ပါးစပ်နဲ့ ချစ်တင်းနှောခြင်းက လုံခြုံစိတ်ချရတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုလို့ ထင်ပါသလား ? Oral Sex ကနေ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေ နည်းပေမယ့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကိုတော့ သတိထားဖို့ လိုပါမယ်။ အထူးသဖြင့် အကာအကွယ်မပါဘဲ ပါးစပ်ဆိုင်း တီးမယ်ဆိုရင် လိင်မှုကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကို သယ်ဆောင်လာပေးမှာ ဖြစ်ပါတယ်။

oral sex

Photo : RSVP

စာရေးသူတို့ရဲ့ လိင်အင်္ဂါတွေဟာ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးမွှားတွေ သယ်ဆောင်ပြန့်ပွား စေနိုင်တဲ့အတွက် ပါးစပ် ၊ နှုတ်ခမ်း ၊ လျှာတို့လို  အင်္ဂါအစိတ်အပိုင်းတွေနဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင် ရောဂါပိုး ဝင်ရောက်နိုင်ခြေ များပါတယ်။ အကာအကွယ်မဲ့ ပါးစပ်နဲ့ ချစ်တင်းနှောခြင်းကနေ ကူးစက်ခံရနိုင်တဲ့ ရောဂါအန္တရာယ်တွေကတော့……….

  • ပါးစပ်ရေယုန် / လိင်အင်္ဂါရေယုန်
  • အသည်းရောင် အသားဝါ ရောဂါ အေပိုး ၊ ဘီပိုး ၊ စီပိုး
  • ဆီးပူညောင်းကျ(ဂနို)ရောဂါ
  • အပြင်းစား အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပွားစေနိုင်တဲ့ Shigellosis ရောဂါ
  • ကလက်မိုင်ဒီးယား
  • ဆစ်ဖလစ်ရောဂါ
  • HIV ရောဂါပိုး

အပါအဝင် လိင်မှတဆင့် ကူးစက်ပြန့်ပွားတက်တဲ့ ရောဂါတော်တော်များများ ကူးစက်ခံရနိုင်ပါတယ်။

ရောဂါကူးစက်မှုဟာ ကွီးတို့ရဲ့ ပါးစပ် ၊ နှုတ်ခမ်းနဲ့ လိင်အင်္ဂါ တဝိုက်မှာ ပွန်းပဲ့ဒဏ်ရာ ၊ ဒဏ်ရာအနာတရ တစ်စုံတစ်ရာ ရှိနေပါက ရောဂါပိုးရှိသူ ဆက်ဆံဖော်ပါတနာရဲ့ လိင်အင်္ဂါကနေ ထွက်ရှိတဲ့ အရည်တွေကနေတဆင့် ထိတွေ့မိပြီး ရောဂါပိုး ကူးစက်ပြန့်ပွားနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်တီးရီးယား ပိုးမွှားတွေဟာ ပါးစပ်နဲ့ လိင်ဆက်ဆံစဉ် ဆီးလမ်းကြောင်းအတွင်းကို ဝင်ရောက်နိုင်တဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) ကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကနေ ရောဂါပိုးကူးစက်ခံရမှု အန္တရာယ်ကို မည်သို့လျှော့ချရမလဲ ?

oral sex x
Photo : UNILAD

ပါးစပ်ဆိုင်း တီးခြင်းကနေ ကြုံတွေ့ရနိုင်တဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေး အန္တရာယ်တွေကို တားဆီးကာကွယ်ဖို့ ဆိုရင်တော့ အကာအကွယ်မဲ့ ပါးစပ်နဲ့ ချစ်တင်းနှောခြင်းကို တက်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်ပြီး ပါးစပ်နဲ့ ချစ်တင်းနှော ချိန်တိုင်းမှာ ကွန်ဒုံး သို့မဟုတ် ပါးစပ်အကာ ကဲ့သို့ သင့်လျော်တဲ့ အကာအကွယ် ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါတင်မကသေးပါဘူး ပါးစပ်နဲ့ ချစ်တင်းမနှောခင် သို့မဟုတ် ချစ်တင်းနှောပြီး ချိန်တွေမှာ လိင်အင်္ဂါတွေကို ဆပ်ပြာအပျော့စား ၊ ကြက်သီးနွေး ရေတို့ဖြင့် သေချာလေး ဆေးကြောသန့်စင်ပြီး ကိုယ်ရေသန့်ရှင်းမှုကို ကောင်းမွန် ထိန်းသိမ်းသင့်ပါတယ်။ ဒီလို ပါးစပ်ဖြင့် ချစ်တင်းနှောတဲ့အခါ ဘေးကင်းလုံခြုံမှုတိုးစေမယ့် အလေ့အကျင့်တွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကို သိသိသာသာ လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : TheHealthSite