တိုင်တန်းနစ် ဇာတ်ကား လို့ ပြောလိုက်တာနဲ့ ကြေကွဲစရာအဆုံးသတ်ဖြင့် ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ Jack နဲ့ Rose ကတော့ ထိုဇာတ်ကားထဲရှိ အဓိကကာရိုက်တာတွေဖြစ်ပေမယ့် အခြားသော ကာရိုက်တာတွေလည်းရှိပါသေးတယ်။
ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့အားလျော်စွာ အသက်ရှင်ကျန်ရစ်ခဲ့သူတစ်ယောက်ချင်းစီမှာလည်း စိတ်ဝင်စားစရာအဖြစ်အပျက်များ ကျန်ရှိနေတဲ့အတွက်ကြောင့် သူတို့ရဲ့လက်တွေ့လောကရှိ ဇာတ်ကောင်ကို ဇာတ်ကားထဲ ထည့်ကာ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
Margaret Brown

မင်းသမီးချော Kathy က Margaret Brown နေရာမှာ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ပြောင်ကိုတော့ Unsinkable Molly Brown ဆိုပြီး ပေးထားတာဖြစ်ပါတယ်။ ထိုနာမည်ပြောင်ရလာပုံကလည်း ဇာတ်လမ်းရှိပါတယ်။ သူ(မ)သည် သူ(မ)ရဲ့ အသက်ကယ်လှေကို အသုံးပြုကာ အခြားသောခရီးသည်များရဲ့ အသက်ကို သွားကယ်စေချင်ခဲ့ပါတယ်။ ၁၉၆၀ မှာတော့ The Unsinkable Molly Brown ဆိုတဲ့ Musical တစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။
Captain Edward Smith

တိုင်တန်းနစ် သင်္ဘောကို ဦးစီးရတဲ့ Captain ဖြစ်ပြီး ဇာတ်ကား ထဲမှာရော အပြင်မှာပါ အသက်ပေးလိုက်ရတဲ့သူဖြစ်ပါတယ်။ သူသည် သင်္ဘောကြီး နစ်မြှုပ်သွားတဲ့အချိန်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သူသည် သင်္ဘောကြီး စတင်နစ်မြှုပ်ချိန်မှာ အမျိုးသမီးနဲ့ ကလေးတွေကို ဦးစားပေးခြင်းသည် ယောကျာ်းကောင်း၊ ယောကျာ်းမြတ်တွေရဲ့ အလုပ်ဖြစ်ကြောင့် နောက်ဆုံးအနေနဲ့ ပြောကြားခဲ့တာကို သင်္ဘောသားအရာရှိငယ်လေး Brown က မျက်မြင်ကြားခဲ့ရတာဖြစ်ပါတယ်။
အချို့အသက်ရှင် ကျန်ရစ်သူများကလည်း ကပ်ပတိန်သည် သင်္ဘောလက်ကိုင်နားလေးမှာပဲ သင်္ဘောမြှူပ်သွားတဲ့အချိန်မှာ အသက်ဆုံးသွားတာဖြစ်တယ်လို့ ပြောကြပြီး အချို့ကလည်း သူ့ရဲ့သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဘယ်ဟာကအမှန်လဲဆိုတာ အတည်မပြုနိုင်ခဲ့ကြပါဘူး။ သူ့ရဲ့ အမျိုးသမီးနဲ့ ဇနီးဖြစ်သူကြောင့် သူ့နာမည်ကို အမှတ်တရရှိနေခဲ့ရတာဖြစ်ပါတယ်။
Bruce Ismay

Jonathan Hyde ကတော့ သူ့နေရာမှာ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူသည် White Star Line ရဲ့ မန်းနေးဂျင်းဒါရိုက်တာတစ်ယောက်လည်းဖြစ်သလို Chairman တစ်ယောက်လည်းဖြစ်ပါတယ်။ သင်္ဘောမြှူပ်ပြီး နောက်တစ်ရက်မှာ အသက်ဆုံးရှုံးသွားရတဲ့ ကလေးငယ်တွေ အမျိုးသမီးတွေ အများကြီးရှိတဲ့ကြားက သူတို့ကို မကယ်ဘဲ ကိုယ့်အသက်ကိုသာ ကယ်ခဲ့တဲ့အတွက်ကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
John Jacob Astor

သင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့ခရီးသည်များအနက် အချမ်းသာဆုံး ခရီးသည်တစ်ယောက်လည်းဖြစ်သလို သင်္ဘောမမြှုပ်ခင်အချိန်အထိ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အလောင်းကိုတော့ သင်္ဘောမြှုပ်ပြီး ရက်အနည်းငယ်အကြာကျမှ ဆယ်ယူရရှိခဲ့တာဖြစ်ပါတယ်။
Madeleine Force

Madeleine ကတော့ John Jacob Astor ရဲ့ဒုတိယဇနီးဖြစ်ပါတယ်။ သူ(မ)သည် အမေရိကားတွင် ကလေးမွေးဖွားဖို့ရန်အတွက် သူ(မ)ရဲ့ အမျိုးသားနှင့် ထိုသင်္ဘောစီးကာ ပြန်လာခဲ့တာဖြစ်ပါတယ်။ သူ(မ)သည် အသက်ရှင်ကျန်သူများထဲမှ တစ်ယောက်ဖြစ်ပြီး နောက်ထပ် လေးလအကြာမှာတော့ ကလေးမွေးဖွားခဲ့ပါတယ်။
Cosmo Duff-Gordon

