အတူနေတိုင်းမှာ သုံးနေကျ သိုင်းကွက်တွေပဲ သုံးဖြစ်နေရင်တော့ ကြာလေကြာလေ ကွီးရော ကွီးတို့ ပါတနာအတွက်ပါ ငြီးငွေ့စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှောတဲ့ အချိန်မှာ ပုံမှန်နဲ့မတူတဲ့ သိုင်းကွက် အသစ်ဆန်းလေးတွေကို ရံဖန်ရံခါ ထုတ်သုံးဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာတော့ ပုံမှန် ချစ်တင်းနှောနေကျ သိုင်းကွက်တွေနဲ့ မတူတဲ့ တမူထူးခြားဆန်းသစ်ပြီး ခံစားမှုတွေ ရှယ်ကောင်းနေစေမယ့် Sex Positions သိုင်းကွက် ဆန်းလေးတွေအကြောင်း ပြောပြပေးပါမယ်။
(၁) Lotus

Photo : MindnLife
ဒီသိုင်းကွက်တော့ ထိုင်လျက် သိုင်းကစားရမယ့် သိုင်းကွက်တစ်ခု ဖြစ်ပါတယ်။ ကွီးတို့က အောက်ကနေ တင်ပျဉ်ခွေ ထိုင်လျက်အနေအထား ပုံစံယူထားပြီး ပါတနာကို အပေါ်ကနေ ခွထိုင်ခိုင်းကာ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို သူမခြေထောက်တွေနဲ့ ရစ်ပတ်ထားခိုင်းရမှာ ဖြစ်ပါတယ်။ Lotus သိုင်းကွက်က တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်းအနီးကပ်ဆုံး ရှိနေပြီး နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်လို့ ခံစားမှုကတော့ ရှယ်ကောင်းပါပဲ။
(၂) Three-Legged Dog

Photo : Psychology Magazine
သုံးချောင်းထောက် သိုင်းကွက် လို့ မြန်မာမှုပြုပြီး ခေါ်လို့ ရပါတယ်။ ဒီသိုင်းကွက်က နှစ်ဦးသား မတ်တပ် အနေအထား ခရီးသွားရမှာ ဖြစ်ပြီး ပါတနာကို နံရံမှာ ကျောမှီထားစေကာ ကွီးတို့ကတော့ သူမရဲ့ မျက်နှာချင်းဆိုင်မှာ နေရာယူရပါမယ်။ ပြီးရင်တော့ ပါတနာရဲ့ ခြေထောက်တစ်ဖက်ကို မ,ပေးထားပြီး မတ်တပ်ရပ် နှစ်ပါးသွားကရမှာ ဖြစ်ပါတယ်။
(၃) The Proposal

Photo : Generation Iron
ဒူးတစ်ဖက်ကို ကြမ်းပြင်မှာ ထောက်ပြီး လက်ထပ်ခွင့် တောင်းတဲ့ Position ကိုတော့ ကွီးတို့ အားလုံး သိကြမယ်ထင်ပါတယ်။ The Proposal ကတော့ ဒီလို လက်ထပ်ခွင့်တောင်းတဲ့ ပုံစံလေးနဲ့ နှစ်ပါးသွားကရမယ့် သိုင်းကွက် ဆန်းလေး ဖြစ်ပါတယ်။ ကွီးတို့က လက်ထပ်ခွင့် တောင်းတဲ့ Position နဲ့ ပုံစံယူထားချိန်မှာ ကွီးတို့ ပါတနာက ကွီးတို့ရဲ့ အပေါ်ကနေ ခွထိုင်ပြီး ချစ်တင်းနှောရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်ကလည်း Eye Contact မိမိနဲ့ နှစ်ဦးသားကို နီးနီးကပ်ကပ် ရှိစေသလို နှစ်ပါးသွားက နေချိန်အတွင်းပါးမှာ အနမ်းတွေခြွေ ပန်းတွေဝေလို့ ရပါတယ်။
Source : Times Of India
Featured Photo : What to Expect
 
											
				 
									 
	 
	 
	 
	 
	 
	