ကွီးတို့က အတွေ့အကြုံ တစ်ခုမှ မရှိသေးတဲ့ အတွေ့အကြုံ နု တဲ့ ကွီးတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားမှသာလျှင် ချစ်တင်းနှော သင့်ပါတယ်။ နို့မဟုတ်ရင် ကွီးတို့ အတွေ့အကြုံ နု တဲ့အတွက်ကြောင့် ချစ်တင်းနှော တဲ့အခါ (သို့) ချစ်တင်းနှော ပြီးတဲ့နောက်မှာ မဖြစ်သင့်တာတွေ ဖြစ်သွားပါလိမ့်မယ်။
ကျွန်တော်တို့ နိုင်ငံလို ယဥ်ကျေးမှုနဲ့ ဘာသာရေးရဲ့ သွန်သင် ဆုံးမမှုတွေကြောင့် ချစ်တင်းနှော ခြင်းကို ရှက်စရာ ကိစ္စ တစ်ခုလို့ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒါသည် နှစ်ကိုယ်ကြား ကိစ္စဖြစ်တာကြောင့် ယောကျာ်း မိန်းမ ကာယကံရှင် ပတ်သတ်သူတွေအကြား သူ့အလိုလို ဖြစ်တည်လာတဲ့ သွေးသား တောင့်တမှု တစ်ခုပဲ ဖြစ်ပါတယ်။
ရှက်ကြောက်နေတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာများကို ကြုံတွေ့နေရခြင်း ဖြစ်ပါတယ်။
အဲ့ဒီလို မရှက်မကြောက်ဖို့အရေး အတွေ့အကြုံ နု တဲ့ ကွီးတို့အနေနဲ့ ချစ်တင်းနှော ဖို့ မဆုံးဖြတ်ခင်ကတည်း သိထားသင့်တဲ့ အချက်များကို သိထားဖို့ လိုအပ်ပါတယ်။
(၁) ကွီးတို့ ခန္ဓာကိုယ်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး
ချစ်တင်းနှော လိုက်လို့ ခန္ဓာကိုယ်က ဘယ်လိုမျိုး ပြောင်းလဲဿွားလဲ မသိဘူးဆိုရင် အိုးတိုးအန်းတမ်းနဲ့ ရှက်ကြောက်နေစရာ မလိုပါဘူး။ ကွီးတို့က ဘယ်နှကြိမ် ချစ်တင်းနှော နှော ကွီးတို့ ခန္ဓာကိုယ်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ချစ်တင်းနှော ခါနီးမှာ ကွီးတို့ ညီလေးက အိပ်ရာ နိုးထလာတာက လွဲရင်ပေါ့။ သူ အိပ်ရာ နိုးလာမှပဲ ကွီးတို့လည်း ချစ်တင်းနှော နိုင်မှာ မဟုတ်လား။
(၂) ဘေးအန္တရာယ်ကင်းကင်းနဲ့ ချစ်တင်းနှော ပါ
အကာအကွယ် သုံးခြင်း၊ တားဆေးများ အသုံးပြုခြင်းက ကိုယ်ဝန် တားဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကျန်းမာရေး ပြဿနာတွေ ဝင်မလာအောင် တားဆီးဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်နဲ့ ချစ်တင်းနှောမယ့် ပါတနာကလည်း ရောဂါ အရှုပ် အရှင်း ကင်းဖို့လည်း လိုအပ်ပါတယ်။
(၃) နာကျင်ရမှာလား
ပထမဦးဆုံး အကြိမ်က အရမ်း နာကျင်ရတယ် ဆိုတာ တကယ်တော့ ယုံတမ်း စကားတွေပါ။ ရာနှုန်းပြည့် မှန်ကန်နေတာတော့ မဟုတ်ပါဘူး။ ပထမဦးဆုံး အကြိမ်ဖြစ်တဲ့အတွက်ကြောင့် အတွေ့အကြုံလည်း မရှိတော့ အဆင် မပြေတာတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ပြီးတော့ နှစ်ယောက်စလုံးက စိတ်မပါရင် သဘာဝ ချောဆီက ဘယ်လိုမှ ထွက်လာမှာမဟုတ်လို့ ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။
ဒီအချက်တွေကို သိထားပြီးမှသာလျှင် ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ချစ်တင်းနှော ဖို့ ပြင်ဆင်သင့်ပါတယ်။
ကွီးတို့ရဲ့ ပထမဦးဆုံး အကြိမ်က အဆင်ပြေပြေ ပြီးဆုံးနိုင်ကြပါစေကြောင်း….
Source: News18
Featured Image: Astroglide.co.uk