ကိုယ့်ချစ်သူလေးနဲ့ ဖဲမွေ့ယာထက်မှာ နှစ်ပါးသွားကနေရတဲ့ ဖီလင်လေးက ကြည်နူးဖို့ကောင်းတယ်ဆိုတာ ကွီးတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။ လိင်ကျန်းမာရေး ပညာပေးသူများသည်လည်း လိင်မဆက်ဆံခင်မှာ ဆောင်ရန် ရှောင်ရန်များကို ကျန်းမာရေးအသိ ဝေငှလေ့ရှိတာကြောင့် စနစ်တကျ လိုက်နာမယ်ဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကို ရှောင်ကြဥ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ သို့သော် ပညာပေးသူများသည် ကျန်းမာရေးအသိကိုသာ ဝေမျှနိုင်တာပါ။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နှင့် ပတ်သက်တဲ့ အချက်များကိုတော့ မဝေမျှနိုင်ပါဘူး။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကိုယ့်စိတ်ကို အလိုလိုက်မိတာမျိုးမဖြစ်အောင် တိမ် တွေပေါ်မှာ မ လွင့် ခင် ကိုယ့်ကိုယ်ကိုယ် အရင် မေးကြည့်သင့်တဲ့ မေးခွန်း (၅) ခုရှိပါတယ်။

ဒီမေးခွန်းများသည် ကွီးတို့ ကိုယ့် စိတ်ခံစားချက်ကို ကိုယ်တိုင် နားလည်အောင်၊ ကိုယ့်တန်ဖိုး၊ ကိုယ့်ချစ်သူရဲ့ တန်ဖိုးကို အလေးထားတတ်ဖို့နဲ့ နှစ်ဦးသား ဆက်ဆံရေးအကြား ပိုမိုကောင်းမွန်လာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

နံပါတ် (၁) မေးခွန်း_လိင်ဆက်ဆံခြင်းကို ကွီးတို့ ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုကြမလဲ

တိမ် လွင့်

လူတစ်ယောက်နဲ့တစ်ယောက်ကတော့ လိင်ဆက်ဆံခြင်းကို အဓိပ္ပါယ်ဖွဲ့ဆိုကြပုံချင်း မတူပါဘူး။ ဒါပေမဲ့လည်း မတူ ကွဲပြားခြင်းသည် ပြဿနာတော့ မဟုတ်ပါဘူး။ လိင်ဆက်ဆံပြီးနောက်မှာ နှစ်ဦးသားခြင်း စိတ်ခံစားချက်များ ပိုမိုရင်းနှီးလာသလို၊ Commitment လည်း ပိုရှိလာမှာဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ နှစ်ယောက်သားကြားမှာ ဒီလို ခံစားချက်မျိုး မရရှိဘူးဆိုရင်တော့ ရေရှည်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

နံပါတ် (၂)_လိင်ဆက်ဆံခြင်းကနေတဆင့် ကွီးတို့က ဘာကို မျှော်လင့်တောင့်တသလဲ

တိမ် လွင့်

အရွယ်ရောက်ပြီးသား လူနှစ်ယောက် အတူနေခြင်းသည် မှားယွင်းနေတဲ့အရာတစ်ခု မဟုတ်ပါဘူး။ သို့သော် ကျန်းမာရေးအသိ၊ နှစ်ဦး နှစ်ဖက် သဘောတူညီမှုကိုတော့ ရရှိဖို့ လိုအပ်ပါတယ်။ ကွီးတို့အနေနဲ့ စူးစမ်းလိုစိတ်ကြောင့် လိင်ဆက်ဆံခြင်းကို အစပြုတာလည်း ဖြစ်နိုင်သလို၊ ကိုယ့်ရဲ့ ပါတနာနဲ့ အထိအတွေ့ကြား ပျော်မွေ့မှုကို လိုလားလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လိင်ဆက်ဆံခြင်းသည် တိမ် တွေပေါ်မှာ လွင့် နေသလို ခံစားချက်ကို ကြိုက်နှစ်သက်လို့လည်း ဖြစ်နိုင်ပါတယ်။ ကွီးတို့ကရော လိင်ဆက်ဆံခြင်းကနေတဆင့် ဘယ်လိုအရာမျိုးကို မျှော်လင့်တာလဲ။

