မိုးအကုန် ဆောင်းအကူး ဆောင်းဦးကာလလေးဆီသို့ ရောက်ရှိလာခဲ့ ပြန်ပါပြီ။ ဆောင်းဦးရာသီဆိုတော့ ရာသီဥတုက ခြောက်ခြောက်သွေ့သွေ့လေးနဲ့ မပူလွန်း မအေးလွန်းတဲ့ ကာလလေးပဲဖြစ်ပါတယ်။ ဒီလို ရာသီဥတု သာယာတဲ့ နိုဝင်ဘာ လအတွင်းမှာ ခရီးသွား လည်ပတ် ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများဆီသို့ သွားရောက်လည်ပတ်သင့်ပါတယ်။
အီဂျစ်နိုင်ငံ

အက်ရှင်ဇာတ်လမ်းတွေထဲက ခမ်းနားထည်ဝါလှတဲ့ ပိရမစ်တွေကို ကြည့်ရှုရင်း အီဂျစ်နိုင်ငံရဲ့ အလှအပကို ရင်သပ်ရှုမောခံစားနေမိပါသလား။ ထိုပိရမစ်များရှိရာဆီသို့ ခြေဆန့်ရင်း ခမ်းနားထည်ဝါတဲ့အလှကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားချင်တယ်ဆိုရင်တော့ နိုဝင်ဘာ လအတွင်း သွားရောက် လည်ပတ် တာ အကောင်းဆုံးပါပဲ။ ဒီနိုဝင်ဘာလထဲမှာဆိုရင် ဘုရင် တုတမန်ခမ်ရဲ့ မံမီရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားအစီအစဥ်လည်း ရှိပါသေးတယ်။ ဒါ့အပြင် နှစ်အတော်ကြာ ဖွင့်ဖို့ နှောင့်နှေးနေခဲ့တဲ့ ကိုင်ရိုမြို့အနီးရှိ Grand Egyptian ပြတိုက်သည်လည်း နိုဝင်ဘာထဲမှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များထဲက တစ်ခုကို လေ့လာချင်တယ်ဆိုရင်တော့ အီဂျစ်ရှိ ပိရမစ်များဆီသို့ သွားရောက်လည်ပတ်သင့်ပါတယ်။
နယူးအော်လန်ရှိ Louisiana မြို့

နိုဝင်ဘာ လအတွင်း ဘာ့ကြောင့် နယူးအော်လန်ရှိ Louisiana မြို့သို့ သွားရောက် လည်ပတ် သင့်သလဲဆိုတော့ ထိုလထဲမှာ ပွဲတော်အများအပြား ပြုလုပ်ကျင်းပသွားမှာမို့လို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ကံကောင်းတယ်ဆိုရင် ထိုပွဲတော်များမှာ ဝင်ရောက်ကာ ပါဝင်ဆင်နွှဲနိုင်မှာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာဆိုရင် Crescent ပန်းခြံထဲတွင် ကာရေဘီယန် ယဥ်ကျေးမှု၊ ရိုးရာဟင်းလက်ရာများ၊ တေးဂီတပွဲတော်များကို ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ နိုင်ဝင်ဘာ ၃ ရက်ကနေ ၈ ရက်နေ့အထိကတော့ နယူးအော်လန် ရုပ်ရှင်ပွဲတော်ကို နေရာစုံ တော်တော်များများမှာ ပြုလုပ်ဖို့ စီစဥ်ထားကြပါတယ်။ ဒါ့အပြင် National WWII ပြတိုက်မှာလည်း ရှိုးပွဲပြုလုပ်သွားဖို့လည်း ရှိပါသေးတယ်။
နယူးယောက်ခ်

နိုဝင်ဘာလအတွင်းတွင် နယူးယော့ခ်မြို့တွင် ဆောင်းဦးနှင့် ဆောင်းရာသီတို့ ပေါင်းစပ်ထားတဲ့ အငွေ့အသက်ကို တွေ့မြင်ခံစားရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် Central Park မှာဆိုရင် ထိုရာသီရဲ့ လှပတဲ့ အပြင်အဆင်များကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမယ့် ပွဲတော်မျိုးစုံလည်း ရှိတဲ့အတွက်ကြောင့် သွားရောက် လည်ပတ် သင့်တဲ့ မြို့တစ်မြို့ထဲမှာ သူလည်း အပါအဝင်ပါပဲ။
Mississippi ပြည်နယ်ရှိ Natchez မြို့

ဒီမြို့ကတော့ Mississippi ရှိ ရှေးအကျဆုံး မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ ရှေးဟောင်း အဆောက်အအုံပေါင်း ၅၀၀ ကျော် တည်ရှိပြီး သမိုင်းအငွေ့အသက်များနှင့် ပြည့်နှက်နေပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့မှာလည်း ပန်းချီချစ်သူများအတွက် ပန်းချီပြပွဲအခမ်းအနားများ ပြုလုပ်ပေးသွားဖို့ရှိပါတယ်။
ဟာဝိုင်အီ

ပင်လယ်ကမ်းခြေများဆီသို့ အရောက်လှမ်းချင်တယ်ဆိုရင်တော့ ဟာဝိုင်အီ ဒေသလေးကိုပဲ ညွှန်းပေးလိုက်ချင်ပါတယ်။ သဘာဝလေကောင်းလေသန့်များကို တဝကြီး ရှူရှိုက်ရင်း နူးညံ့တဲ့ သဲသောင်ပြင်ပေါ်မှာ ပြေးလွှားဆော့ကစားကာ သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပကို တဝကြီး ထိတွေ့ခံစားနိုင်ပါတယ်။
ကွီးတို့ရော နိုဝင်ဘာ လအတွင်းမှာ ဘယ်နေရာဒေသများဆီသို့ သွားရောက် လည်ပတ် ဖို့အတွက် စီစဥ်ထားပါသလဲ။
Source: Travelandleisure
Featured Image: Freepik
