ကမ္ဘာပေါ်မှာ နည်းပညာ ကုမ္ပဏီ တွေက မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ထိုများပြားလှတဲ့ ကုမ္ပဏီများကလည်း တစ်နှစ်ပြီး တစ်နှစ် သူမတူတဲ့ ပြိုင်ဆိုင်မှုများနဲ့ နည်းပညာအသစ်များကို မိတ်ဆက်ပေးပြီး လူကြိုက်များအောင် ကြိုးစားလေ့ရှိပါတယ်။ ဒီလိုမျိုး များပြားလှတဲ့ ကုမ္ပဏီများထဲကမှ ကမ္ဘာမှာ နာမည်အကြီးဆုံး ကုမ္ပဏီတွေက ဘယ်ကုမ္ပဏီတွေဖြစ်မလဲ

အခုဖော်ပြပေးမှာကတော့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီများပဲဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီ (၅) ခုကတော့ အခုဖော်ပြပေးမယ့် ကုမ္ပဏီများပဲဖြစ်ပါတယ်။

Microsoft Corp. (MSFT)

Microsoft Corp. (MSFT)

Microsoft ကတော့ ကမ္ဘာ့ နာမည်အကြီးဆုံး ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးကွက် ဝင်ငွေအားဖြင့် ကြည့်မယ်ဆိုရင်တော့ ၃.၁ ထရီလီယံ ဒေါ်လာ ဝင်ကြေးရှိပါတယ်။ ဈေးအများဆုံးနဲ့ ထိပ်တန်း နေရာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူက ကမ္ဘာ့သက်တမ်း အရင့်ဆုံး ကုမ္ပဏီများထဲမှာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာ နိုင်ငံတကာမှာ နာမည်ကြီးလာတာပဲဖြစ်ပါတယ်။

Apple Inc. (AAPL)

Apple Inc. (AAPL)

Apple ရဲ့ ဈေးကွက် ဝင်ငွေကတော့ ၂.၈ ထရီလီယမ် ဒေါ်လာ ဝင်ကြေးရှိပါတယ်။ ကမ္ဘာ့လူကြိုက်အများဆုံး စမတ်ဖုန်းများ၊ လက်ပ်တော့များကိုလည်း Flagship စတိုင်လ် ထုတ်လုပ် ဖြန့်ချီနေတာဖြစ်ပြီး လူကြိုက်အများဆုံး နည်းပညာ ကုမ္ပဏီထဲမှာ သူလည်း တစ်ခု အပါအဝင်ပါပဲ။

Nvidia Corp. (NVDA)

နည်းပညာ ကုမ္ပဏီ

တတိယ နာမည်အကြီးဆုံး ကုမ္ပဏီကတော့ Nvidia Corp. (NVDA) ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးကွက် ဝင်ငွေကတော့ ၂.၂ ထရီလီယမ် ဒေါ်လာ တန်ကြေးရှိပါတယ်။ ၂၀၂၄ ခုနှစ်မှာအတွင်းမှာတော့ အကောင်းဆုံး တစ်ပိုင်း လျှပ်ကူးပစ္စည်းတွေကို တီထွင်တဲ့နေရာမှာ ထိပ်တန်းစာရင်းဝင်ပါတယ်။

Taiwan Semiconductor Manufacturing Co. Ltd. (TSM)

နည်းပညာ ကုမ္ပဏီ

ဒီကုမ္ပဏီရဲ့ ဈေးကွက်ဝင်ငွေကတော့ ဒေါ်လာ ၇၇၀ ထရီလီယမ် ရှိပါတယ်။ နည်းပညာ အဆင့်မြင့်မားတဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ဖန်တီးတဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ တစ်နှစ်ပြီး တစ်နှစ်မှာလည်း မတူတဲ့ ပုံစံနဲ့ ဈေးကွက် ချဲ့ထွင်လျက်ရှိပါသေးတယ်။

Broadcom Inc. (AVGO)

နည်းပညာ ကုမ္ပဏီ

နံပါတ် (၅) နေရာမှာ ရပ်တည်နေတာကတော့ Broadcom Inc. (AVGO) ပဲဖြစ်ပါတယ်။ Analog Semiconductor ပစ္စည်းများကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးကွက် ဝင်ငွေကတော့ ဒေါ်လာ ၆၁၆ ဘီလီယံ တန်ကြေး ရှိပါတယ်။ သူ့ပစ္စည်းများကိုလည်း Apple အပြင် အခြားသော နာမည်ကြီး ကုမ္ပဏီများကိုလည်း ရောင်းချလျက်ရှိနေပါသေးတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကုမ္ပဏီများထဲက တစ်ခုခုမှာ အလုပ်လုပ်ရမယ်ဆိုရင် ဘယ်ကုမ္ပဏီကို ရွေးချယ်မှာလဲ။

Source: Money.usnews

Featured Image: Growthbusiness.co.uk