ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ စိတ်ကို နားလည်နိုင်ဖို့ ကွီးတို့ အတော်လေး ကြိုးစားရမှာပါ။ ဒီထဲမှာ ပိုပြီး ဆက်ဆံရခက်တာကတော့ ဒရာမာကွင်းလေးတွေပါပဲ။ သူတို့က တော်ရုံ ကိုယ့်ဘက်ကိုယ်ပဲ ကြည့်တက်သူတွေ ဖြစ်ပြီး ရင့်ကျက်မှုလည်း နည်းကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို မထိန်းချုပ်နိုင်သလို အခြေအနေ တော်တော်များများမှာ သူတို့မှန်တယ်ဆိုတဲ့ စိတ်ကို မွေးထားကြသူတွေပါ။ ဒါကြောင့် ဒီလို ဒရာမာကွင်းလေး တွေကို ရည်းစားတော်ရမယ်ဆိုရင်တော့ ကွီးတို့ သတိကြီးကြီးထားဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ ရည်းစားလေးက ဒရာမာကွင်း ဟုတ်မဟုတ်ဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ပြောပြပေးပါမယ်။
(၁) ကွီးတို့ရဲ့ အားနည်းချက်တွေကိုပဲ ဖိပြောမယ်
Photo : New York Post
လူတိုင်းမှာ အားသာချက် ၊ အားနည်းချက် ဆိုတာတော့ ရှိကြစမြဲပါပဲ။ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သူတွေ တနည်းအားဖြင့် ဒရာမာကွင်းလေး တွေကတော့ လူတစ်ယောက်ရဲ့ အားသာချက် ၊ အားနည်းချက်တွေကို မျှခြေတွေးပေးလေ့ မရှိပါဘူး။ အဓိက သူတို့ကတော့ ကွီးတို့ရဲ့ အားနည်းချက် ၊ ကွီးတို့ရဲ့ လိုအပ်ချက်တွေကိုပဲ မြင်လေ့ရှိမှာဖြစ်ပြီး ဒီအရာတွေအပေါ် နိုင်ကွက်တစ်ခုအနေနဲ့ အသုံးချလေ့ ရှိတက်ကြပါတယ်။
(၂) ကွီးတို့ကို ကြိုးကိုင်ခြယ်လှယ်မယ်
Photo : Divorced Girl Smiling
ဒရာမာကွင်းလေး တွေက သူတို့ကို ထိန်းချုပ်တာ မကြိုက်ပေမယ့် သူတို့ကတော့ လူတစ်ယောက်ကို အမှန်အကန် ကြိုးကိုင်ခြယ်လှယ် ထိန်းချုပ်ချင်တက် ကြပါတယ်။ ကွီးတို့ရဲ့ အခြေခံလွတ်လပ်ခွင့်တွေ ၊ လုပ်ပိုင်ခွင့်တွေအားလုံးကို သူတို့အနေနဲ့ ထိန်းချုပ်ထားချင်ပြီး သူတို့ရဲ့ အမိန့်စကားအောက်မှာ ငြိမ်ဝပ်ပိပြားနေတာမျိုးကို လိုချင်ကြတာပါ။ အစပိုင်းမှာတော့ ကွီးတို့ ထိန်းချုပ်ခံနေရတယ်ဆိုတာကို သိချင်မှ သိပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ထိန်းချုပ်ခံရလို့ ခံရမှန်းမသိ ကွီးတို့ရဲ့ကိုယ်ပိုင်ဘဝထဲက ကိစ္စတော်တော်များများကို တစထက်တစ ပိုပြီး ခြယ်လှယ်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
(၃) အမြဲတမ်း လောင်မြိုက်နေမယ်
Photo : FirstCry Parenting
ကွီးတို့နဲ့ Relationship ဆက်ဆံရေးမှာတင် မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ဘဝ ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သတ်ပြီးလည်း အမြဲတမ်း ငြီးငြူနေတာ ၊ ဝေဖန်ပြစ်တင်နေတဲ့ စကားတွေကို ပြောလေ့ရှိတက်ကြပါတယ်။ သူတို့ကိုယ်တိုင် အပူတွေကို သယ်ထားကြသူတွေ ဖြစ်သလို သူတို့အနီးအနားက လူတွေကိုလည်း အပူတွေ ဝေမျှလေ့ ရှိပါတယ်။ ဒီလို အချိန်တော်တော်များများမှာ မကျေနပ်ချက်တွေ ၊ ငြီးငြူသံတွေနဲ့ သူတို့ကိုယ်တိုင်ရော ကွီးတို့ကိုပါ ပူလောင်နေစေတယ်ဆိုရင်တော့ သူမက သေချာပေါက် ဒရာမာကွင်းလေး ပါပဲ။
(၄) ခေါင်းမာပြီး လုပ်ချင်တာလုပ်တယ်
Photo : Canyon Crossing Recovery
ရင့်ကျက်တယ်ဆိုတာ တကယ်တော့ အသက်အရွယ်နဲ့ တိုက်ရိုက်ကြီး မသက်ဆိုင်ပါဘူး။ အသက်ကြီးပြီး ကလေးဆန်သူတွေလည်း အများကြီး ရှိပါတယ်။ မိန်းကလေးတစ်ယောက် ဒရာမာကွင်းဟုတ်မဟုတ် ဆိုတာကို သိချင်ရင် သူတို့ ဘယ်လောက် ခေါင်းမာလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်လို့ ရပါတယ်။ သူတို့ တစ်ခုခုကို လိုချင်ရင် မျှမျှတတ တွေးပေးတက်တဲ့ စိတ်မျိုးမရှိပါဘူး။ အလွန်ခေါင်းမာပြီး လုပ်ချင်တာကို ရအောင်လုပ်ကြသူတွေပါ။ တကယ်တမ်းပြောရရင် တစ်ကိုယ်ကောင်းဆန်လွန်းပြီး ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ကြသူတွေ ဖြစ်ပါတယ်။ ဒါဟာ Relationship တစ်ခုမှာ Toxic ဆန်လွန်းတဲ့ အပြုအမူတစ်ခုပဲ မဟုတ်လား ?
Featured Photo : The Happiness Doctor