ကမ္ဘာပေါ်က နေရာ စုံဆီကို အမြန်ဆုံး နည်းနဲ့ ပန်းကန်လုံးစီးပြီး အနားယူ အပန်းဖြေဖို့ စီစဥ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာတွေက မသွားမဖြစ် သွားလည်သင့်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ပိုက်ဆံကုန်ရကျိုးလည်း နပ်ပြီး ကမ္ဘာပေါ်က အလှအပတွေကို ငေးမောကြည့်ရှုခံစားနိုင်ပါတယ်။
ပဲရစ်
ပဲရစ်ကတော့ ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ယဥ်ကျေးမှုပိုင်းနဲ့ ပတ်သက်လာရင်လည်း ခမ်းနားထည်ဝါလှပတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ရှင်နဲ့ ပတ်သက်လာလျှင်လည်း ဖက်ရှင်မြို့တော်လို့ ခေါ်ဝေါ်ရသည်အထိ နာမည်ကြီးတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ အီဖယ်မျှော်စင်ကြီးဟာဆိုရင်ဖြင့် ကမ္ဘာ့အထင်ကရ အဆောက်အဦး တစ်ခုဖြစ်တဲ့အခါ ဗိသုကာလက်ရာမြောက်တဲ့ ဂန္တဝင်ဘုရားကျောင်းကြီးများလည်း တည်ရှိပါတယ်။ ကမ္ဘာ့အထင်ရှားဆုံး မိုနာလီဇာ ပန်းချီကားကြီးကလည်း ပဲရစ်မြို့ရဲ့ နာမည်အကြီးဆုံး ပြတိုက်ထဲမှာ တည်ရှိပါတယ်။ ဒီ နေရာ ကို မသွားဖူးသေးဘူးဆိုရင်တော့ အမြန်ဆုံး နည်းနဲ့ ပန်းကန်လုံးစီးပြီး လှိမ့်သင့်ပါပြီ။
ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံမှာလည်း လည်ပတ်လို့ရတဲ့ နာမည်ကြီးမြို့တွေ အများကြီးပါပဲ။ တိုကျိုလား၊ ကျိုတိုပဲ သွားချင်သလား၊ လည်ပတ်လို့ကောင်းပြီး သဘာဝနဲ့ ထိတွေ့ချင်သူများအတွက်လည်း နာမည်ကြီး ဖူဂျီတောင်ကြီးက ကွီးတို့ကို ကြိုဆိုနေမှာပါ။ ထို့နောက် အိုဆာကာမြို့ကိုလည်း မေ့မထားသင့်ပါဘူး။ တစ်နေရာနဲ့တစ်နေရာ သဘာဝ အလှအပတွေကလည်း မတူညီဘူးဆိုတော့ ကွီးတို့တွေ သဘောကျ နှစ်ခြိုက်ကြမှာ အသေအချာပါပဲ။
ဗင်းနစ်
ဗင်းနစ်မြို့လေးကတော့ အီတလီနိုင်ငံရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ ရိုမန့်တစ်ဆန်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ရိုမန့်တစ်ဆန်တဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက်ကြောင့် ခရီးသွားချစ်သူများအကြား နာမည်ကြီးပါတယ်။ ရေပေါ် မြို့လေးတစ်မြို့ဖြစ်ပြီး ထိုမြို့လေးရဲ့ ဂန္တဝင်မြောက် ဗိသုကာ လက်ရာများကို ရင်သပ်ရှုမောစွာ လေ့လာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ အစားအသောက် ချစ်သူများအနေနဲ့လည်း ဒေသထွက် အစားအစာများကို မြည်းစမ်းစားသုံး နိုင်ပါသေးတယ်။
မော်လ်ဒိုက်
မော်လ်ဒိုက်ကတော့ ကမ်းခြေ ချစ်သူများအကြား ရေပန်းအစားဆုံးနဲ့ နာမည်အကြီးဆုံး နေရာတစ်ခုဖြစ်ပါတယ်။ အင်စတာဂရမ်မှာလည်း နာမည်ကြီးတဲ့ မြို့တစ်မြို့ဖြစ်ပြီး လည်ပတ်သူအများအပြားကလည်း အင်စတာဂရမ်မှာ တက်ခ်တွဲကာ မန်းရှင်းအလုပ်ခံရတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့လည်း မော်လ်ဒိုက်ကို ရောက်ဖြစ်တယ်ဆို အင်စတာဂရမ်နဲ့ အခြားသော ဆိုရှယ်မီဒီယာများထံမှာ ပို့စ်တင်ပြီး ဘော်ဒါတွေကို ကြွားလုံးထုတ်နိုင်ပါတယ်။
လန်ဒန်
အင်္ဂလန်နိုင်ငံသို့ ရောက်ရှိတဲ့အခါ လန်ဒန်ကို မဖြစ်မနေ သွားရောက်လည်ပတ် သင့်ပါတယ်။ လန်ဒန်မြို့ရှိ အထင်ကရ နေရာများကတော့ ဘက်မင်ဟမ်နန်းတော်နှင့် ဗြိတိသျှပြတိုက်တို့ပဲ ဖြစ်ပါတယ်။ ရာသီဥတုကလည်း ၁၄ ဒီဂရီ ဝန်းကျင်လောက်ဆိုတော့ အအေးကြိုက်တဲ့သူတွေအတွက်တော့ နိဗ္ဗာန်ဘုံတစ်ခုပါပဲ။ ကွီးတို့သာ လန်ဒန်ကို သွားလည်ဖြစ်တယ်ဆိုရင်တော့ အနွေးထည်ထူထူထဲထဲလေး ဆောင်သွားဖို့ မမေ့ပါနဲ့။
ဂျယ်ဂျူကျွန်း
ဂျယ်ဂျူကျွန်းဆိုတာကို ကွီးတို့ ကိုရီးယားကားတွေ ကြည့်တဲ့အခါ တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ ဂျယ်ဂျူကျွန်းလေးသည် တောင်ကိုရီးယား နိုင်ငံရဲ့ အကြီးဆုံး ကျွန်းဖြစ်ပြီး တောင်ကိုရီးယားရဲ့ ဟာဝိုင်အီလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ကွီးတို့က တီဗွီ ဇာတ်လမ်းတွဲမှာ မြင်ရတဲ့ ဂျယ်ဂျူကျွန်းရဲ့ အလှကို ရင်သပ်ရှုမောစွာ ခံစားချင်တယ်ဆိုရင်တော့ ဒီနေရာလေးဆီ အရောက်သွားသင့်ပါတယ်။
ကွီးတို့ရော ကမ္ဘာပေါ်က နေရာအနှံ့ကို အစုံ သွားလည်လို့ရမယ်ဆိုရင် ဘယ် နေရာ တွေဆီ အမြန်ဆုံး သွားလည်ချင်ပါသလဲ။
Source: Mybaggage
Featured Image: Freepik