ဝီစကီတွေဟာ ထုတ်လုပ်တဲ့ နေရာဒသ ၊ အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှု အမျိုးမျိုးရှိပါတယ်။ ဈေးကွက်ထဲမှာ ဈေးကြီးတဲ့ အရည်အသွေးမြင့် ဝီစကီတွေရှိသလို ၊ အရည်အသွေးလည်း ကောင်း ဈေးလည်းသက်သာတဲ့ ဝီစကီ တံဆိပ်တွေလည်း အများကြီးရှိပါတယ်။ ဒီထဲကမှ ဈေးသက်သာတဲ့ ဒေါ်လာ ၄၀ အောက် အကောင်းဆုံး ဝီစကီ Brand တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Old Overholt

Photo : The Manual

Old Overholt ကတော့ သက်တမ်းရင့် ဝီစကီတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ၁၈၀၀ ခုနှစ်အစောပိုင်း ကာလတွေမှာကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အရည်အသွေးမြင့် ရိုင်းဂျုံနဲ့ ချက်လုပ်တဲ့ ဝီစကီ အမျိုးအစား ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာသလို ထူးကဲတဲ့အရသာကြောင့် Old Overholt ဝီစကီတွေက ကမ္ဘာတဝှမ်းမှာ နာမည်ကြီးပါတယ်။ 750 ml ပုလင်းကို ၁၉ ဒေါ်လာလောက်ကစရှိပြီး 1L ပုလင်းကိုတော့ ၂၃ ဒေါ်လာကျော်က စရှိပါတယ်။

(၂) Wild Turkey 101

Photo : The Manual

လက်ရှိဈေးကွက်ထဲမှာ ဈေးသက်သာပြီး အရသာကောင်းတဲ့ ဝီစကီ ကိုပြောပါဆိုရင်တော့ Wild Turkey 101 ကိုပဲ ညွှန်းရမှာပါ။ ငရုပ်ကောင်းရနံ့နဲ့ အနည်းငယ် Spicy ဖြစ်တဲ့ အရသာတို့ရဲ့ အဆုံးသတ်မှာ ချိုမြိန်မွှေးတဲ့ Vanilla အရသာလေးကို ခံစားရမှာ ဖြစ်ပါတယ်။ Manhattan နဲ့ Old Fashioned တို့လို ကော့လ်တေးတွေ ဖျော်စပ်ဖို့ အလိုက်ဖက်ဆုံးပါပဲ။ ဈေးနှုန်းကတော့ ၂၅ ဒေါ်လာဝန်းကျင်ပဲ ရှိပါတယ်။

(၃) High West Double Rye!

Photo : The Manual

ဝီစကီ ကောင်းကောင်းကြိုက်သူတိုင်းကတော့ High West ရဲ့ Double Rye ဝီစကီကို မြည်းစမ်းကြည့်သင့်ပါတယ်။ သက်တမ်း ၂ နှစ်နဲ့ သက်တမ်း ၁၆ နှစ် Rye ဝီစကီ ၂ မျိုးကို ပေါင်းစပ်ထားပါတယ်။ ချိုမြိန်ပြီး အစပ်အရသာလေးအနည်းငယ် ရောစပ်ထားတဲ့ Double Rye ဝီစကီရဲ့အရသာက လူငယ်ဘဝနဲ့ ရှုပ်ထွေးမှု ၂ မျိုးကို ပေါင်းစပ်ထားသလို ထူးကဲမှုကို ခံစားရစေမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၃၇ ဒေါ်လာရှိပါတယ်။

(၄) Redemption Rye

Photo : The Manual

Redemption Rye ဝီစကီ ကတော့ ၉၅ ရာခိုင်နှုန်း ရိုင်းစပါး နဲ့ ၅ ရာခိုင်နှုန်း မုယောစပါးတို့ ပေါင်းစပ်ချက်လုပ်ထားတဲ့အတွက် ရိုင်းစပါး ရနံ့ မွှေးမွှေးလေးနဲ့ အတော်လေး အဝင်ညှက်ညောတဲ့ ဝီစကီတစ်မျိုး ဖြစ်ပါတယ်။ ပုလင်းထုတ်ပိုးမှု ပုံစံကလည်းအရမ်းကို ဆွဲဆောင်မှုရှိပြီး အလှထားချင်သူတွေအတွက်လည်း အကြိုက်တွေ့စေမယ့် ဝီစကီတစ်မျိုး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀ သာကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : Behance