မီးခဏ ခဏလာတဲ့နေရာမှာ နေတဲ့ ခေတ်မီတဲ့ ကွီးတို့ဆီမှာ လက်ပ်တော့ ပါဝါဘန့်ခ် တစ်လုံး လောက် ရှိထားမှ အိုကေ မှာပါ။ လက်ပ်တော့ ပါဝါဘန့်ခ် မရှိဘဲ မီးအလာကိုသာ ထိုင်စောင့်နေလို့ကတော့ ဘာမှ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အလုပ်ပျက်ပြီး ထမင်းငတ်သွားမှာပါပဲ။ ဒါ့ကြောင့် ကွာလတီကောင်းတဲ့ ပါဝါဘန့်ခ်တစ်လုံးလောက် ဆောင်ထားမှသာလျှင် တော်ရာကျမှာပါ။

ကိုယ့်ရဲ့ အလုပ်အတွက် လက်ပ်တော့ ပါဝါဘန့်ခ် ကောင်းကောင်း တစ်လုံး ဆောင်ထားပြီး စင်ပေါ်ကနေ အိုကေ လို့ လက်မထောင်ပြချင်တဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် လက်ပ်တော့ ပါဝါဘန့်ခ်များကို အသုံးပြုသင့်ပါတယ်။

(၁) Anker 737 Power Bank

Anker 737 Power Bank

ဒီလက်ပ်တော့ ပါဝါဘန့်ခ်ကတော့ 24000mAh ပါဝင်ပါတယ်။ Port သုံးခု ပါဝင်ပြီး လက်ပ်တော့ရော ဖုန်းပါ အားသွင်းလို့ ရပါတယ်။ ဈေးနှုန်းကတော့ ၁၄၉ ဒေါ်လာ ဝန်းကျင် ပေးဝယ်ရမှာဖြစ်ပါတယ်။ Fast Charging စနစ်လည်း ပါဝင်တာကြောင့် ခဏလေး အားသွင်းလိုက်ရုံနဲ့ အားပြည့်သွားမှာပါ။

(၂) Baseus Blade Power Bank

Baseus Blade Power Bank

Baseus Blade Power Bank မော်ဒယ် အမျိုးအစားလေးကတော့ 100W ကိုမှ 20000mAh ပါဝင်ပြီး သယ်ဆောင်ရ လွယ်ကူတဲ့ ပါဝါဘန့်ခ်တစ်လုံးပဲ ဖြစ်ပါတယ်။ လက်ပ်တော့များ အားသွင်းမယ်ဆိုရင် Fast Charging စနစ် ပါဝင်တာကြောင့် ခဏလေးနဲ့ အားပြည့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၉ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။​

(၃) Baseus Laptop Power Bank

တစ်လုံး အိုကေ

ဒီမော်ဒယ် အမျိုးအစားကတော့ 65W ကိုမှ 20000mAh ပါဝင်ပါတယ်။​ ဈေးနှုန်းကတော့ စောစောက မော်ဒယ်ထက် ပိုသက်သာပါတယ်။ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၈၀ ဝန်းကျင် ပေးချေရမှာ ဖြစ်ပါတယ်။ Port အပေါက် ၄ ပေါက် ပါဝင်ပြီး လက်ပ်တော့အပြင် ဖုန်းလည်း အားသွင်းလို့ရပါတယ်။

(၄) Anker 521 Portable Power Station

တစ်လုံး အိုကေ

ကွီးတို့က ပါဝါဘန့်ခ်နဲ့ မတင်းတိမ်သေးဘူး၊ နာရီနဲ့ ချီ အသုံးခံချင်တယ်ဆိုရင်တော့ Power Station လေးကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ တချို့ လက်ပ်တော့ ပါဝါဘန့်ခ်တွေကကတော့ ဘက္ထရီ အား အနည်း၊ အများပေါ် မူတည်ပြီး ၁ ကြိမ်၊ ၂ ကြိမ်လောက်သာ အားသွင်းလို့ ရပါတယ်။ Power Station ကျပြန်တော့ နာရီနဲ့ ချီပြီး အားသွင်းလို့ ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၁၉ ဒေါ်လာ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ 200W မို့လို့ အားရပါးရ အားသွင်းလို့ရပါတယ်။ အလေးချိန်အားဖြင့်တော့ ၈.၂ ပေါင်ခန့် လေးပါလိမ့်မယ်။

(၅) Goal Zero Sherpa 100AG Portable Power Bank

တစ်လုံး အိုကေ

ဒီအမျိုးစားကတော့ 100W နှင့် 25600mAh ဘက္ထရီ ပါဝါရှိပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၃၀၀ ဝန်းကျင် ပေးချေရမှာပါ။ Fast Charging လည်း ရသလို Wireless Charging လည်း ရပါတယ်။​ အလေးချိန်ကလည်း အရမ်း မလေးတဲ့အတွက်ကြောင့် ဘယ်နေရာသွားသွား ယူသွားလို့ ရပါတယ်။

ကွီးတို့ဆီမှာရော လက်ပ်တော့ ပါဝါဘန့်ခ်ကို ဘယ်အမျိုးအစားမျိုး အသုံးပြုနေပါသလဲ။

Source : Bestproducts

Featured Photo : Nytimes