ချစ်သူစုံတွဲတွေ ၊ ဇနီးမောင်နှံတွေအတွက် ချစ်တင်းနှောခြင်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာ မေးခွန်းတွေ ရှိနေပါတယ်။ ဒီထဲကတစ်ခုကတော့ နေ့တိုင်း ချစ်တင်းနှောလို့ အဆင်ပြေ/မပြေ ဆိုတာပါပဲ။ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေဟာ ယေဘူယျအားဖြင့် စွဲလန်းမှုကို ဖြစ်စေတက်ပြီး တစ်ခါတစ်ရံမှာ လိပ်ပြာမလုံသလို ၊ အပြစ်တစ်ခု လုပ်မိနေသလို စိတ်ခံစားချက်တွေကိုလည်း ဖြစ်ပေါ်ခံစားရစေ တက်ပါတယ်။ နေ့တိုင်း လိုလို ချစ်တင်းနှော လို့ ရ/မရဆိုတာနဲ့ ပတ်သတ်ပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက်အပေါ် မူတည်ပြီး အဖြေတွေဟာလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

အချို့စုံတွဲတွေအတွက် နေ့တိုင်းချစ်တင်းနှောတာဟာ တစ်ဦးနဲ့တစ်ဦးကြား ချစ်ခင်ရင်းနှီးမှုကို တိုးစေပြီး အိမ်ထောင်ရေး သုခကို ကောင်းမွန်ပြည့်ဝစွာ ခံစားရရှိနိုင်တယ်လို့ လက်ခံထားကြပေမယ့် အချို့ကတော့ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေ ၊ လူမှုရေး ၊ စီးပွားရေး ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအပေါ် ဘေးထွက်ဆိုးကျိုး အနည်းငယ်သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။

သင်နဲ့ သင့်ပါတနာကြားက ဆက်ဆံရေးနဲ့ ရင်းနှီးကျွမ်းဝင်မှု ၊ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်တန်ဖိုးထား လေးစားမှု စတာတွေကို ကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ် နိုင်မယ်ဆိုရင် နေ့တိုင်း လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တာဟာ အရမ်းကြီးတော့ ပြဿနာမရှိဘူးလို့ ပြောရမှာပါ။ အကယ်၍ ဒီလိုအခြေအနေတွေကို ထိန်းချုပ်ကိုင်တွယ်နိုင်ပြီး လိင်မှုသုခကို နေ့စဉ်ခံစားမယ်ဆိုပါက အခုပြောပြမယ့် ကောင်းကျိုးတွေကိုပင် ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

(၁) ပါတနာနဲ့ စိတ်ချင်းဆက်နွယ်မှုအား ပိုကောင်းလာမယ်

 Relationship
Photo : Business Insider

နေ့တိုင်း ချစ်တင်းနှော ခြင်းကဲ့သို့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်တာဟာ သင်နဲ့ သင့်ပါတနာကြား စိတ်ခံစားမှုဆိုင်ရာ နှောင်ကြိုးကို ပိုမိုခိုင်မြဲစေနိုင်ပါတယ်။ ဘာလို့ဆို လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေဟာ တစ်ဦးနဲ့တစ်ဦးကြားက ရင်းနှီးကျွမ်းဝင်မှု ၊ ယုံကြည်မှု ၊ တစ်ယောက်ရဲ့အကြိုက်နဲ့မကြိုက်တဲ့ အချက်လေးတွေကို ပိုမိုသိရှိနားလည်စေပြီး နှစ်ဦးသား စိတ်ချင်း​​ဆက်သွယ်မှုကို အားကောင်းစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

