ကွီးတို့ရေ အားလပ်ရက်တွေမှာ အေးဆေးဆေးဆေးပဲ TV လေးကြည့်ရင်း Chill တတ်တဲ့ ကွီးတို့ရှိပါသလား။ ဒါမှမဟုတ် TV အသစ်လဲဖို့ စဉ်းစားနေတဲ့ နေပါသလား။ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်စေ TV အသစ်လဲဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ရွေးချယ်နိုင်စေဖို့ ဒေါ်လာ ၅၀၀ အောက် အကောင်းဆုံး TV များ ကိုဖော်ပြပေးချင်ပါတယ်။

TCL 5-Series Roku TV (S535)

ဒေါ်လာ ၅၀၀ TV

Photo : Digital Trends

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ ဒေါ်လာ ၅၀၀ အောက် အကောင်းဆုံး TV ကတော့ TCL 5-Series Roku TV (S535) ပဲဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပြင် အကျယ်ကတော့ ၅၀၊ ၅၅၊ ၆၅၊ ၇၅ လက်မဆိုပြီး လေးမျိုး ရွေးချယ်နိုင်ပါတယ်။ ၅၅ လက်မ မော်ဒယ်ကတော့ ဒေါ်လာ ၅၀၀ အောက် ရရှိနိုင်ပြီး ကျန်သော အရွယ်အစားများအတွက် ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါတယ်။ သူ့ရဲ့ အလေးချိန်ကတော့ ၃၂.၆ ပေါင်ရှိပါတယ်။ ကောင်းမွန်သောအင်္ဂါရပ်များနဲ့ စွမ်းဆောင်ရည်များအပြင် မျက်နှာပြင်မှ ပေးဆောင်တဲ့ ပြတ်သားတိကျမှုနှင့် အရောင်အသွေးက ပေးရတဲ့ဈေးနဲ့ ထိုက်တန်မှုကို ခံစားရပါလိမ့်မယ်။

Hisense H8G Quantum Series (50H8G)

ဒေါ်လာ ၅၀၀ TV

Photo : Tom’s Guide

Hisense H8G Quantum Series (50H8G) မှာ မျက်နှာပြင်အကျယ် လက်မ ၅၀ မော်ဒယ်ကလည်း ဒေါ်လာ ၅၀၀ အောက် ရွေးချယ်စရာများထဲက တစ်ခုပါ။ သူ့မှာလည်း မျက်နှာပြင် အကျယ် ၅၀၊ ၅၅၊ ၆၅၊ ၇၅ လက်မ ဆိုပြီး ရွေးချယ်စရာ ၄ မျိုး ထွက်ရှိပါတယ်။ အလေးချိန်အနေနဲ့ကတော့ ၂၈.၂ ပေါင်ခန့် ရှိပါတယ်။ တိကျသော ပုံရိပ်ကို ပေးစွမ်းနိုင်ပြီး သူ့ရဲ ဒီဇိုင်းကလည်း ကွီးတို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။

TCL 4-Series Roku TV (43S435)

best television

Photo : Tom’s Guide

ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ဈေးလည်းသက်သာတဲ့ LCD TV ကိုရှာနေတယ်ဆိုရင်တော့ TCL 4-Series Roku TV အမျိုးအစားရှိပါတယ်။ သူ့မှာ မျက်နှာပြင်အကျယ် ၄၃၊ ၅၀၊ ၅၅၊ ၆၅၊ ၇၅၊ ၈၅ လက်မ ဆိုပြီး ရွေးချယ်စရာ အရွယ်အစား ၆ မျိုး ရှိပါတယ်။ ၄၃ လက်မ မော်ဒယ်ကို ဒေါ်လာ ၃၀၀ အောက်ရနိုင်တဲ့အတွက် တကယ်ကို သင့်တင့်သော ဈေးနှုန်းဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ကတော့ ၁၅.၄ ပေါင်ရှိပါတယ်။ ကောင်းမွန်တဲ့ အရောင်တိကျမှုက ကွီးတို့ ရွေးချယ်ဖို့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။

Toshiba C350 Fire TV (2021 model)

best television

Photo : RINGS.com

ဒီ TV အမျိုးအစားမှာ မျက်နှာပြင်အကျယ် ၄၃၊ ၅၀၊ ၅၅ လက်မ ဆိုပြီး ရွေးချယ်စရာ (၃) မျိုးရှိပါတယ်။ သူ့ရဲ့ အကြီးဆုံး မျက်နှာပြင် အရွယ်အစား ၅၅ လက်မကိုတောင် ဒေါ်လာ ၅၀၀ အောက် ဈေးနှုန်းဖြင့် ရရှိနိုင်ပါတယ်။ သူ့ရဲ့ အလေးချိန်ကတော့ ၁၅ ပေါင်ရှိပါတယ်။ အလွန်သက်သာသောစျေးနှုန်းဖြင့် ကောင်းမွန်သော အင်္ဂါရပ်များနှင့် သင့်တင့်လျောက်ပတ်သော စွမ်းဆောင်ရည်ကို ပေးဆောင်နိုင်တာကြောင့် ကွီးတို့ ရွေးချယ်မဲ့ စာရင်းထဲကို ထည့်သွင်းထားသင့်တဲ့ အမျိုးအစားပါပဲ။

Source : Tom’s Guide

Featured Photo : Techrader