ပေါ့ပေါ့ပါးပါးနဲ့ အမြဲတမ်း စတိုင်ကျနေဖို့ဆိုရင် Sneakers တွေ ကတော့ မပါမဖြစ်ပါပဲ။ Sneakers တွေဟာ ရုံးသွားကျောင်းသွား ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်သလို Formal ဆန်ဆန် ပွဲတက်ဖက်ရှင်တွေအထိပါ အထာကျကျ တွဲစီးလို့ရတဲ့အတွက် အမျိုးသားတိုင်းရဲ့ နေ့စဉ်မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တစ်ခုလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ လက်ရှိ ဈေးကွက်ထဲမှာတော့ Sneakers တံဆိပ်တွေ ရွေးချယ်စရာအရမ်းကို များပါတယ်။ ရာစုနှစ်တစ်ခုကျော် လူကြိုက်များလာတဲ့ အမှတ်တံဆိပ်တွေရှိသလို နောက်မှပေါ်ထွက်လာတဲ့ အမှတ်တံဆိပ်တွေလည်း အများကြီးပါ။ ဒီဆောင်းပါးလေးမှာတော့ အခုနှစ်ထဲမှာ ခေတ်စားနေတဲ့ Sneakers အမှတ်တံဆိပ်အချို့ကို ပြောပြပေးချင်ပါတယ်။
(၁) TropicFeel

Photo : The Trend Spotter
၂၀၁၇ ခုနှစ်ကမှ စပေါ်လာတဲ့ အမှတ်တံဆိပ်အသစ်ပါ။ TropicFeel ရဲ့ Sneakers တွေက အရည်အသွေးမြင့်ပြီး စီးရတာ သက်တောင့်သက်သာရှိတဲ့အတွက် လူကြိုက်များပါတယ်။ ရေစိုခံပြီး အကြမ်းခံသလို ဒီဇိုင်းပိုင်းကလည်း လူငယ်ဆန်ဆန်နဲ့ အထာကျတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။
(၂) Golden Goose

Photo : The Trend Spotter
Golden Goose ကတော့ အီတလီအမှတ်တံဆိပ် Sneakers Brand တစ်ခုပါ။ ၂၀၀၀ ခုနှစ်ကတည်းက ဖက်ရှင်ရေစီးကြောင်းပေါ်မှာ စတင်နေရာ ယူလာခဲ့တာပါ။ အီတလီ ဖိနပ်ချုပ်သူတွေရဲ့ ထုံးစံအတိုင်း အကောင်းဆုံး အရည်အသွေးနဲ့ လက်မှုပညာကို ထိန်းသိမ်းထားပြီး အရည်အသွေးမြင့်တဲ့ Sneakers တွေကို ထုတ်လုပ်လျက်ရှိပါတယ်။
(၃) Von-Röutte

Photo : The Trend Spotter
Von-Röutte ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက် Sneakers အမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်လောက်မှ စတင်ပြီး Sneakers လောကထဲကို ခြေချလာခဲ့တာ ဖြစ်ပေမယ့် ထူးခြားပြီး Unique ဖြစ်တဲ့ ဒီဇိုင်း ၊ ကောင်းမွန်တဲ့ ချုပ်ရိုးချုပ်သားနဲ့ လှပခမ်းနားစွာတည်ဆောက်ထားတဲ့ Sneakers တွေကြောင့် ဖက်ရှင်လောကထဲမှာ တစထက်တစ ပိုမိုနာမည်ရ လူကြိုက်များလာတာ ဖြစ်ပါတယ်။
(၄) Off-White

Photo : The Trend Spotter
Virgil Abloh မွေးထုတ်လိုက်တဲ့ Off-White ကတော့ ဖက်ရှင်ချစ်သူတွေကြားမှာ အထွေအထူး မိတ်ဆက်စရာမလိုတော့တဲ့ Luxury အမှတ်တံဆိပ်တစ်ခုပါ။ ထူးခြားပြီး ရွေးချယ်စရာ များပြားလှတဲ့ အရောင်အသွေးစုံလင်မှု ၊ လူငယ်ဆန်ဆန် ဖက်ရှင်ခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းတွေနဲ့ ဖက်ရှင်ချစ်သူတွေကို ဆွဲဆောင်ထားပါတယ်။ Off-White ရဲ့ Sneakers အများစုက ဈေးကြီးပေမယ့် ပေးရတဲ့တန်တဲ့ ကွာလတီနဲ့ ဒီဇိုင်းကို အမြဲပြန်ရစေတဲ့ အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။
(၅) Asics

Photo : The Trend Spotter
Asics က ဂျပန်ထုတ် အားကစားဖက်ရှင် အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး အားကစားသမားတွေအတွက် အထူးသက်တောင့်သက်သာရှိတဲ့ Sneakers တွေကို သေချာဒီဇိုင်းထုတ် ဖန်တီးခဲ့တာပါ။ ဒါကြောင့်လည်း Asics အမှတ်တံဆိပ်ဟာ ပရော်ဖက်ရှင်နယ် အားကစားသမားတွေနဲ့ အိုလံပစ်ပြိုင်ပွဲဝင်သူတွေအတွက် ရွေးချယ်စရာ ထိပ်တန်း Brand တစ်ခု ဖြစ်လာခဲ့ပါတယ်။
Featured Photo : Luxe Digital
