ကွီးတို့ရေ အသက်အရွယ်ရလာတာနဲ့ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေထဲက ထိပ်ပြောင်တဲ့ အကြောင်းကို ပြောပြပါမယ်။ ဘယ်သူမဆို ဆံပင်ကျွတ်နိုင်ပေမယ့် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ထိပ်ပြောင်ခြင်းသည် ပုံမှန်အားဖြင့် ကွီးတို့ရဲ့ ဦးရေပြားမှ ဆံပင်ကျွတ်ခြင်းကို ရည်ညွှန်းပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး ထိပ်ပြောင်ကြပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ထိပ်ပြောင်ခြင်းကို ကြိုတင်ကာကွယ် လို့ရပါတယ်။
အမျိုးသားတွေ ထိပ်ပြောင်ခြင်းကို ဘာတွေကဖြစ်စေသလဲ

Photo : JuveTress
ထိပ်ပြောင်ခြင်းကို ကြိုတင်ကာကွယ် ဖို့အတွက် ဆိုရင် ဘာကြောင့်ထပ်ပြောင်လာရသလဲ ဆိုတာအရင် သိဖို့လိုပါတယ်။ မျိုးရိုးလိုက်ခြင်း၊ ကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုများ၊ အချို့သော ဆေးဝါးများရဲ့ အကျိုးဆက်သို့မဟုတ် အိုမင်းခြင်း လာခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ မျိုးရိုးလိုက်ဆံပင်ကျွတ်ခြင်းဟာ ထိပ်ပြောင်ခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပါတယ်။
အမျိုးသားတွေက ဘယ်အသက်အရွယ်မှာ ထိပ်ပြောင်လဲ။

Photo : The Economics Time
အမျိုးသားတွေမှာ အသက် (၃၀)မှာထိပ်ပြောင်ခြင်းဖြစ်ဖို့ အခွင့်အလမ်း ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ အသက် ၅၀ နှစ်တွင် အမျိုးသား ၅၀ ရာခိုင်နှုန်း သည် အနည်းဆုံး သိသာထင်ရှားသော ဆံပင်ကျွတ်တတ်ပါတယ်။ အသက်(၆၀)တွင် သုံးပုံနှစ်ပုံခန့်သည် ထိပ်ပြောင်ခြင်း သို့မဟုတ် ထိပ်ပြောင်သည့်ပုံစံရှိလာပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ ဆံပင်ကျွတ်ခြင်းသည် ပိုအဖြစ်များသော်လည်း၊ ရာနှုန်းပြည့်တော့ မမှန်ပါ။
ထိပ်ပြောင်ခြင်းသည် မည်မျှ လျင်မြန်သလဲ

Photo : Medical News Today
များသောအားဖြင့် ထိပ်ပြောင်ဖို့ ၁၅ နှစ်ကနေ ၂၅ နှစ်လောက်ကြာပေမယ့် တစ်ခါတစ်လေ ပိုမြန်နိုင်ပါတယ်။ ပုံမှန်အားဖြင့်၊ အစပိုင်းတွင် ဆံပင်များသည် ပါးနှစ်ဖက် (ဘက်ခြမ်း) တွင် ပါးလွှာလာပါတယ်။ တစ်ချိန်တည်းမှာပင် ဆံပင်များသည် များသောအားဖြင့် ဦးခေါင်းထိပ်တွင် ပါးလွှာလာပြီး ဦးရေပြားအလယ်တွင် ထိပ်ပြောင်သောအကွက်များ တဖြည်းဖြည်း ပေါက်ဖွားလာပါတယ်။
ထိပ်ပြောင်ခြင်းကို ဘယ်လို ကြိုတင်ကာကွယ် နိုင်မလဲ။
ကွီးတို့အနေနဲ့ ဆံပင်ကျွတ်တာများလာပြီး ထိပ်ပြောင်ခြင်းကို ဘယ်လို ကြိုတင်ကာကွယ် ရမလဲဆိုတာကို စိတ်ဝင်စားကြမှာပါ။ ငွေကုန်များတဲ့ နည်းလမ်းမဟုတ်ဘဲ နေ့စဉ်လူနေမှုဘဝထဲက လုပ်လို့ ရတာလေးတွေကို ပညာရှင်တွေက မျှဝေပေးထားပါတယ်။
၁။ နားလည်တတ်ကျွမ်းသူများနဲ့ ဆွေးနွေးပါ

