ကွီးတို့က အခုမှ ဘဝမှာ ပထမ ဦးဆုံးအကြိမ်အဖြစ် ကိုယ့် စကီလေးနဲ့ မူစကူ ဒူးဖို့ ပြင်နေတာပါလား။ ဒါဆိုရင်တော့ ကွီးတို့ ပြင်ဆင်ထားသင့်တဲ့အချက်တွေ အများကြီး ရှိပါတယ်။ အခုဖော်ပြပေးမယ့် အချက်များကို သေချာ သိထားပြီး လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ ကွီးတို့ နှစ်ယောက်စလုံးလည်း ဘေးအန္တရာယ် ကင်းကင်းနဲ့ စိတ်ချ လက်ချ ချစ်တင်းနှော နိုင်ပြီပဲဖြစ်ပါတယ်။

(၁) ကိုယ့်ပါတနာရဲ့ သဘောတူညီမှုကို ရယူပါ

ပါတနာ

ဒီအချက်က အရေးအကြီးဆုံးပါပဲ။ ဘယ်လောက်ပဲ ချစ်ချစ်၊ ဘယ်လောက်ပဲ လင်မယား ဖြစ်နေတယ်ပဲဆိုဆို၊ တစ်ဖက်က သဘော မတူဘူးဆိုရင်တော့ မုဒိန်းမှု မြှောက်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်ပါတနာရဲ့ သဘောတူညီချက်ကို အရင်ဦးဆုံး ရရှိအောင် ကြိုးစားသင့်ပါတယ်။ ကွီးတို့အနေနဲ့ သူ့ရဲ့ သဘောထားကို မေးမြန်းကြည့်ပြီး သဘောတူညီချက် ရမှသာလျှင် ကိုယ့်ရဲ့ စကီလေးနဲ့ ပထမ ဦးဆုံး အကြိမ်အဖြစ် မူစကူ ဒူး နိုင်ပြီပဲဖြစ်ပါတယ်။

(၂) ဖြည်းဖြည်းလေးသာ အစပြုပါ

ဖြည်းဖြည်းလေး

ကွီးတို့က ချစ်တင်းနှော အတွေ့အကြုံ မရှိသေးတဲ့အတွက်ကြောင့် ဘယ်လိုလုပ်ရမလဲဆိုတာကို သိမှာမဟုတ်သေးပါဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အရမ်း မြန်မြန်ကြီး သွားစရာမလိုပါဘူး။ ဖြည်းဖြည်း နှေးနှေးလေးသာ အစပြုလိုက်ပါ။ ပုရိသတိုင်းရဲ့ ပထမဦးဆုံး အကြိမ်ဆိုတာ ဘာမသိ ညာမသိနဲ့ ပြီးသွားတာပါပဲ။ ဒါ့ကြောင့် အများကြီး စိတ်ပူနေစရာ မလိုပါဘူး။

(၃) ပွတ်သီးပွတ်သပ် ပြုလုပ်ဖို့လည်း မမေ့ပါနဲ့

ပထမ မူစကူ

ချစ်တင်းနှော တဲ့နေရာမှာ အရေးအကြီးဆုံးအချက်ကတော့ Foreplay လို့ ခေါ်တဲ့ ပွတ်သီး ပွတ်သပ် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပါတနာကို စိတ်ပါလာအောင် ညှို့ယူဆွဲဆောင်တာမျိုးပါ။ ဒီအဆင့်ကို ကျော်ပြီး မူစကူ ဒူးလိုက်လို့ကတော့ နှစ်ယောက်စလုံးအတွက် သာယာ ကြည်နူးမှုကို ခံစားရမှာ မဟုတ်ဘဲ အိပ်မက်ဆိုးနဲ့သာ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။

(၄) ကျန်းမာရေး အသိ ရှိပါစေ

ပထမ မူစကူ

ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် မူစကူ ဒူးတော့မယ်ဆိုရင် အန္တရာယ် ကင်းကင်းနဲ့ မူစကူ ဒူးဖို့ လိုအပ်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မဖြစ်ပွားဖို့အတွက် ဦးထုပ် ဆောင်းပါ။ ကြိုတင် မပြင်ဆင်ထားဘဲနဲ့ ကိုယ်ဝန် ရတာမျိုး မဖြစ်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှသာ မပြင်ဆင်ထားဘဲ​ ကိုယ်ဝန်ရတာမျိုးကနေ တားဆီးနိုင်မှာဖြစ်ပြီး လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကွီးတို့ရော ပထမဦးဆုံးအကြိမ် ချစ်တင်းနှော ဖို့အတွက် ဘာတွေ ဘယ်လို ပြင်ဆင်ထားပါသလဲ။

Source: Flo.health

Featured Image: Freepik