ယနေ့ခေတ်လို နည်းပညာ အဆင့်မြင့်မားနေတဲ့ ခေတ်ကြီးထဲမှာ ကွီးတို့ရဲ့ လက် ချောင်းလေးတွေ လှုပ်လိုက်ရုံနဲ့တင် ကွီးတို့ လိုချင်တာတွေ အကုန် လုပ် လို့ရပါပြီ။ ဒါပေမဲ့ ကွီးတို့ လက်ထဲမှာ စမတ်ဖုန်း တစ်လုံးတော့ ရှိဖို့ လိုပါလိမ့်မယ်။ စမတ်ဖုန်းနဲ့ဆိုရင် ကွီးတို့ ဘာလုပ်လုပ် တင့်တယ်နေမှာ အမှန်ပါပဲ။

အခုဖော်ပြသွားမယ့် အရာတွေကို ကွီးတို့ လုပ်ဖူးတယ်ဆိုရင်တော့ ကွီးတို့သည် နည်းပညာကို ကောင်းကောင်းကြီး အသုံးချနိုင်တယ်ဆိုတာ ငြင်းဆိုဖွယ်ရာမရှိပါဘူး။

နည်းပညာ ကို အသုံးချကာ အိမ်မှာ နေရင်း လက် ချောင်းလေး နှိပ်လိုက်တာနဲ့ လိုချင်တာတွေ အကုန် လုပ် လို့ရ

man doing online shopping

ဈေးဝယ်စရာ တစ်ခုခုရှိတဲ့အချိန်မှာ ကွီးတို့ ဖုန်းကို အသုံးပြုပြီး ဈေးဝယ်ဖူးပါသလား။ ကိုယ့်ရဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများအတွက် လိုအပ်ရင်ပဲဖြစ်ဖြစ်၊ မီးဖိုချောင်အတွက် လိုအပ်တာတွေကို အွန်လိုင်းကနေ ဝယ်ဖူးတယ်ဆိုရင်တော့ ကွီးတို့က အချိန်ကို အကျိုးရှိရှိ အသုံးချတတ်တယ်ဆိုတာ အသေအချာပါပဲ။

မိတ္တူဆိုင် သွားစရာမလိုဘဲ ဖုန်းနဲ့ စကန်ဖတ်လို့ရ

phone scanner

အရေးကြီး စာရွက်စာတမ်းတချို့ကို စကန်ဖတ်ချင်တယ်ဆိုရင် မိတ္တူဆိုင်ကို တကူးတကကြီး သွားစရာမလိုတော့ပါဘူး။ ကွီးတို့ ဖုန်းကနေ စကန်ဖတ်လို့ရပါပြီ။ ကွီးတို့ဆီမှာ စမတ်ဖုန်း တစ်လုံး ရှိရုံနဲ့တင် ကွီးတို့ လိုချင်တဲ့ အရေးကြီး စာရွက်စာတမ်းတွေကို စကန်ဖတ်လို့ရပါပြီ။

ကားစက်နှိုးလို့လည်းရ

နည်းပညာ လက် လုပ်

ကွီးတို့ရဲ့ ကားကိုလည်း စက်နှိုးလို့ရပါပြီ။ ဒါပေမဲ့ ကွီးတို့ ကားမော်ဒယ်၊ ထုတ်လုပ်တဲ့နှစ်၊ အမျိုးအစားတို့ပေါ် မူတည်ပြီးတော့ ပြောင်းလဲဿွားနိုင်ပါတယ်။​ ဒါ့အပြင် ကားထဲက အပူချိန်ကိုလည်း ကွီးတို့ ကားထဲ မဝင်ခင်ကတည်းက ကိုယ် လိုချင်တဲ့ အပူချိန်ကို ကြိုတင်ချိန်ညှိထားလို့ရပါတယ်။

တီဗွီ ချန်နယ်တွေကိုလည်း တစ်ခုပြီး တစ်ခု ပြောင်းလို့ရ

နည်းပညာ လက် လုပ်

တီဗွီ ချန်နယ်တွေ ပြောင်းဖို့အတွက် ဆိုဖာပေါ်ကနေ ထပြီး တီဗွီ ရီမု သွားယူကာ တကူးတက ပြောင်းနေစရာ မလိုတော့ပါဘူး။ ကွီးတို့ ဖုန်းကနေ တဆင့် ပြောင်းလို့ရပါပြီ။ ဒါပေမဲ့ ကွီးတို့ရဲ့ စမတ်တီဗွီ ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ ဒါ့အပြင် စမတ်ဖုန်းနဲ့ တွဲချိတ်လို့ ရအောင် ဆက်တင်ကို ချိန်ထားဖို့ လိုအပ်ပါတယ်။

ဓာတ်ပုံ ရိုက်လို့ရ

နည်းပညာ လက် လုပ်

ဒါကတော့ ပြောနေစရာတောင်မလိုပါဘူး။ စမတ်ဖုန်းနဲ့ အများဆုံး ပြုလုပ်ကြတဲ့အရာကတော့ ဓာတ်ပုံရိုက်ခြင်းပဲဖြစ်ပါတယ်။ စမတ်ဖုန်း စပေါ်ကတည်းက ဆယ်လ်ဖီဆွဲတာမျိုးတွေကို ပြုလုပ်ကြပြီး စမတ်ဖုန်း ဝယ်ရင်လည်း ကင်မရာကောင်းတာမျိုးကို ရွေးပြီး ဝယ်ကြပါတယ်။

ကွီးတို့ရော ကွီးတို့ ဖုန်းနဲ့ ဘာတွေများ ပြုလုပ်လေ့ရှိပါသလဲ။

Source: Verizon

Featured Image: Loveinsuar.live