နတ်သား တစ်ပါးလို ပျိုမေတိုင်း သမင် လည်ပြန်ငေးမယ့် ခန္ဓာကိုယ် တစ်ခု ပိုင်ဆိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက် ခိုင်မာရမှာဖြစ်ပြီး စည်းစနစ်တကျ လိုက်လုပ်နိုင်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတော့ ရှိဖို့ လိုအပ်ပါတယ်။

ကွီးတို့အနေနဲ့ နတ်သား တစ်ပါးလို ခန့်ညားလှပတဲ့ ခန္ဓာကိုယ် တစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာနိုင်ပါ့မလားဆိုတာ ဆက်လေ့လာကြည့်လိုက်ပါ။

အဆင့် (၁)

tips for men

အသင့်စား အစားအစာများကို ရှောင်ကြဥ်ပါ။

အသင့်စား အစားအစာများလို့ ခေါ်ဆိုရာမှာ ရယ်ဒီမိတ်အစားအစာများသာမက ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာများအားလုံးကို ဆိုလိုပါတယ်။ ဒါ့အပြင် ကယ်လိုရီ များလွန်းသော အစားအစာများ၊ သကြားဓာတ် လွန်ကဲသော အစားအစာများ၊ အပြင်စာများ အားလုံးကို ရှောင်ကြဥ်ရမှာ ဖြစ်ပါတယ်။

အဆင့် (၂)

tips for men

ရေများများ သောက်ပါ။

ကွီးတို့က အလုပ်စားပွဲမှာပဲ ထိုင်နေနေ၊ ကားထဲမှာပဲ ထိုင်နေနေ ကိုယ့်မျက်စိရှေ့မှာ ရေတစ်ပုလင်းကို အမြဲတမ်း ထားထားပြီး ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝစွာ ရရှိဖို့ရန်အတွက် ရေများများ သောက်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ အသားအရေက မွဲခြောက်ခြောက် ဖြစ်မနေဘဲ အသားအရေ စိုပြေကာ ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။

အဆင့် (၃)

tips for men

အစားအစာဖြင့် ထိန်းပါ။

အစားအစာများကို မိမိစိတ်ကြိုက် ထင်တိုင်း စားသုံးတာမျိုး ပြုလုပ်နေလို့ မရပါဘူး။ အဆီ၊ အဆိမ့်များလည်း လျော့စားမှသာလျှင် အဆီပို ကင်းမဲ့ပြီး နတ်သား တစ်ပါးလို ပျိုမေတိုင်း သမင် လည်ပြန်ငေးမယ့် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဝိတ်လျော့ဖို့ဆိုပြီး အစားအစာများ လျော့စားတာမျိုးသည် ကွီးတို့ ခန္ဓာကိုယ်ကို ဝိတ်ပိုတက်စေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် တစ်နေ့ သုံးနပ် မှန်မှန်စားပါ။

မနက်စာကို များများစားပြီး နေ့လည်စာနှင့် ညစာကို လျော့စားပါ။ ထမင်းစားတဲ့အခါမှာလည်း ပမာဏ နည်းနည်းဖြင့် အကြိမ်ရေ များများ စားသုံးပါက ဝိတ်ကျဖို့အတွက် ပိုမိုအထောက်အပံ့ ပေးနိုင်ပါတယ်။

အဆင့် (၄)

tips for men

လေ့ကျင့်ခန်း ပြုလုပ်ပါ။

စောစောက ဖော်ပြပြီးသွားတဲ့ အချက် (၃) ချက်နဲ့တင် မလုံလောက်သေးပါဘူး။ ဝိတ်ကျပြီး ခန္ဓာကိုယ် ကျစ်လျစ်တောင့်တင်းချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။​ ကွီးတို့ကို ခန္ဓာကိုယ် တောင့်တင်းသန်မာပြီး ကြည့်ကောင်းအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းများလည်း ရှိပါတယ်။

လေ့ကျင့်ခန်း (၁)

နတ်သား ခန္ဓာကိုယ်

Source: Blog.scdhec.gov

ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေကာ လက်နှစ်ဖက်က ဘောလုံးတစ်လုံးကို ကိုင်ထားလိုက်ပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သားကို အသုံးပြုကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွလိုက်ပြီး ဘောလုံးနဲ့ ညှိုသကြီးတို့ကို ထိကပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

နတ်သား ခန္ဓာကိုယ်

Source: Giphy

ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ်နေပြီး ခြေထောက်နှစ်ဖက်ကို အပေါ်မြှောက်လိုက် ကြမ်းပြင်နဲ့ ထိကပ်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

နတ်သား ခန္ဓာကိုယ်

Source: Central.gymshark

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပြီး ဒူးနှစ်ဖက်ကို အနည်းငယ် ကွေးထားလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို အနည်းငယ် ကွေးထားကာ အလေးတန်းကို အပေါ်သို့ မြှောက်လိုက်ပါ။ အလေးတန်းကို မြှောက်လိုက်၊ ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

နတ်သား ခန္ဓာကိုယ်

Source: GQ

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားနှင့် ရင်အုပ်ကြွက်သားများကို ကျစ်လျစ်သန်မာလာအောင် ကူညီပေးပြီး ကွီးတို့ လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားမျိုး ရရှိပိုင်ဆိုင်ဖို့ရန်အတွက် တစ်စိုက်မတ်မတ် လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

နတ်သား ခန္ဓာကိုယ်

Source: Imgur

အရင်ဦးဆုံး ခန္ဓာကိုယ်ကို တစောင်းအနေအထား လှဲလျောင်းလိုက်ပါ။ ထို့နောက် ညာခြေကို အပေါ်သို့ မြှောက်ကာ ဝမ်းဗိုက်ကြွက်သားကို ညှစ်ပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွပေးရပါမယ်။

စုစုပေါင်း ၁၅ ကြိမ် ပြည့်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို ဘက်ပြောင်းပြီး ထိုနည်းအတိုင်း ဆက်လက်ပြုလုပ်ပေးရပါမယ်။

အခုဖော်ပြသွားတဲ့ အဆင့်မျိုးစုံကို ကွီးတို့ တစ်စိုက်မတ်မတ် လိုက်လုပ်နိုင်မှသာလျှင် ကွီးတို့ လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကို ရရှိပိုင်ဆိုင်နိုင်မှာပါ။

Source: Realbuzz

Featured Image: Freepik