လူသားတစ်ယောက်ရယ်လို့ ဖြစ်လာပြီး အသက်အရွယ်ရလာတဲ့အခါ လိင်စိတ်တောင့်တခြင်းသည် ရှောင်လွှဲ မရတဲ့ သဘာဝတရားကြီးပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ လက်တွဲဖော်နှင့် လိင်မှုကိစ္စမှာ အပေးအယူမျှမျှနှင့် သာယာချင်တယ်ဆိုရင် ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကိုလည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဖွားဖက်တော် ကောင်းမွန်တဲ့ Performance တွေကို ပြသနိုင်ဖို့ဆိုရင် သူ့ကို ထိခိုက် စေတဲ့ အပြုအမူများကို ရှောင် ကြဥ်ရမှာပဲဖြစ်ပါတယ်။

ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို ထိခိုက် စေပြီး မဖြစ်မနေ ရှောင် ကြဥ်သင့်တဲ့ အပြုအမူများကတော့ …

ဆေးလိပ် အလွန်အကျွံ သောက်ခြင်း

man smoking

ဆေးလိပ် သောက်ခြင်းသည် ကွီးတို့ရဲ့ နှလုံးရောဂါကို ထိခိုက်စေနိုင်ရုံသာမကဘဲ လိင်စိတ် တပ်မက်မှုကိုလည်း လျော့ကျစေပါတယ်။ စီးကရက်ထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်များသည်လည်း သုတ်ရည်များကို ထိခိုက်ပျက်စီးစေပြီး ကလေးလိုချင်တဲ့ စုံတွဲများအတွက်တော့ အတားအဆီး အနှောင့်အယှက်တစ်ခုလိုပါပဲ။

ဆေးလိပ်ကို ဖျက်လိုက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ လိင်စိတ်တောင့်တမှုကို ပုံမှန်အတိုင်း ပြန်ဖြစ်စေပြီး ကွီးတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း

ထိခိုက် ရှောင်

ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းသည် ကွီးတို့ကို တဖြည်းဖြည်း ဝိတ်တက်လာစေမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အဝလွန်စေမှာပဲဖြစ်ပါတယ်။ အချိန်ကြာလာတဲ့အခါ လိင်စိတ်တပ်မက်မှုလည်း လျော့နည်းလာပြီး မျိုးပွားအင်္ဂါ ကျန်းမာရေးသည်လည်း တဖြည်းဖြည်း ဆိုးရွားလာမှာဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို မ ထိခိုက် စေချင်ဘူးဆိုရင်တော့ အားကစား ပြုလုပ်ရမှာ ပျင်းတဲ့ အကျင့်ကို ရှောင် ကြဥ်ရမှာဖြစ်ပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး ၂ နာရီခန့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါက ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးသည်လည်း ပြန်လည် ကောင်းမွန်လာမှာဖြစ်ပါတယ်။

အချိုနှင့် အဆီ အဆိမ့်များ အလွန်အကျွံ စားသုံးခြင်း

ထိခိုက် ရှောင်

အချိုနှင့် အဆီ၊ အဆိမ့်များ အလွန်အကျွံ စားသုံးခြင်းသည် ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ကွီးတို့ရဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းသွားတဲ့အခါ ဖွားဖက်တော်ဆီသို့ ရောက်အောင် ပို့ဆောင်ရမယ့် သွေးကို သွားရောက်ကာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့ကြောင့်မို့လို့ အစကတည်းက ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်း မပေးတာ အကောင်းဆုံးပါပဲ။

စိတ်ဖိစီးမှု များခြင်း

ထိခိုက် ရှောင်

စိတ်ဖိစီးမှု များခြင်းသည်လည်း ကွီးတို့ ဖွားဖက်တော်ရဲ့ Performance ကို လျော့ကျစေပြီး လိင်စိတ် တပ်မက်မှုကိုလည်း လျော့နည်းသွားစေတာကြောင့် အချိန်ကြာလာတဲ့အခါ ကွီးတို့ရဲ့ လက်တွဲဖော်က ငြိုငြင်လာမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျော့ချပေးဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရော သူ တစ်ယောက်တည်း အထီးမကျန်ရလေအောင် ဘယ်လိုအချက်များကို ရှောင်ကြဥ်လေ့ရှိပါသလဲ။

Source: Healthgrades

Featured Image: Freepik