နေကာမျက်မှန် တွေက ကျွန်တော်တို့ရဲ့ မျက်လုံးကို နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန် ရောင်ခြည်များ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးတဲ့အပြင် ယနေ့ခေတ် ဖက်ရှင် ရေစီးကြောင်းမှာလည်း မပါမဖြစ်တဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ နေကာမျက်မှန်နဲ့ တောက်ပတဲ့ နေရာင်အောက်မှာ ကွီးတို့နဲ့လိုက်ဖက်ညီစွာ အထာကျဖို့ ဆိုရင်တော့ သိထားရမယ့် အချက်လေးတွေ ရှိပါတယ်။

ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ပုံစံကို ရွေးချယ်ပါ

နေကာမျက်မှန်နဲ့ အထာကျဖို့

Photo : City Live

လူတစ်ယောက်နဲ့ တစ်ယောက် မျက်နှာပုံစံတွေက မတူညီကွဲပြားနေပြီး နေကာမျက်မှန်တွေကလည်း ဒီဇိုင်းမျိုးစုံ အရောင်မျိုးစုံရှိတဲ့အတွက် ကိုယ်မျက်နှာနဲ့ လိုက်ဖက်တာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ မျက်နှာအကျနဲ့ လိုက်ဖက်တဲ့ ပုံစံကို သေချာရွေးချယ်ဝယ်ယူပါ။ နောက်တစ်ချက်ကတော့ သက်တောင့်သက်သာ ဖြစ်ဖို့ အရေးကြီးတာကြောင့် မျက်မှန်ကိုင်းတွေ ကျပ်လွန်းတာမျိုးကို မရွေးချယ်မိဖို့ သတိပြုပါ။

ကိုယ် ဝတ်ဆင်နေကျ ပုံစံနဲ့ လိုက်ဖက်တဲ့ အရောင်ဖြစ်ပါစေ

နေကာမျက်မှန်နဲ့ အထာကျဖို့

Photo : Vint & York

ကွီးတို့ရဲ့ မျက်နှာနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်ဒီဇိုင်းကို ရွေးချယ်ပြီးပြီဆိုရင် နောက်သတိထားရမယ့် အချက်ကတော့ အရောင်ပါပဲ။ နေကာမျက်မှန်တွေမှာ အရောင်အမျိုးမျိုးရှိတာကြောင့် ကွီးတို့နေ့စဉ် ဝတ်ဆင်နေကျ ပုံစံနဲ့လိုက်ဖက်တဲ့ အရောင်ကို သေချာရွေးချယ်ဖို့လိုပါတယ်။ ဒါမှသာ လိုက်ဖက်ညီမှုရှိပြီး စတိုင်လ်မိမိ အထာကျနေမှာပါ။ အနက်ရောင် မှန်ဘီလူးနဲ့ နေကာမျက်မှန်တွေက အဝတ်အစား တော်တော်များများနဲ့လိုက်ဖက်ပြီး ပယင်းရောင် ၊ အညိုရောင် ၊ အပြာရောင်နဲ့ အစိမ်းရောင် တွေကလည်းလူကြိုက်များတဲ့ ရွေးချယ်မှုထဲမှာ ပါပါတယ်။

နေကာမျက်မှန်ကို အသုံးချတတ်ပါစေ

နေကာမျက်မှန်နဲ့ အထာကျဖို့

Photo : Layoners

ကွီးတို့အနေနဲ့ နေရိပ်ထဲကို ပြန်ရောက်လို့ နေကာမျက်မှန်ကို ချွတ်ဖို့လိုတယ်ဆိုရင် ခေါင်းပေါ်မှာ အသာအယာ တင်ထားလိုက်ပါ။ ဒီလို စတိုင်လ်ကျတဲ့ ဖြေရှင်းနည်းက ကွီးတို့ကို ပေါ့ပါးလွတ်လပ်တဲ့ စတိုင်လ်နဲ့ လန်းဆန်းမှုသော အသွင်အပြင်ကို ရရှိစေပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ ကွီးတို့ အင်္ကျီမှာ ချိတ်ထားလိုက်တာပါပဲ။ ဒီလို အသွင်အပြင်က ပေါ့ပါးလွတ်လပ်ပြီး ပေါ့ပါးသွက်လက်ပြီး အားစိုက်ထုတ်မှု ကင်းမဲ့ပြီး စတိုင်လ်ကျနေစေမှာပါ။

အခြားသော အသုံးအဆောင်များကို လျှော့ချပါ

Photo : Thefashionisto

နေကာမျက်မှန်ကို ဝတ်တဲ့အခါမှာ ကွီးတို့အနေနဲ့ အခြားသော အသုံးအဆောင်တွေ အများကြီး ဝတ်ဆင်ဖို့ မလိုပါဘူး။ နေကာမျက်မှန်တစ်ခုတည်းနဲ့ ကွီးတို့ရဲ့ စတိုင်လ်ကို သိသိသာသာ ပံ့ပိုးပေးနိုင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ အထာကျနေစေပါလိမ့်မယ်။ အခြားသော အသုံးအဆောင်များကို မလိုအပ်ပဲ ဝတ်ဆင်မိရင် ကွီးတို့ရဲ့ အသွင်အပြင်ကို သက်ရောက်နိုင်မှာကို သတိပြုပါ။ Accessories တွေအများကြီး မသုံးချင်တဲ့ ကွီးတို့အတွက်လည်း နေကာမျက်မှန် ကောင်းကောင်းတစ်လက် ရှိထားရုံနဲ့ လုံလောက်ပါတယ်။

မျက်လုံးကို ထိထိရောက်ရောက် ကာကွယ်နိုင်တာမျိုးကို ရွေးချယ်ပါ

Photo : Glasses Direct

ကွီးတို့ရေ နေကာမျက်မှန်တွေက စတိုင်လ်ကျစေတဲ့အပြင် မျက်လုံးကိုပါ ကာကွယ်ပါတယ်။ ဒါကြောင့် မျက်လုံးကို အန္တရာယ်ရှိစေတဲ့ UV Rays တွေကနေ အပြည့်အဝ ကာကွယ်နိုင်တဲ့ အမျိုးအစားဖြစ်ရပါမယ်။ ကွီးတို့ အရမ်းသဘောကျနေတဲ့ မျက်မှန် အမျိုးအစားက မျက်လုံးကို မကာကွယ်နိုင်ဘူးဆို ရင် ကြည့်ကောင်းဖို့ တစ်ခုတည်းနဲ့အတွက် မရွေးချယ်သင့်ပါဘူး။ မျက်လုံးတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီး ကွီးတို့ အကြိုက်ဖြစ်တဲ့အထိ ဆက်လက်ရွေးချယ်ပါ။

ကွီးတို့ရေ နေကာမျက်မှန်နဲ့ အထာကျဖို့ ဆိုရင် ဒီလိုအချက်လေးတွေကို သိရှိထားဖို့ လိုပါတယ်။ နေကာမျက်မှန်တစ်လက်က ကွီးတို့ရဲ့ စတိုင်လ်ကို အများကြီး ပြောင်းလဲစေနိုင်တာကြောင့် နေကာမျက်မှန် ရွေးချယ်တော့မယ်ဆိုရင် ဒီလိုအချက်နဲ့ ရွေးချယ်ဝယ်ယူပါ။

Source : Rapp Limited

Fetured Photo : RANDOLPH