ကွီးတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အမြဲဖော်ပြပေးနေတဲ့ နာရီတွေဟာ အမျိုးသားတွေ အတွက်ရှိသင့်တဲ့ အသုံးအဆာင်တစ်ခုပါ။ လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ ကွီးတို့အတွက်လည်း နာရီများ ဟာ ကွီးတို့ရဲ့ အသွင်အပြင်ကို ပံ့ပိုးပေးနိုင်ပါတယ်။ အမျိုးသားတို့အတွက် နာရီများဟာ ဒေါ်လာထောင်ပေါင်းများစွာ ကနေ တန်ဖို့အသင့်အတင့်ရှိတဲ့ နာရီများအထိ အစားစားရှိပါတယ်။ သို့သော်လည်း ဈေးကြီးလွန်းတဲ့ နာရီတွေက မဖြစ်မနေလိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကွီးတို့ရဲ့ ဖက်ရှင်မှာ အားဖြည့်မဲ့ ဒေါ်လာ ၅၀၀ အောက် အကောင်းဆုံး နာရီများ ကို ဖော်ပြပေးချင်ပါတယ်။
Orient Mako II

Photo : Two Broke Watch Snobs
ဒေါ်လာ ၅၀၀ အောက် အကောင်းဆုံး နာရီများ ထဲက ပထမဆုံးတစ်ခုကတော့ Orient Mako II ပဲဖြစ်ပါတယ်။ ဒီနာရီကတော့ အဆင်မြင့်မားပြီး ဂန္တဝင်ဆန်တဲ့ စတိုင်လ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ သူ့ရဲ့ အချင်းကတော့ ၄၁.၅ မီလီမီတာ ဖြစ်ပြီး ရေစိုခံတဲ့ နာရီအမျိုးအစား ပဲဖြစ်ပါတယ်။ သူရဲ့ဈေးနှုန်းကတော့ ၁၃၉ ဒေါ်လာခန့်ကျသင့်မှာ ဖြစ်ပါတယ်။
Seiko 5 SNZG09K1

Photo : Ebay
ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တဲ့ နာရီကတော့ Seiko 5 SNZG09K1 ပဲဖြစ်ပါတယ်။ လူငယ်ဆန်ပြီး ဒိုင်ကွက်နည်းနည်းပိုကြီးတာမျိုး လိုချင်တဲ့ ကွီးတို့အတွက် တကယ်ကိုသဘောကျစေမှာပါ။ သူရဲ့ အချင်းကတော့ ၄၅ မီလီလီတာရှိပြီး ရေစိုခံတဲ့ နာရီအမျိုးအစားဖြစ်ပါတယ်။ လက်ကောက်ဝတ်သေးတဲ့သူတွေအတွက်တော့ အနည်းငယ် ကြီးနိုင်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ၁၄၅ ဒေါ်လာခန့်ကျသင့်မှာ ဖြစ်ပါတယ်။
Seiko Prospex Samuri

Photo : WATCHDAVID
နောက်ထပ်ဖော်ပြချင်တဲ့ ဒေါ်လာ ၅၀၀ အောက် အကောင်းဆုံး နာရီများ နောက်တစ်ခုကတော့ Seiko Prospex Samuri ပဲဖြစ်ပါတယ်။ ဒီခမ်းနားတဲ့ ပုံပန်းသဏ္ဍာန်နဲ့ တိကျတဲ့ အချိန်ကိုပေးစွမ်းနိုင်တာကြောင့် နေ့စဉ်ဝတ်ဆင်ဖို့ ရွေးချယ်နိုင်ပါတယ်။ နာရီရဲ့ အချင်းက ၄၄ မီလီလီတာ ရှိပြီး ရေစိုခံတဲ့ နာရီအမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ကတော့ ဒေါ်လာ၂၀၀ ကနေ ၃၀၀ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။
Casio G- Shock GWM5610

Photo : Popular Science
ကွီးတို့အတွက် ခပ်လန်းလန်း ဒီဂျစ်တယ်နာရီကိုမှ ရွေးချယ်ချင်တယ်ဆိုရင် Casio G- Shock GWM5610 နာရီ ရှိပါတယ်။ ဒီနာရီက အမိုက်စားပုံစံဖြစ်တဲ့အပြင် ထိခိုက်မှုနှင့် ရေဒဏ်ခံနိုင်ရှိတဲ့ နာရီအမျိုးအစားပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အနံကတော့ ၄၃ မီလီလီတာ ရှိပါတယ်။ သူရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ကျော်ကျသင့်မှာ ဖြစ်ပါတယ်။ အရောင်အလိုက် ဈေးကွာခြားမှု ရှိနိုင်ပါတယ်။
Q Timex Reissue Falcon Eye

Photo : Popular Science
ထူးခြားတောက်ပတဲ့ စတိုင်လ်နဲ့ အပြာရောင် ဒိုင်ခွက်ကို ရွှေရောင်အပိတ်များဖြင့် ပြုလုပ်ထားတဲ့ Q Timex Reissue Falcon Eye နာရီဟာလည်း ကွီးတို့ ဖက်ရှင်ကို အားဖြည့်ပေးမဲ့ ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။ သူရဲ့ ဒိုင်ကွက်ကတော့ ၃၈ မီလီမီတာ ရှိတဲ့ အတွက် ဒိုင်ကွက်သေးတာ ကြိုက်တဲ့ ကွီးတို့အကြိုက်တွေ့စေမှာပါ။ ဒီနာရီကလည်း ရေစိုခံနာရီအမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၁၄၂ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။
Source : Popular Science
Featured Photo : Fashion
