တရုတ်နိုင်ငံမှာ ထွက်ထားတာ ကြာပြီဖြစ်တဲ့ Honor Magic V3 Foldable ဖုန်း ကို ယခုအခါ ကုမ္ပဏီဘက်ကနေ ဒီဖုန်းကို နိုင်ငံတကာဈေးကွက်မှာ ဖြန့်ချီတော့မယ့်အကြောင်း ဒီနှစ် ဘာလင်မှာ ကျင်းပခဲ့တဲ့ IFA ပွဲအတွင်းမှာ ကြေညာသွားခဲ့ပါတယ်။

Honor Magic V3

Photo : Timesbull

ပထမဆုံးအနေနဲ့ Honor Magic V3 ဖုန်းကို အိန္ဒိယနိုင်ငံမှာ မကြာမီအချိန်အတွင်း စတင်ဖြန့်ချီတော့မယ်လို့ သိရပါတယ်။ Times Network သတင်းဌာနရဲ့ အင်တာဗျူး အစီအစဉ်မှာတော့ HTech ရဲ့ CEO ဖြစ်သူ Madhav Sheth ကနေ Honor Magic V3 စမတ် ဖုန်းကို ယခုနှစ်ကုန်ပိုင်းလောက်မှာ အိန္ဒိယနိုင်ငံအတွင်း ပွဲဦးထွက် မိတ်ဆက်သွားမှာ ဖြစ်ကြောင်းနဲ့ Magic V2 ဖုန်း ကိုပါ တစ်ဆက်တည်း မိတ်ဆက်မယ်လို့ ပြောသွားပါတယ်။

Honor Magic V3

Photo : GadgetMatch

Magic V2 ရဲ့ ဈေးနှုန်းဟာ ခန့်မှန်းခြေ ရူပီး ၁၀၀,၀၀၀ ဝန်းကျင်အောက် ကျသင့်မှာ ဖြစ်ပြီး Honor Magic V3 ကတော့ V2 ထက် ဈေးပိုမြင့်မယ်လို့ Madhav Sheth က ဆိုထားပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံမှာ ဝယ်ယူလို့ ရနေတဲ့ ရူပီး ၉၀,၀၀၀ ဝန်းကျင်တန် Tecno ရဲ့ Phantom V Fold ခေါက်ဖုန်းထက် Magic V2 ဖုန်း ဟာ ဈေးပိုသက်သာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး မကြာမီ အချိန်အတွင်းမှာ ဈေးနှုန်းအတိအကျနဲ့ ရောင်းချမယ့် အရက်အသေးစိတ်ကို သိရမယ်လို့ မျှော်လင့်ရပါတယ်။

Honor Magic V3  ဖုန်းအကြောင်းကို ဒီနေရာမှာ (Honor Magic V3) နှိပ်ပြီး လေ့လာနိုင်ပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com