နှစ်သစ် မှာ နေရာ သစ်တွေဆီ ခြေရာ ဖြန့်ကျက်ကာ ခရီးထွက်ချင်တဲ့ ကွီးတို့အတွက် ပိုက်ဆံကုန်ရကျိုးလည်း နပ်ပြီး ကမ္ဘာပေါ်က အလှအပတွေကို ငေးမော ကြည့်ရှုခံစားချင်တယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာတွေက ကွက်တိပါပဲ။ နှစ်သစ်မှာ ကွီးတို့ ချစ်ရတဲ့ သူတွေနဲ့အတူတူ ခရီးထွက်ရင်း စိတ်အပန်းဖြေကာ စိတ်ဖိစီးစရာများကို ဖြေဖျောက်လိုက်ပါ။
(၁) ဗီယက်နမ်
အာရှနိုင်ငံများထဲမှာ သွားရောက်လည်ပတ်ချင်တဲ့ ကွီးတို့အတွက် နေရာကောင်းတစ်နေရာ ရှိပါတယ်။ ထိုနေရာကတော့ ဗီယက်နမ်နိုင်ငံပဲဖြစ်ပါတယ်။ ထိုနိုင်ငံလေးကတော့ အာရှ နိုင်ငံများထဲတွင် ခြေဆန့် လို့ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လည်ပတ်လို့ရတဲ့ နေရာတွေ အများအပြားရှိတဲ့အနက် ဟနွိုင်း၊ ဟိုချီမင်း၊ ဟလောင်း ကမ်းခြေ အစရှိသဖြင့် အများအပြားပါပဲ။ အထူးသဖြင့် ဟလောင်း ကမ်းခြေသည် ပြာလဲ့လဲ့ ပင်လယ်ရေကြောင့် နာမည်ကြီးပြီး ကျောက်ဆောင်၊ ကျောက်တန်းများရဲ့ အလှကလည်း ရင်သပ်ရှုမောစရာပါပဲ။
(၂) Maldives
ကမ်းခြေ Life ကို နှစ်သက်သူများအကြား ရေပန်းစားတဲ့ နေရာတစ်ခု ရှိပါတယ်။ ထိုနေရာလေးကတော့ Maldives ပဲဖြစ်ပါတယ်။ ထိုနိုင်ငံတစ်ခုတည်းမှာတင် ကမ်းခြေမြို့များ အများအပြားရှိတဲ့ အတွက်ကြောင့် ကွီးတို့ နှစ်သက်တဲ့ ကမ်းခြေမြို့တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ ရေအောက် အားကစားမျိုးစုံကို ပြုလုပ်နိုင်ပြီး ပင်လယ်လိပ်များ၊ လင်းပိုင်များ၊ ငါးမန်းသေးသေးလေးများကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒီ နေရာ ကို တစ်ခါမှ မရောက်ဖူးသေးဘူးဆိုရင်တော့ ကွီးတို့ နောက်ကောက်ကျ မှာ အမှန်ပါပဲ။
(၃) ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံမှာ လည်ပတ်လို့ ရတဲ့ လှပတဲ့ နေရာတွေ အများအပြားပဲ ရှိပါတယ်။ ထိုနေရာထဲမှာ ဖူဂျီတောင်ကတော့ တစ်ခုအပါအဝင်ပါပဲ။ ထိုဖူဂျီတောင်က ကမ္ဘာ့အလှဆုံး တောင်တန်း များထဲတွင် ပါဝင်ပြီး ကွီးတို့ ရည်းစား နဲ့ ခရီးအတူတူ ထွက်ဖြစ်တဲ့အခါ ရိုမန့်တစ်ဆန်တဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။ ဆောင်းတွင်းမှာ နှင်းများဖြင့် ဖုံးလွှမ်းနေတတ်ပြီး ထိုအလှအပကို မြို့ရဲ့ အဝေးတစ်နေရာကနေ အတိုင်းသား လှမ်းမြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။
(၄) ဂရိနိုင်ငံ
နှစ်သစ် မှာ နေရာ သစ်ဆီ သွားလည်ချင်တဲ့ ကွီးတို့အနေနဲ့ ဂရိနိုင်ငံကိုလည်း လည်ပတ်သင့်တဲ့ စာရင်းထဲ ထည့်ထားသင့်ပါတယ်။ ဂရိနိုင်ငံရှိ အိုလံပစ်တောင်ကို တစ်သက်မှာ တစ်ခါ တစ်ခေါက်လောက်တော့ သွားသင့်ပါတယ်။ ထိုအိုလံပစ်တောင်သည် တောင်တန်းပေါင်း ၅၂ ခုဖြင့် ဖွဲ့စည်းထားတာဖြစ်တာကြောင့် ကွီးတို့ ကြိုက်နှစ်သက်တဲ့ နေရာဒေသဆီ ခြေဆန့်နိုင်ပါတယ်။ ထိုနေရာက လှပလွန်းလို့ သူ့ရဲ့ အလှအပကို ဂရိဒဏ္ဍာရီများထဲတွင်တောင် ဖော်ကျူးထားတာ ဖြစ်ပါတယ်။ အိုလံပစ်တောင်ရဲ့ ထိပ်ပိုင်းမှာဆိုရင် ရွေ့လျားနေတဲ့ တိမ်များကို တိမ်ပင်လယ်များအသွင် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ လှပတဲ့ တိမ်ပင်လယ်ကို မျက်ဝါးထင်ထင် မြင်တွေ့ချင်တဲ့ ကွီးတို့အတွက်တော့ ဒီနေရာက စောင့်ကြိုနေပါလိမ့်မယ်။
အခုဖော်ပြသွားတဲ့ နေရာတွေထဲက ဘယ်နေရာသစ်တွေဆီ သွားရောက်လည်ပတ် ချင်ပါသလဲ။
Source: Celebritycruises
Featured Image: Muchbetteradventures