တစ်နေ့တစ်နေ့ လုပ်စရာ အလုပ်ကိစ္စတွေ များလွန်းလို့ ဘယ်ကစလို့ စရမှန်းမသိ ဖြစ်နေပါသလား။ ကွီးတို့ရဲ့ နေ့စဥ်ဘဝကို ဒီ့ထက်ပိုပြီးတော့ လွယ်ကူသွားအောင် မဖန်တီးချင်ဘူးလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ နေ့စဥ် ဘဝ အတွက် အသုံးတည့်မယ့် မရှိမဖြစ် လိုအပ် တဲ့ ပစ္စည်းတွေကတော့ အခုဖော်ပြပေးမယ့် အရာတွေပဲ ဖြစ်ပါတယ်။
ဟင်းချက်တဲ့အခါ အသုံးပြုနိုင်တဲ့ သာမိုမီတာ တိုင်းစက်
တစ်ခုခု ကြော်လှော် ချက်ပြုတ်တဲ့အခါ အစားအစာတွေ မကျက်သွားတာ (သို့) အကျက်လွန်ပြီး တူးသွားတာမျိုး ကြုံဖူးပါသလား။ အဲ့ဒီလိုမျိုး မကြာခဏဆိုသလို ကြုံဖူးကြတဲ့ ကွီးတို့အတွက် ဒီပစ္စည်းလေးက ကူညီပေးပါလိမ့်မယ်။ များသောအားဖြင့် ကြက်သား၊ ဝက်သား၊ အမဲသားတို့အပြင် ဆော်လမွန်ငါးတို့ကို ချက်ပြုတ်ရာမှာ အသုံးပြုနိုင်ပါတယ်။
အိမ်မွေး တိရစ္ဆာန်အချစ်တော်များကြောင့် စိတ်ညစ်နေရသူများအတွက်
တိရစ္ဆာန် အိမ်မွေး အချစ်တော်လေးကို မွေးတဲ့အခါ အားသာချက်လည်း ရှိသလို အားနည်းချက်လည်း ရှိပါတယ်။ အားသာချက်ကတော့ ကိုယ့်ဘေးနားက အဖော်ပြပေးနိုင်တာပါ။ အထီးကျန် ဝမ်းနည်းတဲ့အချိန်တွေဆို ကွီးတို့နားဘေးနားမှာ အဖော်ပြု ပေးနိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်ကတော့ သူတို့ရဲ့ အမွှေးတွေပါပဲ။ သူတို့ရဲ့ အမွှေးတွေက ကျန်းမာရေးအတွက်လည်း မကောင်းးသလို ကွီးတို့ရဲ့ အိမ်ရဲ့ သန့်ရှင်းရေးအတွက်လည်း မကောင်းပါဘူး။ ဒီလို အမွှေးစုတ်ပေးတဲ့ စက်တစ်ခု ဝယ်ထားရင်တော့ စိတ်ညစ်စရာ မလိုတော့ပါဘူး။
အားသွင်းပေါက် ၆ ပေါက်ပါသော နံရံကပ် Charger
ဒီ Charger မှာ USB အပေါက် နှစ်ပေါက်လည်း ပါသလို အခြားသော အားသွင်းခေါင်း မျိုးစုံလည်း ပါပါတယ်။ အားမသွင်းရ မနေနိုင်တဲ့ ကွီးတို့အတွက် အသုံးတည့်မယ့် ပစ္စည်းတစ်မျိုးပါပဲ။
သွားတိုက်ဆေး ထည့်ခွက်နှင့် သွားတိုက်တံ သိမ်းမယ့် ခွက်
ကွီးတို့ ရေချိုးခန်းထဲမှာ သွားတိုက်ဆေးနဲ့ သွားတိုက်တံတို့ကို ဘယ်လို သိမ်းလေ့ရှိပါသလဲ။ ဒီပစ္စည်းလေး ရှိထားမယ်ဆိုရင်တော့ နေရာအတွက်လည်း သပ်သပ် နေရာပေးစရာ မလိုပါဘူး။ မှန် (သို့) နံရံပေါ်မှာ ကပ်ထားလိုက်ရုံပါပဲ။ သွားတိုက်ဆေးရော၊ သွားတိုက်တံများကိုပါ စနစ်တကျ သိမ်းပေးထားပြီး ကွီးတို့အတွက်လည်း သွားတိုက်ဆေးကို ကူညှစ်ပေးမှာပါ။
ကင်မရာ
ကွီးတို့ အိမ်ထဲမှာ ကင်မရာ တစ်လုံးလောက် တပ်ထားမယ်ဆိုရင်တော့ ကွီးတို့က အိမ်မှာ မရှိတဲ့အချိန်မှာ ကွီးတို့ရဲ့ အိမ်မှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ကွီးတို့ အဝေးရောက်နေချိန် တိရစ္ဆာန်လေးတွေ အိမ်မှာ အထီးမကျန်ဖို့ အတွက်လည်း စကား လှမ်းပြောပေးနိုင်တဲ့ ဖန်ရှင်မျိုး ပါရှိပါတယ်။
3-in-1 ကြိုးမဲ့ အားသွင်းပြား
ကွီးတို့ရဲ့ iPhone ၊ AirPods နဲ့ Apple Watch တွေကို တစ်ပြိုင်နက်တည်း အားသွင်းဖို့ ကူညီပေးနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၃၀ ဝန်းကျင်သာ ကုန်ကျမှာ ဖြစ်ပါတယ်။
မီနီ ဖုန်စုပ်စက်
ကွီးတို့ အလုပ်စားပွဲ၊ စာကြည့်စားပွဲက ဖုန်မှုန့်တွေ၊ ကွပ်ကီးအမှုန်များ၊ ကော်ဖီ မှောက်ကျထားတဲ့ အရာတွေကြောင့် ပေရေညစ်ပတ်နေပါသလား။ ဒါဆိုရင်တော့ ဒီမီနီ ဖုန်စုပ်စက်ကလေးက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။ သူ့ရဲ့ ဈေးနှုန်းကလည်း ၁၃ ဒေါ်လာ ဝန်းကျင်သာ ကုန်ကျမှာဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ ပစ္စည်းများကတော့ ကွီးတို့ရဲ့ နေ့စဥ် ဘဝ အတွက် မရှိမဖြစ် လိုအပ် တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ ပစ္စည်းမျိုး ဘယ်နှမျိုးလောက် ပိုင်ဆိုင်ထားပါသလဲ။
Source: Buzzfeed.com
Featured Image: Thegadgetflow