နောက်ခံ ဆူညံသံ တွေကြောင့် သီချင်း နားထောင်ရတာ အာရုံမလာ ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် ပစ္စည်းအကောင်းစားလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းတွေက နောက်ခံ ဆူညံသံ တွေကြောင့် အလုပ်လုပ်ရတာ (သို့) သီချင်း နားထောင်ရတာ အာရုံမလာ ဖြစ်နေတဲ့ ကွီးတို့အတွက် အကောင်းဆုံးပါပဲ။

(၁) Bose QuietComfort Earbuds II

(၁) Bose QuietComfort Earbuds II

ဒီနားကြပ်လေးကို ဝယ်ယူသင့်တဲ့ အကြောင်းအရင်း (၄) မျိုးရှိပါတယ်။ ပထမ အကြောင်းအရင်းကတော့ နောက်ခံဆူညံသံများကို ဖယ်ရှားပေးခြင်းပဲဖြစ်ပါတယ်။ နောက်ထပ် တစ်ချက်ကတော့ နားကြပ်ထဲက အသံကို ဟန်ချက်ညီနေအောင် ထုတ်လုပ်ပေးထားခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်းကလည်း အမိုက်စားပါပဲ။ ဘက္ထရီကတော့ ၆ နာရီကြာအောင် အသုံးခံမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၃၀၀ ကျော် ပေးဝယ်ရမှာပဲဖြစ်ပါတယ်။

(၂) Sony WF-C700N

Sony WF-C700N

ဒီနားကြပ်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၂၀ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ ဘက္ထရီကတော့ ၇ နာရီခွဲကြာ အသုံးခံမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေစိုခံလည်း ခံပါသေးတယ်။ အရောင်ကလည်း အဖြူရောင်၊ အနက်ရောင်၊ မော်ဒန်စိမ်းရောင်၊ လာဗန်ဒါအရောင် ဆိုပြီး (၄) ရောင် လာပါတယ်။

(၃) Panasonic RZ-S500W

နောက်ခံ ဆူညံသံ

Panasonic RZ-S500W ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၂၅ ဝန်းကျင် ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ ဒီဇိုင်းကတော့ အဖြူရောင်နှင့် အနက်ရောင် ဆိုပြီး ၂ ရောင်လာပါတယ်။ နောက်ခံ ဆူညံသံ များကြောင့် အာရုံမလာ ဖြစ်နေတယ်ဆိုရင် ဒီနားကြပ်လေးကို နားထဲ ထည့်ထားလိုက်ရုံပါပဲ။ ဒါ့အပြင် သူ့ရဲ့ Touch Control တွေကလည်း အမိုက်စားပါပဲ။

(၄) Earfun Air Pro

နောက်ခံ ဆူညံသံ

ဒီနားကြပ်ရဲ့ ဒီဇိုင်းကလည်း အလန်းဇယားပါပဲ။ သူ့ရဲ့ အရောင်ကလည်း အနက်ရောင်နဲ့ အဖြူရောင်ဆိုပြီး နှစ်ရောင်လာပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ယူရို ၅၃ ဝန်းကျင် ပေးရမှာပဲဖြစ်ပါတယ်။ သူ့ဘက္ထရီကတော့ အားသွင်းပြီးတာနဲ့ ၇ နာရီကြာ အသုံးခံမှာပဲ ဖြစ်ပါတယ်။ Bass အသံကလည်း အမိုက်စားဆိုတော့ Bass အသံကောင်းကောင်းနဲ့ သီချင်း နားထောင်ချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။

(၅) Apple AirPods Pro 2

နောက်ခံ ဆူညံသံ

Apple AirPods Pro 2 ကတော့ အဖြူရောင် တစ်မျိုးတည်းပဲ လာပါတယ်။ ဘက္ထရီကလည်း အားတစ်ခါ သွင်းပြီးရင် ၆ နာရီကြာ အသုံးခံပါတယ်။ ရေစိုခံပြီး ဒီဇိုင်းကလည်း Classic ဆန်ပါတယ်။ 2nd Gen ကတော့ ဒေါ်လာ ၁၂၉ တန်ဖိုးရှိပြီး 3rd Gen ကတော့ ဒေါ်လာ ၁၆၉ ရှိပါတယ်။ iPhone နဲ့ MacBook သမားတွေအတွက် အကောင်းဆုံး ကြိုးမဲ့ နားကြပ်တစ်ခုပဲ ဖြစ်ပါတယ်။

(၆) JBL Live Pro 2 TWS

နောက်ခံ ဆူညံသံ

နောက်ခံ ဆူညံသံတွေကို ဖျောက်ပေးတဲ့ အကောင်းစား နားကြပ်တွေထဲမှာ JBL ကိုလည်း မေ့ထားလို့မရပါဘူး။ JBL Live Pro 2 TWS မော်ဒယ်ကတော့ ငွေရောင်၊ နှင်းဆီရောင်၊ အပြာရောင်၊ အနက်ရောင် ဆိုပြီး (၄) ရောင် ထွက်ပါတယ်။ ဘက္ထရီကတော့ ၈ နာရီကြာ အသုံးခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ နှင့် ၂၀၀ ကြားမှာ တည်ရှိပါတယ်။

ကွီးတို့ရော နောက်ခံ ဆူညံသံတွေကြောင့် စိတ်လေနေရာင် ဘယ်နားကြပ်ကို နားထောင်ပြီး ဆူညံသံကို ဖျောက်ပစ်လေ့ရှိပါသလဲ။

Source: Whathifi

Featured Image: Freepik