အိမ်ထောင်ရေးနဲ့ အချစ်ရေးသာယာဖို့ဆို ကြည်ကြည်နူးနူး နှစ်ကိုယ်တူ ချီတက်မှုတစ်ခု ပြီးမြောက်သွားချိန်မှာတောင် အယုအယလေးတွေက ရှိဖို့ လိုကိုလိုပါတယ်။ အိပ်ရာ ထဲမှာ ချစ်ပွဲဝင်ပြီးတာနဲ့ စောင်ဆွဲပြီး အိပ်တဲ့ ရည်းစားကို ဘယ်မိန်းကလေးကမှ ကြည်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ချစ်ခြင်းခိုင်မြဲဖို့ ချစ်ပွဲဝင်ပြီးရင် မမေ့မလျော့ ပြောသင့်တဲ့ စကားလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) “ကောင်းလိုက်တာ။ မင်းရောအဆင်ပြေရဲ့လား”

Romantics

Photo : Pexels

ရိုးရိုးလေးနဲ့ ထိတဲ့ After Sex စကားတစ်ခွန်းက ကိစ္စပြီးချိန်မှာ သူမကို အနမ်းတွေပေးပြီး မျက်လုံးထဲ စိုက်ကြည့်ရင်းနဲ့ အပေါ်က စကားကို မေးဖို့ပါပဲ။ ရိုးသားမှုအပြည့်ရှိကြောင်းကို သင့် Body Language ကပါ သက်သေထူနေပါစေ။

(၂) “ကျေးဇူးတင်ပါတယ်။ မင်းက ကိုယ့်အတွက် တကယ့်ကို ထူးခြားတဲ့သူပါ”

Couple Bed

Photo : Pexels

လိင်မှုကိစ္စပြီးရင် ကိုယ်နဲ့အတူ ခရီးနှင်ခဲ့တဲ့ ချစ်သူကို ကျေးဇူးတင်ကြောင်းလေးတော့ ပြောခဲ့ပါဦး။ တကယ်လည်း ကျေးဇူးတင်စရာ အနိမ့်အမြင့်လေးတွေနဲ့ ရင်ခုန်ခဲ့ရကြောင်းပါ ပြောနိုင်ပါတယ်။

(၃) “ချစ်တယ်နော်”

Couple On The Grass

Photo: Pexels

တကယ်ချစ်လို့ပဲ အိပ်ရာ ထဲ ရောက်ခဲ့တာ ဖြစ်ပါစေ။ လိင်ကိစ္စသက်သက်အတွက် အိပ်ရာထဲ ရောက်ခဲ့တာဆိုရင်တော့ ဒီစကားကို ပြောစရာမလိုပါဘူး။ ချန်ထားခဲ့လို့ ရပါတယ်။

Featured Photo : Pexels