နံပါတ် (၃)_ဒီ Relationship သည် တစ်ယောက်ကိုတစ်ယောက် လေးစားခြင်း၊ ယုံကြည်ခြင်းတို့အပေါ် အခြေခံထားသလား

couple in bed

Photo: Freepik

Relationship တစ်ခုသည် ဆက်သွယ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ပါတနာနဲ့ ရိုမန့်တစ်ဆံတဲ့ Relationship မျိုး မပိုင်ဆိုင်ထားဘူးဆိုရင်တောင်မှ ကိုယ့်ရဲ့ ပါတနာကို Respect ထားဖို့ လိုအပ်ပါတယ်။ ကွီးတို့ နှစ်ယောက်ကြား ဆက်ဆံရေးသည် အချစ်၊ သံယောက်ဇဥ်၊ ရိုမန့်တစ်ဆန်ခြင်း အစရှိသည်တို့ကို အခြေမခံထားရင်တောင်မှ ကိုယ့်ရဲ့ ပါတနာကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလို့မရပါဘူး။ သူ့ရဲ့ စိတ်ဆန္ဒကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။

နံပါတ် (၄)_ကွီးနဲ့ ကွီးတို့ ပါတနာသည် တစ်ဖက်သားရဲ့ သဘောတူညီမှုကို အလေးထားရဲ့လား

တိမ် လွင့်

Photo: Verywellmind

နှစ်ယောက်သား သဘောတူညီမှု ရှိခြင်းသည် လိင်ဆက်ဆံခြင်းမှာ အရေးအကြီးဆုံး အရာတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ ပါတနာက “နိုး” ဆိုရင် ထိုအရာကို လေးစားစွာ လက်ခံရပါမယ်။ သူတို့က “နိုး” လို့ ငြင်းထားရဲ့သားနဲ့ ကိုယ့်ဘက်က အတင်းအကျပ်ကြီး တောင်းဆိုနေခြင်းသည် ကွီးတို့ရဲ့ ဆက်ဆံရေးကို ရေရှည်ကောင်းမွန်စေမှာ မဟုတ်ပါဘူး။ တကယ်လို့ အခြေအနေက တစ်ခုခု မှားယွင်းနေတယ်ဆိုရင် နှစ်ယောက်သား ပွင့်ပွင့်လင်းလင်းနဲ့ တိုင်တိုင်ပင်ပင် ပြောဆိုဆက်ဆံသင့်ပါတယ်။

နံပါတ် (၅)_ ကွီးတို့နှစ်ယောက်စလုံးသည် နှစ်ယောက်တစ်ဘဝတစ်ခု တည်ဆောက်ဖို့အတွက် ဘယ်လိုအစီအစဥ်တွေ ရှိသလဲ

condom vs birth control pills

Photo: Freepik

နှစ်ယောက်စလုံးသည် ကလေးယူဖို့အတွက် အစီအစဥ် ရှိသလား။ မရှိဘူးဆိုရင်တော့ ကွီးတို့အနေနဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ် သုံးကာ ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် သားဆက်ခြားနည်းတွေထဲက ကိုယ့်ကောင်မလေးနဲ့ သင့်တော်မယ့် နည်းလမ်းတစ်မျိုးမျိုးကို ရွေးချယ်သင့်ပါတယ်။ အရေးပေါ် တားဆေးကတော့ အရေးပေါ်မှသာ သောက်သုံးရမှာဖြစ်ပြီး အမြဲတမ်း အရေးပေါ်နေမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကိုယ့်ချစ်သူရဲ့ ကျန်းမာရေးအတွက်လည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်တယ် မဟုတ်လား။

ဒီလိုမေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အရင်မေးကြည့်ပြီးမှ တိမ် တွေ ပေါ်မှာ လွင့် သင့်ပါတယ် ညိုကီတို့ရေ။

Source: Teenhealthcare

Featured Image: Freepik