးခွန်းတွေပဲဖြစ်ပါတယ်။

ကွီးတို့ရော ဒီတစ်နှစ်တာလုံးမှာ ဘယ်လောက်ရာခိုင်နှုန်းအထိ အောင်မြင်ပြီးပြီလဲ။

Source: Timemanagementninja

Featured Image: Freepik