၂၀၂၃ ခုနှစ် တစ် နှစ် တာအတွင်းမှာ ထွက်ရှိခဲ့ပြီး ပေါ်ပြူလာ ဖြစ်တဲ့ လျှပ်စစ်ပစ္စည်းတွေကတော့ လက်ချိုးရေလို့တောင် မရပါဘူး။ များပြားလှတဲ့ နောက်ဆုံးပေါ် ပစ္စည်းများထဲကမှ တစ် နှစ် တာအတွင်း ပေါ်ပြူလာ အဖြစ်ဆုံးနဲ့ ဝယ်ယူမှု အမြင့်ဆုံး ပစ္စည်းတွေကတော့ အခုဖော်ပြပေးမယ့် ပစ္စည်းများပဲ ဖြစ်ပါတယ်။

SteelSeries Apex Pro Mini Wireless

SteelSeries Apex Pro Mini Wireless

ဒီပစ္စည်းလေးကတော့ စာရိုက်ရတဲ့သူတွေအတွက် အမြင်လည်း လှစေပြီး စာရိုက်တဲ့အခါမှာလည်း သက်သောင့်သက်သာဖြစ်စေမယ့် Mini Wireless ကီးဘုတ်လေးပဲ ဖြစ်ပါတယ်။ PC သမားတွေအတွက်ရော Mac သမားတွေအတွက်ပါ အသုံးပြုလို့ရတဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၄၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

Apple AirPods Pro (2nd Gen)

Apple AirPods Pro (2nd Gen)

နောက်ထပ် လူကြိုက်များတဲ့ ပစ္စည်းလေးကတော့ Apple AirPods Pro (2nd Gen) ပဲဖြစ်ပါတယ်။ သုံးစွဲသူအများအပြား ကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းကတော့ Noise Canceling ကြောင့်ပဲဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၃၀၀ ဝန်းကျင် ပေးချေရမှာပဲဖြစ်ပါတယ်။

Sony WH-1000XM5

Sony WH-1000XM5

နောက်ခံ အသံတွေကို လုံးဝ ပယ်ဖျက်ပေးမယ့် ကြိုးမဲ့ နားကြပ်ကောင်းကောင်းတစ်ခု လိုချင်ပါသလား။ ဒါဆိုရင်တော့ Sony WH-1000XM5 ကို ရွေးချယ်နိုင်ပါတယ်။ သူ့မှာ ရွေးချယ်စရာ အနက်ရောင်၊ ငွေရောင်၊ Midnight Blue ဆိုပြီး အရောင် သုံးမျိုး ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၃၂၈ ဒေါ်လာပေးချေရမှာပဲ ဖြစ်ပါတယ်။

iRobot Roomba j7+

နှစ် ပေါ်ပြူလာ

အိမ်သန့်ရှင်းရေး လုပ်ရတာ ပျင်းတဲ့ ကွီးတို့ရှိလား၊ ဒါမှမဟုတ် အိမ်သန့်ရှင်းရေး လုပ်ဖို့တောင် မအားဘဲ အလုပ်များနေပါသလား။ ဒါဆိုရင်တော့ iRobot Roomba j7+ ကို ရွေးချယ်သင့်ပါတယ်။ ဝယ်ချင်တယ်ဆိုရင်တော့ ဒေါ်လာ ၄၇၀ ဝန်းကျင် ပေးချေရမှာပဲဖြစ်ပါတယ်။

Hisense U8K

နှစ် ပေါ်ပြူလာ

ကိုယ့်အိမ် ဧည့်ခန်းမှာ ၆၅ လက်မ စမတ်တီဗွီကြီး တစ်လုံး တပ်ထားချင်ပြီးတော့ ထိုစမတ်တီဗွီ ရုပ်ထွက်ကလည်း 4K TV လို ဖြစ်နေတာမျိုး လိုချင်ပါသလား။ ဒါဆိုရင်တော့ Hisense U8K မော်ဒယ် အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၉၉ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။

Garmin Vivosmart 4

နှစ် ပေါ်ပြူလာ

ဈေးနှုန်း သင့်တင့်ပြီး ကွာလတီလည်း ကောင်းတဲ့ စမတ်နာရီတစ်လုံး ဝယ်ယူဖို့ ပြင်ဆင်နေတယ်ဆိုရင်တော့ Garmin Vivosmart 4 လက်ပတ်နာရီလေးကို ရွေးချယ်သင့်ပါတယ်။ ရွေးချယ်စရာ အရောင် ၂ ရောင်ရှိပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၈၀ မှ ၁၀၀ ဝန်းကျင်အထိရှိပါတယ်။

JBL Flip 6

နှစ် ပေါ်ပြူလာ

သယ်ဆောင်ရ လွယ်ကူပြီး အသံထွက် ကွာလတီလည်း မိုက်တဲ့ ဘလူးတုသ် စပီကာတစ်လုံး ဝယ်ချင်ပါသလား။ ဒါဆိုရင်တော့ JBL Flip 6 ကို ရွေးချယ် သင့်ပါတယ်။ ဈေးနှုန်းက ၁၃၀ ဒေါ်လာ ဝန်းကျင်ရှိပြီး ရွေးချယ်စရာအရောင်ကလည်း အရောင် (၆) ရောင်တောင် ရှိတာဆိုတော့ ကွီးတို့ အကြိုက်တွေ့ကြမှာပါ။

Apple MacBook Air M2

နှစ် ပေါ်ပြူလာ

ဒီနှစ်ထဲမှာ ပေါ်ပြူလာဖြစ်တဲ့ နောက်ထပ် ပစ္စည်းတစ်မျိုးကတော့ Apple MacBook Air M2 ပဲဖြစ်ပါတယ်။ ကွာလတီ ကောင်းကောင်း ဝယ်ယူ အသုံးပြုချင်သူများအကြား ခေတ်စားတဲ့ လက်ပ်တော့ တစ်လုံးဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀၀ ဝန်းကျင် ပေးဝယ်ရမှာပဲဖြစ်ပါတယ်။

ကွီးတို့လက်ထဲမှာရော ဘယ်ပစ္စည်းတွေ ပိုင်ဆိုင်ထားပါသလဲ။

Source: Reviewed.usatoday

Featured Image: Pinterest