ဒီဇိုင်းပိုင်း အဓိကလုပ်နေတဲ့ ပရော်ဖက်ရှင်နယ် ဒီဇိုင်နာတွေအတွက် ဒီနှစ်ထဲမှာ ရွေးချယ်စရာ Tablets အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒီဇိုင်းအတွက်ဆို အဓိကကတော့ ကာလာအရောင်ထွက် မှန်မှန်နဲ့ High Contrast Ratios တွေပါတဲ့ OLED နည်းပညာသုံး Tablets အမျိုးအစားတွေကို ရွေးချယ်သင့်ပါတယ်။ ဒီဆောင်းပါမှာတော့ OLED မျက်နှာပါတဲ့ စွမ်းဆောင်ရည် အကောင်းဆုံး Tablets အချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Apple iPad Pro 13 M4
Photo : Apple
Apple ဖန်အတွက် iPad Pro ထဲမှာ ၁၃ လက်မ Ultra Retina OLED မျက်နှာပြင်ပါတဲ့ iPad Pro 13 M4 ကတော့ ဒီဇိုင်းနာတွေ နှစ်ခါပြန် စဉ်းစားစရာမလိုတဲ့ Tablets တွေထဲက တစ်ခုပါပဲ။ M4 Chip သုံးထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းကတော့ မြန်မှမြန် လန်းမှလန်းဆိုတဲ့ အတွေ့အကြုံကို ရမှာဖြစ်ပြီး Heavy Tasks တွေကို ချောချောမွေ့မွေ့ သုံးလို့ ရမှာပါ။ Drawing နဲ့ ဒီဇိုင်းပိုင်း ကို အထာကျကျ သုံးချင်သူတွေအနေနဲ့ Magic Keyboard နဲ့ Apple Pencil Pro တို့နဲ့လည်း တွဲဖက်အသုံးပြုလို့ ရပါတယ်။
(၂) Samsung Galaxy Tab S9 Ultra
Photo : Fast Shop
Samsung Galaxy Tab S9 Ultra မှာတော့ ကြီးမားကျယ်ပြန့်တဲ့ Dynamic AMOLED 2X မျက်နှာပြင် ပါရှိတဲ့အတွက် ဒီဇိုင်းပိုင်း လုပ်နေတဲ့ သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ Qualcomm Snapdragon 8 Gen 2 Chip မောင်းနှင်ပေးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းက ပြောစရာမလိုအောင် ကောင်းမွန်ပြီး ဒီဇိုင်နာတွေအကြိုက် S Pen နဲ့ပါ တွဲသုံးလို့ရမှာ ဖြစ်ပါတယ်။
(၃) Microsoft Surface Pro 11
Photo : Alternate
Windows Platform သုံးဖို့လိုတဲ့ သူတွေကတော့ Microsoft Surface Pro 11 ကို မျက်စိမှိတ် ရွေးနိုင်ပါတယ်။ ကြည်လင်ပြတ်သားပြီး ကာလာအရောင်ထွက်မိုက်တဲ့ PixelSense OLED Touchscreen မျက်နှာပြင် ပါဝင်ပြီး Processor ပိုင်းက Intel 14th Gen Core i9 ကို သုံးပေးထားတဲ့အတွက် ဟဲဗီး ဒီဇိုင်းပရောဂျက်တွေကို လျင်မြန်ချောမွေ့စွာနဲ့ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။
(၄) Lenovo Yoga Tab Plus
Photo : Lenovo Campus
Lenovo Yoga Tab Plus ကတော့ CES 2025 မှာ ပွဲထုတ်သွားတဲ့ Tablet တစ်လုံး ဖြစ်ပါတယ်။ ၁၂.၇ လက်မ OLED မျက်နှာပြင် ပါဝင်ပြီး ပိုမိုက်တာတစ်ခုက Built-in AI နည်းပညာ ပါဝင်တာပါ။ ဒီ Tablet ရဲ့ ရည်ရွယ်ချက်ကိုက ပရော်ဖက်ရှင်နယ်တွေအတွက် Productivity နဲ့ Creativity တက်စေဖို့ Features အမိုက်စားတွေ ထည့်သွင်းထုတ်ပေးတာကြောင့် ဒီဇိုင်ပိုင်း သုံးမယ့်သူတွေကတော့ သေချာပေါက် စဉ်းစားသင့်တဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။
Source : Analytics Insight
Featured Photo : The Independent