Photo : News Jersey Hair Restoration Center
ဒါကတော့ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ရန် နံပါတ်တစ် စည်းမျဉ်းဖြစ်ပါတယ်။ ကွီးအနေနဲ့ ပုံမှန်ထက် ဆံပင်ပိုကျွတ်တာကို သတိထားမိတာနဲ့ တပြိုင်နက် အရေပြားအထူးကုဆရာဝန်ထံ သွားရောက် ဆွေးနွေးပါ။ ဆံပင်ကျွတ်ခြင်းအတွက် အစောပိုင်းအဆင့်မှာ ကုသမှုခံယူခြင်းဟာ ဆံပင်ကျွတ်ခြင်းကို လျှော့ချနိုင်ပြီး ကုသမှုကို ထိရောက်မှုကို တိုးမြင့်စေနိုင်ပါတယ်။
၂။ ကွီးရဲ့နေ့စဉ် အစားအသောက်ကို ဖြည့်စွက်ပါ

Photo : ConsumerLab.com
ခန္ဓာကိုယ်နဲ့ ဦးရေပြားကို အာဟာရဖြစ်စေဖို့အတွက် အဆီ၊ ပရိုတင်းနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ဆံပင်ကြီးထွားရန် လိုအပ်သော ဗီ၀တာမင် B complex နှင့် zinc ကဲ့သို့သော အာဟာရများကို ဖြည့်ဆည်းပေးခြင်းဖြင့် ဆံပင်ကို ပိုထူ၊ သန်မာပြီး ပိုရှည်စေပါတယ်။ ပင်လယ်စာများမှ ရတဲ့ ကော်လာဂျင်သည် ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးသည့် ဗီတာမင်ဘီ နှင့် ကြွယ်ဝပါတယ်။
၃။ စိတ်ဖိစီးမှုနှင့် အကျင့်ဆိုးများကို လျှော့ချပါ

Photo : Goodthink. Inc
နေ့စဉ်လူနေမှုဘဝမှာ စိတ်ဖိစီးမှုများကို နည်းလမ်းများစွာဖြင့် ကြုံတွေ့ရနိုင်ပါတယ်။ အိပ်ရေးပျက်တာ၊ ရုံးတွင် ပင်ပန်းစွာ အလုပ်လုပ်ရတာ၊ အစားအသောက် ညံ့ဖျင်းခြင်းတာ၊ ညစ်ညမ်းသောပတ်ဝန်းကျင်မှာ နေရတာ။ ဖိစီးမှုက ဆံပင်ကြီးထွားမှုကို ရပ်တန့်စေပြီး အလွန်အကျွံ ကျွတ်စေနိုင်ပါတယ် လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဆံပင်မွေးညင်းပေါက်တွေကို တိုက်ခိုက်တဲ့နေရာမှာ Autoimmune တုံ့ပြန်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ ဟော်မုန်းတွေက ဆံပင်ကြီးထွားမှု လည်ပတ်မှုကို အနှောင့်အယှက်ပေးပါတယ်။ ဒီအနှောင့်အယှက်ကြောင့် ဆံပင်က ကြီးထွားမှုကို ရပ်တန့်စေပြီး အချိန်ကာလ များစွာကြာမြင့်စေပါတယ်။ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားသောကြောင့် ကွီး အနေနဲ့ စိတ်ဖိစီးမှုကို လျှော့ချဖို့ မဖြစ်မနေ လုပ်သင့်ပါတယ်။ သေချာအနားယူခြင်း၊ မကြာခဏ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာစွာ စားသောက်ခြင်း၊ ရေဓာတ်ပြည့်ဝနေခြင်း၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီစွာနေတတ်ခြင်းစတဲ့ အလုပ်တွေက ကွီးအတွက် စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။
၄။ သတိထားဆင်ခြင်ပါ

Photo : ExploreVenango.com
ဆံပင်ကျွတ်ခြင်းကို အမှန်တကယ် ထိရောက်စွာ လုပ်ဆောင်ရန် တစ်ခုထက်ပို၍ စဉ်းစားသင့်ပါတယ်။ ကွီးအနေနဲ့ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးတို့ကို ရှောင်ကြဉ်လိုက်ပါ။ ရောင်းသူများပြောတဲ့ ဆံပင်ပေါက်ဆေးတွေကို အရမ်းမသုံးပါနဲ့။ အမျိုးသားတွေမှာရှိတဲ့ DHT ဟော်မုန်းဟာ ဆံပင်တွေရဲ့ ပေါက်ရောက်သန်စွမ်းမှုကို လျော့စေပါတယ်။ DHT ဆန့်ကျင်ပစ္စည်းပါတဲ့ ရွှေဖရုံစေ့ဆီ ခေါင်းလျှော်ရည် အသုံးပြုခြင်းက ဆံပင်ကျွတ် ထိပ်ပြောင်ခြင်းကို သက်သာစေပါတယ်။
ကွီးတို့ရေ ဖော်ပြပါအချက်လေးတွေကို သိရှိထားဖြင့် ထိပ်ပြောင်ခြင်းကို ကြိုတင်ကာကွယ် နိုင်စေဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။
Featured Photo : Pharmaceutical
