နည်းပညာများ ဖွံ့ဖြိုးလာမှုနဲ့ အတူ လူသားတို့အတွက် အသုံးအဆောင်ပစ္စည်းကိုလည်း နည်းပညာကို အသုံးပြုပြီး ဖန်တီးထုတ်လုပ်လာကြပါတယ်။ ထိုအထဲမှာ စမတ်နာရီတွေကလည်း အပါအဝင်ပါပဲ။ စမတ် နာရီတွေ က အချိန်ကြည့်ဖို့ တစ်ခုတည်းအတွက် မဟုတ်ဘဲ Voice Assistants၊ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုတို့အပြင် အစွမ်းထက် အာရုံခံကိရိယာများနှင့် ကျယ်ပြန့်သောအက်ပ်အစုံများ ပါရှိပါတယ်။ ဒါ့အပြင် စမတ် နာရီတွေက Workout လုပ်ရာမှာ ကူညီပေးနိုင်တဲ့ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုခြေရာခံကိရိယာများထဲမှတစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့် နည်းပညာခေတ်မှာ နာရီတွေ က အချိန်ကြည့်ဖို့ထက် လုပ်နိုင်တာတွေ အများကြီးပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက် အကောင်းဆုံး စမတ်နာရီတွေကို ဖော်ပြပေးချင်ပါတယ်။
Apple Watch Series 8

Photo : SOGO
အကောင်းဆုံး စမတ်နာရီတွေထဲက တစ်ခုကတော့ Apple Watch Series 8 ပဲ ဖြစ်ပါတယ်။ ၎င်းရဲ့ အလေးချိန်ကတော့ ၃၈.၈ ဂရမ်ပဲ ရှိပါတယ်။ ဘက်ထရီသက်တမ်းအနေနဲ့ကတော့ ၁၈ နာရီလောက် ခံပါတယ်။ စမတ်နာရီ တစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်အားလုံးပါဝင်ပြီး အတိုင်းအတာတစ်ခုထိ Water Resistance ဖြစ်ပါတယ်။ ဒါ့အပြက် အိပ်စက်ခြင်းအတွက် အပူချိန်ကိုလည်း အာရုံခံနိုင်ပါတယ်။ iOS ကိုပဲ ကြိုက်တဲ့ သူတွေအတွက်တော့ အဆင်ပြေစေမယ့် စမတ်နာရီ တစ်လုံးပါပဲ။
Samsung Galaxy Watch 5 Pro

Photo : Schiavotto
ကွီးတို့က လေးထောင့်ပုံစံ စမတ်နာရီတွေကို မကြိုက်ဘူးဆိုရင် Samsung ထဲမှာ အဝိုင်းပုံစံ စမတ်နာရီ ရှိပါတယ်။ ၎င်းကို ပေါ့ပါးတဲ့ တိုက်တေနီယမ် ဖြင့် ပြုလုပ်ထားပြီး Sapphire Glass AMOLED မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။ ၎င်းရဲ့ အလေးချိန်ကတော့ ၄၆.၅ ဂရမ်ရှိတဲ့အတွက် Apple Watch Series 8 ထက်တော့ နည်းနည်းပိုလေးပါတယ်။ ဒါ့အပြင် ဘက်ထရီကြာရှည်ခံမှု ကောင်းမွန်ခြင်း၊ သွေးတွင်းအောက်ဆီဂျင် စောင့်ကြည့်ခြင်း၊ ECG နှင့် အိပ်စက်ခြင်းခြေရာခံခြင်းကဲ့သို့သော အဆင့်မြင့် ကျန်းမာရေးခြေရာခံခြင်း အင်္ဂါရပ်များစွာလည်း ပါရှိပါတယ်။ ဒီစမတ်နာရီက အရွယ်အစားနည်းနည်း ကြီးတာကြောင့် လက်ကောက်ဝတ်သေးတဲ့ သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။
Fitbit Sense

Photo : Notebook Check
သက်တောင့်သက်သာနဲ့ နေ့တိုင်းဝတ်ဆင်ဖို့အတွက် စမတ်နာရီရှာနေတယ်ဆိုရင်တော့ ဒီ Fitbit Sense Smart Watch ရှိပါတယ်။ တောက်ပကြည်လင်သော AMOLED မျက်နှာပြင် ကိုတပ်ဆင်ထားပြီး Google Assistant နှင့် ဖုန်းခေါ်ဆိုမှုကို ပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့ ဘက်ထရီသက်တမ်းကတော့ အံ့သြစရာကောင်းလောက်အောင် ၆ ရက်ထိ ခံတာကြောင့် တော်တော်လေး အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ Fitbit Sense ရဲ့ နောက်ကျောမှာ အပိုအာရုံခံကိရိယာများပါရှိပြီး ECG၊ အရေပြားအပူချိန်နှင့် ပိုမိုအဆင့်မြင့်သော ကျန်းမာရေးတိုင်းတာမှုအချို့ကို ပံ့ပိုးပေးထားပါတယ်။
Garmin Forerunner 255

Photo : Hondinky 365.com
ဒီစမတ်နာရီကတော့ အဆင်မြင့် လုပ်ဆောင်ချက် အာရုံခံ ကိရိယာများ ပါရှိပြီ iPhone နဲ့ဖြစ်စေ Android နဲ့ဖြစ်စေ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ဘက်ထရီသက်တမ်းက စမတ်နာရီမုဒ်တွင် 12 ရက်အထိ ကြာရှည်ခံပြီး GPS မုဒ်တွင် 26 နာရီအထိ ကြာရှည်ခံတာက တကယ်ကို ရွေးချယ်ချင်စရာပါပဲ။ အားကစားသမားများအတွက် ၎င်းတို့ရဲ့ လေ့ကျင့်မှုကို ခြေရာခံရန်နဲ့ အဆင်မြှင့်တင်ရန် Garmin စမတ်နာရီကို ရွေးချယ်သင့်ပါတယ်။ ဒီ စမတ်နာရီမှာ စမတ်နာရီတစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်များ အားလုံးပါဝင်သော်လည်း ဖုန်းခေါ်ဆိုမှုတော့ မပြုလုပ်နိုင်ပါဘူး။
ကွီးတို့ရေ နည်းပညာခေတ်မှာ စမတ် နာရီတွေ ရဲ့ လုပ်ဆောင်နိုင်မှုက တကယ်ကို အံ့မခန်းပါပဲ။ စမတ်နာရီ ဝယ်ဖို့စဉ်းစားနေတဲ့ ကွီးတို့အတွက် ရွေးချယ်ရလွယ်ကူစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
Source : ZDNET
Featured Photo : Hip2
