နည်းပညာ အသစ် တွေက တစ်နှစ်ပြီး တစ်နှစ်ပြီး အသစ် အသစ်တွေ ထပ်ခါတလဲလဲ ထွက်ပေါ် နေတာပဲဖြစ်ပါတယ်။ ဒီလို နည်းပညာ အ သစ် တွေကြောင့် နေ့စဥ်ဘဝမှာ လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်လာပြီး လူနေမှုအဆင့်အတန်းကလည်း ပိုမို မြင့်မားလာပါတယ်။ မနှစ်ကလည်း နည်းပညာအသစ်တွေ ထွက်ပေါ်လာခဲ့သလိုပဲ ဒီနှစ်ထဲမှာရော ဘယ်လို နည်းပညာ အ သစ် တွေ ထပ်ထွက်လာဦးမလဲဆိုတာ ရင်ခုန်စရာပါပဲ။

Generative AI နည်းပညာ

Generative AI

Photo: Softwebsolutions

၂၀၂၃ မှာကတည်းက အေအိုင် နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့တာ အခုဆိုရင် လူတော်တော်များများက အေအိုင်နဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိလာနေပါပြီ။ ၂၀၂၄ နှစ်သစ်မှာဆိုရင် အေအိုင်က ဘယ်လို ပြောင်းလဲမှုတွေကို ယူဆောင်လာပေးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ အေအိုင်ကြောင့် လူသားတွေရဲ့ လုပ်ငန်း ကိုင်ငန်းတွေက ထိခိုက်သွားမယ့် အရိပ်အယောင်တွေကိုလည်း မြင်တွေ့နေရပါတယ်။ အေအိုင်ကြောင့် လူသားမျိုးနွယ်တွေက ပျက်စီးသွားမယ့် အနေအထားအထိ ရောက်သွားနိုင်မှာလား ဆိုတာတွေကလည်း စိုးရိမ်ဖွယ်ရာပါပဲ။

ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေမယ့် နည်းပညာ အသစ်ဆိုတာ

နည်းပညာ သစ်

Photo: LinkedIn

ပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေမယ့် နည်းပညာ တစ်မျိုးဖြစ်တဲ့ Sustainable Technology ကိုလည်း စတင်မိတ်ဆက်ပေးဖို့ စီစဥ်နေကြပါတယ်။ ပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေမယ့် နည်းပညာတွေက ဘယ်လိုမျိုး နည်းပညာတွေလဲဆိုရင် လျှပ်စစ် စက်ဘီးများ၊ လျှပ်စစ် ကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုစေပြီး ဂေဟစနစ်ကို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ကူညီပေးခြင်းမျိုးပဲ ဖြစ်ပါတယ်။ ဒီနည်းပညာ အသုံးပြုကာ စက်ပစ္စည်းများ ကြာရှည်ခံအောင်နှင့် အဆင့်မြင့်မြင့် အသုံးပြုနိုင်အောင် တီထွင်သွားဖို့ အစီအစဥ်တွေလည်း ရှိပါသေးတယ်။

ကွန်မ်တမ် ကွန်ပျူးတင်း နည်းပညာ

နည်းပညာ သစ်

Photo: Bleuwire

ကွန်မ်တမ် တွက်ချက်ခြင်း နည်းပညာကို အသုံးပြုကာ လူနေမှု အဆင့်အတန်းတွေကို မြင့်မားလာအောင်လည်း ဖန်တီးသွားမှာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ကွန်မ်တမ် တွက်ချက်ခြင်း နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးမပြုသေးပေမယ့် ဟိုတစ်စ ဒီတစ်စ အသုံးပြုနေကြပါတယ်။ ဒီနည်းပညာကြောင့် ကုန်သွယ်မှုပိုင်းမှာ ပိုမို မြန်ဆန်လာအောင်နှင့် အလိမ် မခံရအောင် စစ်ထုတ်ပေးမယ့် နည်းပညာကိုလည်း ထည့်သွင်းထားမှာပဲ ဖြစ်ပါတယ်။ ဘဏ် လုပ်ငန်းနှင့် အခြားသော ဘဏ္ဍာရေး လုပ်ငန်းများကလည်း ဒီနည်းပညာပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ်တိုင် ကိုယ် နည်းပညာတီထွင်လို့ရမယ်ဆိုရင် ဘယ်လိုနည်းပညာ အသစ်တွေကို တီထွင်ဖန်တီးချင်ပါသလဲ။

Source: Forbes

Featured Image: Information-age