Winona Oak သည် ထူးခြားတဲ့အသံပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ(မ)ရဲ့ သီချင်းတွေသည် Electronic Dance Muisc ၊ Pop တေးဂီတများကို သီဆိုလေ့ရှိပါတယ်။ သူ(မ)ရဲ့ နာမည်အရင်းကတော့ Johanna Ewana Ekmark ဖြစ်ပြီး အနုပညာနာမည်ကတော့ Winona Oak ဖြစ်ပါတယ်။
သူ(မ)ကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ဆွီဒင်နိုင်ငံ၌ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ သူ(မ)သည် The Chainsmokers အဖွဲ့နှင့် Collaborate လုပ်ဖူးပြီး တွဲဖက်သီဆိုထားတဲ့ သီချင်းတွေအနက် Beautiful ၊ Hope တို့သည် လူကြိုက်တော်တော်များပြီး Hit ဖြစ်ခဲ့ပါတယ်။
သူ(မ) တစ်ကိုယ်တော်သီဆိုဖျော်ဖြေထားတဲ့ သီချင်းတွေသည်လည်း လူကြိုက်များပြီး ပေါ်ပြူလာဖြစ်ပါတယ်။ ထို သီချင်း များစွာအနက်မှ အကောင်းဆုံးတေး သီချင်းများကို တေးချစ်သူကွီးတို့အတွက် ရွေးနုတ်တင်ဆက်ပေးလိုက်ရပါတယ်။
Let Me Know
Let Me Know သီချင်းကတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူ(မ)ရဲ့ အမိုက်စားဆိုဟန်တွေကြောင့် ပရိသတ်တွေ တော်တော်ကြိုက်နှစ်သက်ခဲ့တာဖြစ်ပါတယ်။
Control
Control ကတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီတုန်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူ(မ)ရဲ့ အမိုက်စားဖျော်ဖြေတင်ဆက်မှုတွေကိုလည်း ဒီသီချင်းထဲမှာ မြင်တွေ့နိုင်ပါတယ်။
With Myself
ဒီသီချင်းကတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ SHE ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
Another Story
Another Story ကတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီတုန်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်ကတော့ သင်သည် ကိုယ့်ကို ဝန်လေးစေတဲ့တစ်စုံတစ်ရာကို မလွှတ်ချမချင်း အရှေ့သို့ ဆက်သွားနိုင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းကို သီဆိုထားတာဖြစ်ပါတယ်။
Break My Broken Heart
ဒီသီချင်းကတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလတုန်းက စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီးချစ်ရတဲ့အခါ ရဲရင့်ပြတ်သားဖို့လိုအပ်ကြောင်းကို ဒီသီချင်းလေးက ဖော်ပြထားတာပါ။
She
ဒီသီချင်းကတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလတုန်းက စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူ(မ)ရဲ့ ညှို့ငင်ဖမ်းစားနိုင်တဲ့အသံအပြင် အဓိပ္ပာယ်ပြည့်ဝတဲ့ သီချင်းစာသားများကြောင့် လူကြိုက်များပါတယ်။
He Don’t’ Love Me
ဒီသီချင်းကတော့ ၂၀၂၀ ခုနှစ် ဇူလိုင်လတုန်းက စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။
Winter Rain
Winter Rain ကတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
Oxygen
Source: Robin Schulz
ဒီသီချင်းကတော့ ၂၀၂၀ ခုနှစ် မေလတုန်းက စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Winona Oak နဲ့ Robin Schulz တို့က အတွဲညီညီသီဆိုဖျော်ဖြေထားတာဖြစ်ပါတယ်။
Thinking About You
Source: R3HAB
ဒီသီချင်းလေးကတော့ ဇူလိုင်လ၊ ၂၀၂၀ တုန်းက ပရိသတ်လက်ထဲသို့ စတင်ရောက်ရှိခဲ့ပါတယ်။ R3Hab နဲ့ တွဲဖက်သီဆိုထားတာဖြစ်ပါတယ်။
Source: Winona Oak
Featured Image: Whenthehornblows