အမျိုးသားတွေအနေနဲ့ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာမှာ အားနည်းကြသလို နေပူထဲသွားလာချိန်မှာ နေလောင်ကာခရမ်င်ရယ်လို့ ဂရုတစိုက်လိမ်းတာမျိုးက ခပ်ရှားရှားရယ်ပါ။ တကယ်တော့ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေပြီး အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ကွီးတို့က အမြဲတမ်း နေပူထဲသွားလာ လှုပ်ရှားနေသူတစ်ယောက်ဆိုရင် နေဒဏ်လေဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကုစားနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။
(၁) ရေနွေးငွေ့နဲ့ မျက်နှာကို သန့်စင်ပါ

Photo : EcoParent magazine
ရေနွေးငွေ့နဲ့ မျက်နှာကို သန့်စင်ပေးခြင်းဟာ မျက်နှာအရေပြားရဲ့ အနက်ရှိုင်းဆုံး အတွင်းပိုင်းအထိ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ ရေနွေးငွေ့က ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြား သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ပြုလုပ်နည်းကတော့ သန့်စင်တဲ့ ပန်းကန်လုံးတစ်ခုအတွင်း ရေနွေးနဲ့အတူ သံပုရာ Essential Oil တစ်စက် ၊ သံပုရာအခွံ အနည်းငယ်တို့ကို ရောထည့်ပါ။ ထို့နောက် သန့်စင်တဲ့ မျက်နှာသုတ်ပုဝါကို ခြုံပြီး မျက်နှာကို ၅ – ၁၀ မိနစ်ခန့် ရေနွေးငွေ့ပေးပါ။ သံပုရာသီးက စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် အသားအရေ နေလောင်ကွက်များနဲ့ ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။
(၂) အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ
Photo : Addison Magazine
မျက်နှာကို ဆေးကြောသန့်စင်ပြီးနောက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးရမှာ ဖြစ်ပါတယ်။ ရေနွေး ငွေ့နဲ့ သန့်စင်ပြီးနောက် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးတာက အရေပြားအတွင်းပိုင်းအထိ ပိုမိုစိမ့်ဝင်မှုမြန်ဆန်စေပြီး အသားအရေကို အေးမြလန်းဆန်းစေကာ နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အစက်အပြောက်နဲ့ အသားအရေ မညီညာခြင်းတွေကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။
(၃) Antioxidant ကြွယ်ဝတဲ့ အစားအစာတွေ များများစားပါ

Photo : Men’s Health
Antioxidant ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းဟာ အိုမင်းခြင်းရဲ့ လက္ခဏာတွေကို တွန်းလှန်နိုင်ပြီး အရေပြား ကျန်းမာရေးကို ကောင်းမွန်စေသလို ပျက်စီးသွားတဲ့ အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ ဗီတာမင် နဲ့ Antioxidant ကြွယ်ဝတဲ့ လတ်ဆတ်တဲ့ သစ်သီးများ ၊ Green Tea ၊ သံလွင်ဆီ ၊ ဟင်းနုနွယ် ၊ အမဲရောင်ချောကလက် ကဲ့သို့ အစားစာတွေ များများသုံးပေးခြင်းဖြင့် နေလောင်ကွက်တွေကို သက်သာစေပြီး အသားအရေကို ပြန်လည်ကျန်းမာနုပျိုလာစေမှာ ဖြစ်ပါတယ်။
(၄) ရေဓာတ်လုံလောက်စွာဖြည့်တင်းပါ

Photo : Valencia Plaza
ရေသောက်ခြင်းဟာ ကိုယ်တွင်းအင်္ဂါတွေကို အဆိပ်အတောက် ကင်းစင်စေရုံသာမက ကျန်းမာနုပျိုတဲ့ မျက်နှာအသားအရေ ပိုင်ဆိုင်နိုင်ဖို့အတွက်လည်း အထောက်ကူပြုပါတယ်။ ရေများများသောက်တဲ့အခါမှာ မျက်နှာအသားရေကို အစိုဓာတ်ထိန်းထားပေးပြီး စိုပြေတင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ရုံမက အရေပြားရဲ့ ကျုံ့နိုင်ချဲ့နိုင်စွမ်းကို တိုးမြှင့်ပေးတာကြောင့် အသားအရေ မညီညာခြင်းနဲ့ အရေးအကြောင်းတွေကို ကင်းစင်စေမှာ ဖြစ်ပါတယ်။
(၅) Green Tea အိတ်ကပ်ပေးပါ

Photo : eMediHealth
Green Tea အိတ်တွေကို နေလောင်ထားတဲ့ အရေပြားပေါ်မှာ ကပ်ပေးခြင်းလည်း နေလောင်ကွက်များကို ပျောက်ကင်းသက်သာစေပြီး အသားအရေ နီးမြန်ခြင်းတွေကို လျော့ကျသက်သာစေမှာ ဖြစ်ပါတယ်။
Featured Photo : The Manual

