မန်စီးတီးအသင်းရဲ့ ဂန္တဝင် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားလ် ကတော့ လာမယ့် နွေရာသီမှာ အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေပြီး မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ အလားအလာရှိနေပါတယ်။
Photo : Goal.com
လက်ရှိမှာတော့ အသက် ၃၃ နှစ်အရွယ် ဘယ်လ်ဂျီယံ ကစားသမားကို ခေါ်ယူဖို့ မေဂျာလိဂ်ကလပ် အသင်းဖြစ်တဲ့ ဆန်ဒီယာဂို FC က အပြင်းအထန် ချိတ်ဆက်မှုတွေ ရှိနေပြီး ကစားသမားနဲ့ ကလပ်အသင်းကြားမှာ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီဘရိုင်းနားလ် ဟာ မန်စီးတီးအသင်းကို ၂၀၁၅ ခုနှစ်ကတည်းက ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး နည်းပြ ပတ်ဂွာဒီယိုလာရဲ့ အဓိက အားထားရတဲ့ ကြယ်ပွင့် ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလား ၊ ကာရာဘောင်းဖလားတွေ အပါအဝင် ချန်ပီယံလိဂ်ဆုဖလားများစွာကို ရယူပေးနိုင်ခဲ့ပြီး ဘောလုံးသမိုင်းမှာ အကြီးအကျယ်ဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားသူ ဖြစ်ပါတယ်။
Photo : Football London
ဒါပေမယ့်လည်း လာမယ့်နွေရာသီမှာတော့ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိ စီးတီးမှာ ဒီဘရိုင်းနားလ်ရဲ့ အခန်းကဏ္ဍက အတော်လေး မှေးမှိန်လာခဲ့သလို ဒဏ်ရာပြဿနာတွေလည်း ရှိနေတာကြောင့် စီးတီးဘက်က စာချုပ်သက်တမ်းတိုးဖို့ကို တွန့်ဆုတ်နေခဲ့တာ ဖြစ်ပါတယ်။
ဒီဘရိုင်းနားလ်ကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားမှုရှိနေပြီး ကွင်းလယ်ကစားသမားကတော့ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ မေဂျာလိဂ်ကို ပြောင်းရွေ့ဖို့ ပိုပြီး စိတ်အားထက်သန် နေပါတယ်။
Source : MSN
Featured Photo : ClutchPoints