သူကတော့ အိုလံပစ် ဓားသိုင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူသည်လည်း အသက်ရှင်ကျန်ရစ်ခဲ့သူတစ်ယောက်ဖြစ်ပြီး Bruce Ismay ကဲ့သို့ပင် White Star သင်္ဘောအရာရှိတွေ ညွှန်ကြားထားတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ဦးစားပေးရမယ်ဆိုတဲ့ အချက်ကို ချိုးဖောက်ခဲ့တဲ့အတွက်ကြောင့် ဝေဖန်ပြစ်တင်ခြင်းကို ခံခဲ့ရပါတယ်။ သူသည် ၁၉၃၁ ခုနှစ်၊ အသက် ၆၈ နှစ်တွင် ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။
Lucy, Lady Duff-Gordon

သူကတော့ Cosmo-Duff Gordon ရဲ့ ဇနီးမယားဖြစ်ပြီး ဖက်ရှင်ဒီဇီုင်နာတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် သူ(မ)သည် ဖက်ရှင်မဂ္ဂဇင်းများအတွက်လည်း ဆောင်းပါးတွေကို ရေးသားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Benjamin Guggenheim

သူကတော့ ချမ်းသာကြွယ်ဝတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်ပါတယ်။ ထိုသင်္ဘောကို သူ့ရဲ့ အမြှောင်မယားနဲ့ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ သူသည် သင်္ဘောနစ်မြှုပ်သွားချိန်မှာတော့ သူ့ရဲ့ အလုပ်သမား Victor Giglio နဲ့အတူတူ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
Noel Leslie

တိုင်တန်းနစ် ဇာတ်ကား ထဲမှာတော့ သူ(မ)ရဲ့ ဇာတ်ဝင်ခန်းတွေက များများစားစားမပါခဲ့ပါဘူး။ ဒါပေမဲ့ သင်္ဘောနစ်မြှုပ်ချိန်မှာတော့ သူ(မ)သည် သူရဲကောင်းမလေးတစ်ယောက်လို အသက်ကယ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသက်ကယ်လှေကို ကယ်ဆယ်ရေးသင်္ဘောဆီသို့ လှော်ခတ်ခဲ့ချိန်မှာ သူ(မ)သည် အားတက်သရော လှော်ခတ်ခဲ့တာဖြစ်ပါတယ်။
Thomas Andrews

သူကတော့ တိုင်တန်းနစ်သင်္ဘော ဆောက်လုပ်ရာမှာ တာဝန်ယူထားရသူတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ဖော်ပြထားသလိုပဲ သူသည် သူ့ရဲ့ အသက်ကယ်အင်္ကျီကို အခြားသောသူထံ ပေးထားပြီး အသက်ကယ်ပေးခဲ့တာဖြစ်ပါတယ်။ သင်္ဘောနစ်မြှုပ်သွားတာနဲ့တစ်ပြိုင်နက် သူလည်း အသက်ဆုံးပါးသွားခဲ့ပါတယ်။ သူ့ရဲ့ အမျိုးသမီးနဲ့ ဇနီးဖြစ်သူကြောင့် သူ့နာမည်ကို အမှတ်တရရှိနေခဲ့ရတာဖြစ်ပါတယ်။
William Murdoch

သူသည် တိုင်တန်းနစ်သင်္ဘောရဲ့ First Office ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ သင်္ဘောကြီး ရေခဲနှင့် တိုက်မိတဲ့အချိန်မှာ သူသည် သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူအမှန်တကယ် သတ်သေခဲ့သလားဆိုတာကိုတော့ ဘယ်သူမှ အတည်မပြုနိုင်ပါတယ်။ တိုင်တန်းနစ် ဇာတ်ကား ထွက်လာခဲ့တဲ့အချိန်မှာတော့ Murdoch မိသားစုသည် James Cameron နဲ့ 20th Century Fox tm; Murdoch ဆွေမျိုးများကို ဇာတ်ကားထဲတွင် ထိုကဲ့သို့ ပုံဖော်ထားမှုအတွက် တောင်းပန်ရန် ပြောကြားခဲ့ပါတယ်။
Frederic Fleet

သူကတော့ ရေခဲကိုပထမဆုံးမြင်တွေ့ခဲ့သူဖြစ်ပြီး အပြင်မှာလည်း သူက ရေခဲကို ပထမဦးဆုံး အသိပေးကာ အသံအကျယ်ကြီးဖြင့် အော်ပြီး သတိပေးခဲ့သူဖြစ်ပါတယ်။ သူသည် သင်္ဘောနစ်မြှုပ်တဲ့အဖြစ်ဆိုးကနေ ရှင်သန်ကျန်ရှိခဲ့သူတစ်ယောက်ဖြစ်သလို ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်များတွင်လည်း အသက်ဘေး အထိအခိုက်မရှိခဲ့ပါဘူး။ သို့သော် ၁၉၆၅ ခုနှစ်မှာတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။
Featured Image: Redbookmag