(၂) နှစ်ဦးကြားက ပဋိပက္ခတွေ နည်းသွားစေတယ်

 Relationship

Photo : Everyday Health

ချစ်တင်းနှော ခြင်းက စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တင်းမာမှုတွေကို ပြေလျော့သက်သာစေပြီး ပျော်ရွှင်မှုဟော်မုန်းတွေကို ခန္ဓာကိုယ်ကနေ ပိုမို ထုတ်လွှတ်ပေးပါတယ်။ အဓိကအားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုကောင်းစေဖို့ ကူညီပေးတဲ့အတွက် သင်နဲ့ သင့်ပါတနာ နှစ်ဦးကြားက စိတ်အလိုမကျမှုတွေ ဒါမှမဟုတ် ဆက်ဆံရေးတင်းမာမှုတွေ ပြေလျော့သက်သာစေမှာပါ။ နေ့တိုင်း ချစ်တင်းနှော တဲ့အတွက် ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ ဆက်ဆံရေးနဲ့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ဖြစ်ပေါ်ခံစားရစေတဲ့အတွက် ချစ်သူနှစ်ဦးကြားက ပဋိပက္ခတွေ ၊ ခံစားချက်ပြင်းထန်မှုတွေကို လျော့ပါးစေပြီး ပျော်ရွှင်ရတဲ့ ဆက်ဆံရေးတစ်ခုကို ရရှိပိုင်ဆိုင်နိုင်စေမှာ ဖြစ့်ပါတယ်။

(၃) သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်

 Relationship
Photo : Verywell Mind

ချစ်တင်းနှော တယ်ဆိုတာဟာ တစ်နည်းအားဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုပါပဲ။ ချစ်တင်းနှောခြင်းရဲ့ အဓိကကောင်းကျိုးတွေထဲက တစ်ခုကိုပြောပါဆိုရင်တော့ သဘာဝအတိုင်း နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတာပါ။ သွေးပေါင်ချိန်ကို မှန်စေသလို ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံးကျန်းမာရေးကို ပိုကောင်းဖို့အတွက် အထောက်အပံ့ ဖြစ်စေတာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းကျိုးသက်ရောက်မှု ရှိတာကြောင့် နေ့တိုင်း ချစ်တင်းနှောတာဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအရလည်း ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ခံစားရရှိနိုင်စေမှာပဲ ဖြစ်ပါတယ်။

(၄) ချစ်ခြင်းမေတ္တာတွေ ပိုမိုတိုးပွားစေတယ်

 Relationship

Photo : Verywell Mind

လူနှစ်ယောက် ပေါင်းဖက်လက်တွဲကြတဲ့အခါ ချစ်ခြင်းမေတ္တာဟာ အရေးကြီးဆုံးလို့ ပြောကြပါတယ်။ မှန်ပါတယ်။ လိင်မှုကိစ္စနဲ့ ချစ်ခြင်းမေတ္တာဆိုတာ သပ်သပ်စီလို့ထင်ရပေမယ့် သွယ်ဝိုက်သောနည်းဖြင့် ဆက်စပ်နေတယ်လို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ လိင်ကိစ္စဟာ စုံတွဲတွေ ၊ ဇနီးမောင်နှံတွေအတွက် မရှိမဖြစ်တဲ့ လိုအပ်ချက်တစ်ခု မဟုတ်ပေမယ့် အတိုင်းအတာတစ်ခုအထိတော့လည်း အရေးပါနေပြန်ပါတယ်။ ဒါဟာအမှန်တရားပါ။ ဆိုတော့ နေ့တိုင်း ချစ်တင်းနှော တာဟာ လူနှစ်ယောက်ကြားက ပွင့်လင်းတဲ့ ဆက်သွယ်မှု ၊ အပြန်အလှန် နားလည်မှု ၊ ယုံကြည်မှု ၊ နှစ်ခြိုက်မှုတွေကို ပိုမိုသိရှိနားလည်စေဖို့အတွက် အထောက်အပံ့ ဖြစ်စေပြီး ရေရှည် ဆက်ဆံရေးတစ်ခုမှာ အရေးကြီးဆုံး အခြေခံအုတ်မြစ်ဖြစ်တဲ့ ရင်းနှီးချစ်ခင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နှောင်ကြိုးတွေကို ခိုင်မြဲစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

Source : My Fit Brain 

Featured Photo : Psychology Magazine